MT(VOM) ကမ္ဘာပေါ်မှာ အကြီးမားဆုံး ဒီမိုကရေစီနိုင်ငံလို့ ကြွေးကြော်လေ့ရှိတဲ့ အိန္ဒိယပြည်ရဲ့ နိုင်ငံရေးဟာ ဘယ်တော့မှ ငြိမ်သက်မနေခဲ့ပါဘူး။ ဒါပေမဲ့ ဒီတစ်ခါ ဒေလီမြို့တော်ရဲ့ လမ်းမတွေပေါ်မှာ ဖြစ်ပျက်နေတာကတော့ သာမန်နိုင်ငံရေး ပွတ်တိုက်မှုတစ်ခုထက် ပိုပါတယ်။ ဟိန္ဒူအမျိုးသားရေးဝါဒ အလံတော်ကို လွှင့်ထူထားတဲ့ ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီ (Narendra Modi) ရဲ့ တတိယသက်တမ်း အစိုးရအဖွဲ့ဟာ မထင်မှတ်ထားတဲ့ “လူငယ်နှင့် ကျောင်းသားလှုပ်ရှားမှု” တစ်ခုကြောင့် တုန်လှုပ်နေရပါပြီ။ ဒါကတော့ အခုတစ်လော နိုင်ငံတကာသတင်းတွေမှာ ရေပန်းစားနေတဲ့ Cockroach Janta Party (CJP) ဒါမှမဟုတ် “ပိုးဟပ်ပါတီ” လှုပ်ရှားမှုပါပဲ။ “ပိုးဟပ်ပါတီ” ဆိုတာ ဘာလဲ၊ ဘယ်လိုစတင်ခဲ့ပြီး ဘယ်သူတွေ ခေါင်းဆောင်လဲ ဆိုတာ ကြည့်ရအောင်။ဒီအမည်ဆန်းဆန်းနဲ့ လှုပ်ရှားမှုကို တရားဝင် နိုင်ငံရေးပါတီတစ်ခုလို့ မထင်လိုက်ပါနဲ့။ ဒါဟာ လူမှုကွန်ရက်ပေါ်က သရော်စာ…
Read MoreDay: July 23, 2026
ကလေး – တမူးလမ်းမှာ တိုက်ပွဲပြင်းထန်နေလို့ အာရှလမ်းပိုင်းက ကျေးရွာဒေသခံတွေ ရွှေ့ပြောင်းဖို့ စာထုတ်၊ မပြောင်းပါက အရေးယူမယ်လို့ NUG လက်အောက်ခံ တမူးအုပ်ချုပ်ရေးသတိပေး
ဇူလိုင် ၂၃ ၊ ၂၀၂၆ GG (VOM) မြန်မာ – အိန္ဒိယနယ်စပ်ဖြစ်တဲ့ စစ်ကိုင်းတိုင်းထဲက ကလေး – တမူးအာရှလမ်းမကြီးမှာ တိုက်ပွဲတွေ ပြင်းထန်လာနေတာကြောင့် လမ်းပိုင်းတလျှောက်မှာရှိတဲ့ ကျေးရွာတွေမှာနေထိုင်သူအားလုံး လက်ရှိနေရာကနေ ရွှေ့ပြောင်းကြဖို့ NUG လက်အောက်ခံ တမူးမြို့အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့က စာထုတ် အသိပေးပြောဆိုထားတယ်လို့ သိရပါတယ်။ ကလေး – တမူးလမ်းပိုင်းက ကျေးရွာနေထိုင်သူတွေအနေနဲ့ တခြားဘေးကင်းရာကို ရွှေ့ပြောင်းနေထိုင်ခြင်းမရှိဘဲ ကျေးရွာတွင်းမှာပဲ ဆက်လက်နေထိုင်ပါက လိုအပ်သလို အရေးယူသွားမှာ ဖြစ်တယ်လို့ သတိပေး ထားတာ တွေ့ရပါတယ်။ ကျေးရွာရှိနေအိမ်တွေကနေ လူတိုင်းမဖြစ်မနေ ရွှေ့ပြောင်းပြီး ရှောင်ရမယ်ဆိုတဲ့အချက်က ဒေသခံတွေအတွက် အဆင်မပြေဘဲ အခက်အခဲ ဖြစ်နေတယ်လို့သိရပါတယ်။ ” စစ်ဖြစ်လို့ ပြေးပါတယ်ဆိုမှ ဘေးကင်းရာပဲ ပြေးမှာပေါ့။ ဘယ်သူက စစ်ဖြစ်တဲ့နေရာပြေးမှာလည်း ။ အခုသူတို့စာထုတ်တာက အမိန့်ပေးတာဖြစ်နေတယ်။ ရွာတွေကနေ ထွက်ကိုထွက်ရမယ် ။ရှောင်ရမယ်ပေါ့။…
Read Moreပြင်ဦးလွင်က အောင်စံပယ်ရွှေဆိုင်မှာ ဓားပြတိုက် လူသတ်ခဲ့တဲ့ တရားခံတွေကို မသေမချင်းကြိုးကွင်းစွပ်သတ်ဖို့ အမိန့်ချ
ဇူလိုင် ၂၃ ၊ ၂၀၂၆ GG (VOM) မန္တလေးတိုင်း ၊ ပြင်ဦးလွင်မြို့ “အောင်စံပယ်” ရွှေဆိုင်မှာ ဓားပြတိုက်ပြီး လူသတ်မှုကျူးလွန်ခဲ့တဲ့ တရားခံတွေကို မသေမချင်းကြိုးကွင်းစွပ် သတ်ရန် သေဒဏ် ကျခံစေဖို့ ပြင်ဦးလွင် ခရိုင်တရားရုံးက အမိန့်ချမှတ်လိုက်တယ်လို့ သိရပါတယ်။ တရားခံတွေဖြစ်တဲ့ အောင်မျိုးနိုင်(ခ)အိစိ၊ မျိုးလင်းထွန်း(ခ)မျိုးကြီး(ခ)သားငယ်၊ စိုင်းကြည် သူ(ခ)ဖက်တီး၊ စန္ဒာဦး နဲ့ အောင်ကိုသက်(ခ) ကျင်ဝှက်(ခ)ရာဇာတို့ငါးယောက်ကို ရာဇသတ်ကြီးပုဒ်မ ၃၉၆ အရ မသေမချင်း လည်ပင်းကြိုးကွင်းစွပ်သတ်ဖို့ အမိန့်ချမှတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ” သေဒဏ်အမိန့်ချလိုက်တာဟုတ်ပါတယ်။ အရင်ရက်က အမိန့်ချလိုက်တာ ။ ခုနောက်ပိုင်း လူသတ်မှုကျုးလွန် တဲ့ ပြစ်မှုတွေဆိုရင် ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ၊သေဒဏ်ချလာရတာတွေရတယ်။ ဒါဖြစ်သင့်နေကြာပြီ။ ထောင်ဒဏ်လောက်နဲ့ဆိုရင် လူတွေက မမှတ်ဘူး ။ သေဒဏ်ဆိုတော့ နောက်လုပ်မယ်သူတွေလည်း ကြောက်သွားနိုင်တဲ့ ပြစ်ဒဏ်ဆိုတော့…
Read Moreမကွေးတိုင်းအတွင်းက မြို့နယ်တချို့မှာ အစိုးရတပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေကြောင့် ဒေသခံတွေ တိမ်းရှောင်နေရ
ဇူလိုင် ၂၃ – ၂၀၂၆ SN (VOM) မကွေးတိုင်းအတွင်းက မြိုင်နဲ့ ပေါက်မြို့နယ်အစပ် ဒေသတွေမှာ အစိုးရတတပ်က အင်အား အများအပြားနဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရပြီး အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။ အဲဒီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့ကတည်းက ပခုက္ကူမြို့နယ်၊ တပ်မ (၁၀၁) ကနေ အင်အားအများအပြားနဲ့ ထွက်ခွာလာတာဖြစ်ပြီး အခု ဇူလိုင်လ ၁၃ ရက်နေ့မှစတင်ကာ ပေါက်မြို့နယ် ထောက်ရှာပင်ကျေးရွာကနေ မြိုင်နယ်ထဲကို ဝင်ရောက်လာတာလို့ သိရပါတယ်။ “စစ်ကြောင်းလာတဲ့ လမ်းတလျှောက်မှာ လက်နက်ကြီး၊ လေကြောင်း ပစ်ခတ်တာတွေလည်း ရှိတယ်။ တိုက်ပွဲတွေလည်း ဖြစ်တယ်။ ပေါက်ဒေသဘက်ရော၊ မြိုင်ဘက်မှာပါ ထိခိုက်၊ သေဆုံးတဲ့သူတွေလည်း တဖြည်းဖြည်း များလာသလို၊ ဒီ မြိုင်နယ်ဘက်မှာဆို အိမ်ခြေ…
Read Moreတရားမဝင် ဓာတ်အားရယူ သုံးစွဲမှုတွေအတွက် လျော်ကြေးငွေ လျှော့ချ ကောက်ခံနေ
ဇူလိုင် ၂၃ – ၂၀၂၆ SS (VOM) မသမာတဲ့ နည်းလမ်းတွေနဲ့ တရားမဝင် လျှပ်စစ်ဓာတ်အား ရယူ သုံးစွဲနေသူတွေအနေနဲ့ သတ်မှတ်ကာလအတွင်း သက်ဆိုင်ရာဌာနတွေကို ဆက်သွယ် အကြောင်းကြားလာပါက လျော်ကြေးငွေ လျှော့ ကောက်ခံနေတဲ့အပြင် ဒဏ်ကြေးနဲ့ တရားစွဲဆိုမှုတွေကနေ ကင်းလွတ်ခွင့် ပြုနေပြီဖြစ်တယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက အသိပေးထားပါတယ်။ တရားမဝင် လျှပ်စစ်ဓာတ်အား သုံးစွဲနေသူတွေအနေနဲ့ အခု ဇူလိုင်လ ၃၁ ရက်နေ့မတိုင်မီ သက်ဆိုင်ရာဌာန အသီးသီးကို ဆက်သွယ် အသိပေးရမှာဖြစ်ကာ လက်ရှိမှာ အဲဒီလို အသိပေးလာသူတွေကို ဓာတ်အားဖြတ်တောက်ခြင်း၊ ဒဏ်ကြေး ကျပ် သုံးသိန်း တောင်းခံခြင်း၊ ၂၀၁၄ ခုနှစ် လျှပ်စစ်ဥပဒေနဲ့အညီ တရားစွဲဆိုခြင်းတို့မှ ကင်းလွတ်ခွင့် ပြုနေတဲ့အပြင် တရားမဝင် ဓာတ်အားရယူ သုံးစွဲမှုတွေအတွက်ကိုလည်း လျော်ကြေးငွေ တွက်ချက်ရာမှာ မူလသတ်မှတ်ချက်ရဲ့ ၅၀ ရာခိုင်နှုန်းကိုသာ ကောက်ခံနေပြီ…
Read Moreအစိုးရတပ်က MNDAA ထံကနေ သိန္နီနဲ့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေ ပြန်လွှဲပေးဖို့ တောင်းဆိုနေကြောင်း သတင်းထွက်ပေါ်
ဇူလိုင် ၂၃၊ ၂၀၂၆ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က ဆင်နှစ်ကောင်ဟိုတယ်မှာ အစိုးရတပ် ကိုယ်စားလှယ်တွေနဲ့ MNDAA (မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်) ကိုယ်စားလှယ်တွေကြား ဇူလိုင် ၂၂ ရက်က ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ ပြီးခဲ့တဲ့ ဆွေးနွေးပွဲတွေကတည်းက အစိုးရဘက်က သိန္နီမြို့နဲ့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေကို ပြန်လည်လွှဲပြောင်းပေးဖို့ တောင်းဆိုထားကြောင်း ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ သတင်းရင်းမြစ်တွေရဲ့ ပြောကြားချက်အရ အခုအကြိမ် တွေ့ဆုံမှုမတိုင်ခင် ဇူလိုင် ၁၄ ရက်ကလည်း နှစ်ဖက်ကိုယ်စားလှယ်တွေ ဆွေးနွေးခဲ့ကြပြီး အဲဒီဆွေးနွေးပွဲမှာ အစိုးရတပ်ဘက်က သိန္နီမြို့အပြင် ချင်းရွှေဟော်အပါအဝင် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေ ပြန်လည်လွှဲအပ်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။ နယ်စပ် ကုန်သည် တေယာက်ကတော့ “အစိုးရဘက်က သိန္နီနဲ့ ကုန်သွယ်ရေး လမ်းကြောင်းတွေကို ပြန်တောင်းနေတယ်လို့ သိရတယ်။ လက်ရှိအချိန်အထိတော့ MNDAA ဘက်က…
Read More