အိန္ဒိယအနေနဲ့ မြန်မာမှာ မြေရှားနဲ့ ဓာတ်သတ္တုတူးဖေါ်ရေး ဖိုရမ် မန္တလေးမှာပြုလုပ်နေ

မန္တလေး၊ ဇူလိုင် ၂၂-၂၀၂၆
VOM
အိန္ဒိယကောင်စစ်ဝန်ချုပ်ရုံး နဲ့ မန္တလေးစက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းပြီး India-Myanmar Forum on Mining and Minerals Cooperation အခမ်းအနားကို ချမ်းအေးသာစံမြို့နယ်က မန္တလေးစက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံးမှာ ဇူလိုင် ၂၂ နဲ့ ၂၃ ၂ရက်တာ ကျင်းပနေပါတယ်။
ဒီနေ့ ညနေပိုင်းကကျင်းပတဲ့ ဖိုရမ်မှာ မြန်မာနိုင်ငံဘက်က မန္တလေးတိုင်း သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဒေါ်သိင်္ဂီအောင်၊ မန္တလေးစက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးတင်လတ်နဲ့ ကုန်သည်ကြီးများ တက်ရောက်သလို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E.Shri Abhay Thakur ၊ မန္တလေး အခြေစိုက် အိန္ဒိယနိုင်ငံ ဆိုင်ကောင်စစ်ဝန်ချုပ် H.E> Mr Sundeep Kaushal နဲ့ အတူ အိန္ဒိယနိုင်ငံက လုပ်ငန်းရှင်တွေတက်ရောက်တာတွေ့ရပါတယ်။
ဒီဖိုရမ်မှာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဒေါ်သိင်္ဂီအောင်က ” ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၇(က) နိုင်ငံတော်သည် နိုင်ငံတော်ရှိ မြေအားလုံး၊ မြေပေါ်မြေအောက်၊ ရေပေါ် ရေအောက်နဲ့ လေထုအတွင်းက သယံဇာ တပစ္စည်းအားလုံးရဲ့ ပင်ရင်းပိုင်ရှင်ဖြစ်ပြီး၊ ပုဒ်မ ၃၇(ခ)မှာ နိုင်ငံပိုင်သယံဇာတပစ္စည်းများအား စီးပွားရေးအင်အားစုများက ထုတ်ယူသုံးစွဲဲခြင်းကို ကွပ်ကဲကြီးကြပ်နိုင်ဖို့ လိုအပ်တဲ့ ဥပဒေတွေကို ပြဌာန်းထားကြောင်း” ရှင်းလင်းပြောကြားခဲ့ပါတယ်။
မြန်မာ့သတ္တုတွင်း ဥပဒေမှာ နိုင်ငံခြားရင်းနှီမြှုပ်နှံမှုပါရှိသော သတ္တု၊ စက်မှုတွင်းထွက် ကုန်ကြမ်းပစ္စည်း၊ သို့မဟုတ် ကျောက်ရှာဖွေခြင်း၊ စမ်းသပ်တိုင်းတာခြင်း၊ ဖြစ်မြောက်နိုင်စွမ်းလေ့လာခြင်း လုပ်ငန်းတွေ လုပ်ကိုင်လိုတဲ့ အဖွဲ့အစည်းတွေဟာ ခွင့်ပြုမိန့် ရရှိရန်အတွက် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနကို သတ်မှတ်ချက်တွေနဲ့အညီ လျှောက်ထားရမှာဖြစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သဘေယတူညီချက်နဲ့ ခွင့်ပြုမိန့် လျှောက်ထားပေးနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ ဓာတ်သတ္ထုသယံဇာတအမျိုးအစားများစွာ ထွက်ရှိတဲ့ နိုင်ငံတနိုင်ငံဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ရှိတဲ့ မြို့နယ် ၁၂ မြို့နယ်မှာ ပြည်ထောင်စုဝန်ကြီးဌာနနဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ဓာတ်သတ္ထုတူးဖော်ထုတ်လုပ်ရန် ခွင့်ပြုမိန့်ထုတ်ပေးထားတဲ့ ဓာတ်သတ္ထု အမျိုးအစား ၂၀ ရှိကာ ထပ်မံပြီး သတ္ထုအမျိုးအစား ၄ မျိုးကို စမ်းသပ်တိုင်းတာဖို့ လျှောက် ထားတာတွေရှိတယ်လို့ သိရပါတယ်။
တက်ရောက်လာတဲ့ အိန္ဒိယကိုယ်စားလှယ်တွေကတော့ အိန္ဒိယ မြေရှားသတ္တုဦးဆောင်ကုမ္ပဏီတခုဖြစ်တဲ့ IREL (India) Ltd နဲ့ အိန္ဒိယအစိုးရပိုင် စွမ်းအင်လုပ်ငန်း NTPC ရဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းခွဲ NTPC Mining Ltd အပါအဝင် Rare Earth နှင့် Mineral Sands စတဲ့ လုပ်ငန်းရှင်တွေပါဝင်တာတွေ့ရပါတယ်။
ဒီလိုဖိုရမ်တွေပေါ်ပေါက်လာတာဟာ နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဉ်အပြီးမှာ စတင်လာတဲ့ ဖိုရမ်လို့ဆိုရမှာဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW