ပြင်ဦးလွင်က အောင်စံပယ်ရွှေဆိုင်မှာ ဓားပြတိုက် လူသတ်ခဲ့တဲ့ တရားခံတွေကို မသေမချင်းကြိုးကွင်းစွပ်သတ်ဖို့ အမိန့်ချ

ဇူလိုင် ၂၃ ၊ ၂၀၂၆
GG (VOM)
မန္တလေးတိုင်း ၊ ပြင်ဦးလွင်မြို့ “အောင်စံပယ်” ရွှေဆိုင်မှာ ဓားပြတိုက်ပြီး လူသတ်မှုကျူးလွန်ခဲ့တဲ့ တရားခံတွေကို မသေမချင်းကြိုးကွင်းစွပ် သတ်ရန် သေဒဏ် ကျခံစေဖို့ ပြင်ဦးလွင် ခရိုင်တရားရုံးက အမိန့်ချမှတ်လိုက်တယ်လို့ သိရပါတယ်။
တရားခံတွေဖြစ်တဲ့ အောင်မျိုးနိုင်(ခ)အိစိ၊ မျိုးလင်းထွန်း(ခ)မျိုးကြီး(ခ)သားငယ်၊ စိုင်းကြည် သူ(ခ)ဖက်တီး၊ စန္ဒာဦး နဲ့ အောင်ကိုသက်(ခ) ကျင်ဝှက်(ခ)ရာဇာတို့ငါးယောက်ကို ရာဇသတ်ကြီးပုဒ်မ ၃၉၆ အရ မသေမချင်း လည်ပင်းကြိုးကွင်းစွပ်သတ်ဖို့ အမိန့်ချမှတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
” သေဒဏ်အမိန့်ချလိုက်တာဟုတ်ပါတယ်။ အရင်ရက်က အမိန့်ချလိုက်တာ ။ ခုနောက်ပိုင်း လူသတ်မှုကျုးလွန် တဲ့ ပြစ်မှုတွေဆိုရင် ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ၊သေဒဏ်ချလာရတာတွေရတယ်။ ဒါဖြစ်သင့်နေကြာပြီ။ ထောင်ဒဏ်လောက်နဲ့ဆိုရင် လူတွေက မမှတ်ဘူး ။ သေဒဏ်ဆိုတော့ နောက်လုပ်မယ်သူတွေလည်း ကြောက်သွားနိုင်တဲ့ ပြစ်ဒဏ်ဆိုတော့ ကျွန်တော်တို့ပြည်သူတွေကတော့ ခုလို ပြစ်ဒဏ်ကြီးတွေချတာ ကြိုဆိုတယ်​ ။ ကျန်တဲ့ပြစ်မှုတွေလည်း အမြန်ဆုံး အမိန့်ချနိုင်ဖို့လိုတယ်။ ” လို့ လုံခြုံရေး တပ်ဖွဲ့ နီးစပ်သူ ဒေသခံက ပြောပါတယ်။
“အောင်စံပယ်” စိန်ရွှေဆိုင်မှာ လူသတ်ပြီး ဓားပြတိုက်ခဲ့တဲ့ ဖြစ်စဥ်ကတော့ ပြီးခဲတဲ့ ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာ ၁၂ ရက်နေ့က ဖြစ်ပွားခဲ့တာ ဖြစ်ပြီး အဲဒီဖြစ်စဥ်မှာ ဓားပြတိုက်သူတွေကို ဝင်ရောက်တားဆီးခဲ့တဲ့ အသက် ၅၈ နှစ်အရွယ် လုံခြုံရေးဝန်ထမ်း ဦးစိန်ဝင်းသေဆုံးခဲ့ရပြီး ဓားပြတိုက်သူတယောက်ကို ဖမ်းဆီးရမိခဲ့ပါတယ်။
အဲဒီနောက်မှု ဓားပြတိုက်မှုနဲ့ပတ်သက်သူတွေကို ထပ်မံစစ်ဆေးဖော်ထုတ်ပြီး ဖမ်းဆီးကာ ပြင်ဦးလွင် ခရိုင်တရားရုံးကို အမှုစွဲဆိုတင်ပို့ခဲ့ရာ တရားရုံး​က ဒီဇင်ဘာလ ဒုတိယပတ်မှာ အမှုကိုလက်ခံစစ်ဆေးမှုစတင်ခဲ့တယ်လို့ သိရပါတယ်။
အမှုကိုတော့ တရားရုံတင်ပြီး ၈ လနီးပါးအကြာမှာ တရားခံတွေက ပြစ်မှုထင်ရှားတဲ့အတွက် တရားရုံးက မသေမချင်းကြိုးကွင်းစွပ်သတ်စေဖို့ အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
ဒီနှစ် ဧပြီ ၇ ရက်နေ့ကလည်း ပြင်ဦးလွင်မြို့ ၊ ချယ်ရီလမ်းမပေါ်ရှိ မေ ” စိန်ရွှေရတနာဆိုင်မှာ ဓားပြတိုက်မှုဖြစ်ပွားခဲ့ပြီး ဓားပြတိုက်သူထဲက တယောက်ကိုဖမ်းမိခဲပေမယ့် ကျန်တယောက်ကတော့ ရွှေထည်ပစ္စည်းတွေနဲ့အတူ လွတ်သွားတယ်လို့ သိရပါတယ်။
ဇူလိုင် ၂၀ ရက်နေ့ကလည်း မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၁၁၀ လမ်း ၆၂ လမ်းနဲ့ ၆၄ လမ်းကြားမှာရှိတဲ့ မီလျံနာရွှေဆိုင်မှာ ဒ ဓားပြတိုက်ခံရပြီး ရွှေတပိဿာဝန်းကျင်ပါသွားတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CJ

Related posts

Leave a Comment

VOM News

FREE
VIEW