မန္တလေး-ဩဂုတ် ၉-၂၀၂၆
VOM
ကချင်ပြည်နယ် ဗန်းမော်မြို့ဝန်းကျင်က တိုက်ပွဲတွေကြောင့် မန္တလေးမြို့ကိုရောက်နေတဲ့ စစ်ဘေးရှောင်ပြည်သူ ၃၄၀ ကျော်ကို ရှမ်းနီအမျိုးသားများတပ်မတော် SNUC/SNA ၊ ရှမ်းနီလူမှုရေးအသင်း နဲ့ တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများတိုးတက်ရေးပါတီ တို့က ဝိုင်းဝန်းပြီးထောက်ပံ့လှူတန်းတဲ့ပွဲကို မန္တလေး ပြည်ကြီးတံခွန်မြို့နယ်က မစိုးရိမ်တိုက်သစ် ဘုန်းတော်ကြီးကျောင်းမှာ ဩဂုတ် ၉ ရက်မနက်က ပြုလုပ်ခဲ့ပါတယ်။
ဒီပွဲမှာ ဗန်းမော် ရှမ်းနီစစ်ရှောင် အိမ်ထောင်စု ၃၄၀ အတွက် တအိမ်ထောင် ငွေကျပ်တသိန်းခွဲ၊ ဆန်တအိတ် ၊ ဆီတဗူး၊ ဆား တပိဿာ၊ အချိုမူန့် တပိဿာ ထောက်ပံ့လှူတန်းခဲ့ကြပါတယ်။
ဗန်းမောင်စစ်ရှောင်တွေရဲ့ နေထိုင်ရတဲ့အခြေအနေကို ကိုယ်တိုင်ကြုံခဲ့ရတဲ့ နန်းနီနီထွန်း၊ ဒီလှူတန်းမှုကို ဦးဆောင်တဲ့ ရှမ်းနီအမျိုးသားများတပ်မတော် ပြောရေးဆို ခွင့်ရှိသူ စိုင်းဆေကောင်းဆိုင်၀် ၊ တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများတိုးတက်ရေးပါတီက နန်းထားထားမေ နဲ့ ရှမ်းနီလူမှုရေးအသင်းက ဒေါ်ခင်မေဌေးတို့ရဲ့ ရင်ဖွင့်သံတွေကို ကြည့်ရှုနားဆင်နိုင်ပါတယ်။
