မန္တလေး၊ သြဂုတ်- ၁၂- ၂၀၂၆
SA(VOM)
ပိတ်သိမ်းထားတဲ့ မန္တလေး – မတ္တရာ မီးရထားလမ်းပိုင်းကို ၂၀ ၂၆ ခုနှစ် အောက်တိုဘာလကုန်မှာ ပြန်လည်ပြေးဆွဲပေးဖို့ ပြုပြင်ရှင်းလင်းရေးလုပ်ငန်းတွေကို ဆောင်ရွက်နေတယ်လို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ သိရပါတယ်။
မန္တလေး – မတ္တရာ မီးရထားလမ်းပိုင်းကို ၂၀၁၉ ခုနှစ် သြဂုတ်လမှာ နောက်ဆုံးပြေးဆွဲခဲ့ကာ မန္တလေး – သရဲစျေး လမ်းပိုင်းမှာ လူစီးရထားပြေးဆွဲပေးသော်လည်း ၂၀၂၂ ခုနှစ် မေ လ ကနေ ဇူလိုင်လအတွင်း ခရီးသည် စီးနင်းမှုမရှိတာကြောင့် ၈ လပိုင်း ၄ ရက်နေ့ကစပြီး အဲ့ဒီရထားခရီးစဥ်ကို ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။
မန္တလေး – မတ္တရာ မီးရထားလမ်းပိုင်းကို ပြန်လည်ပြေးဆွဲပေးဖို့ အစီအစဥ် ရှိ / မရှိ ဆိုတဲ့မေးခွန်းကို ဒီကနေ့ ကျင်းပတဲ့ တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန် အ စည်းအဝေး(သတ္တမနေ့) အခမ်းအနားမှာ မတ္တရာမြို့နယ် ကိုယ် စားလှယ်အမှတ် ၂၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးသန့် က လွှတ်တော်ကတဆင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကို မေးမြန်းခဲ့တာဖြစ်ပါတယ်။
” မတ္တရာမြို့နယ်မှာ နေထိုင်ကြသူအများစုက လယ်၊ ယာ၊ ကိုင်း၊ကျွန်း လုပ်ငန်းနဲ့ မွေးမြူရေးလုပ်ငန်းတွေကို လုပ်ကိုင်ကြပြီး၊ ဒေသခံ တောင်သူလယ်သမားတွေအနေနဲ့ မိမိတို့ရရှိတဲ့ ဒေသထွက်ကုန်တွေကို တခြားမြို့နယ်တွေကို ရောင်းချခြင်းနဲ့ အသက် မွေးဝမ်းကျောင်းပြုကြပါတယ်၊ အဲ့ဒီလိုသွားရောက်ရောင်းချရာမှာ ကားလမ်းဖြစ် ၄င်း ရထားလမ်းဖြင့်၄င်း သွားလာခဲ့ကြပါတယ်၊ လွန်ခဲ့တဲ့ နှစ်အနည်းကစတင်ပြီး ဒီကနေ့အချိန်ထိ ရထားပြေးဆဲဲခင်းကို ရပ်တန့်ခဲ့ရာ ဒေသခံ ပြည်သူတွေအနေနဲ့ မော် တော်ကားလမ်းကိုသာ အားထားအသုံးပြုနေရတာကြောင့် ရပ်တန့်ထားတဲ့ မန္တလေး – မတ္တရာ ရထားလမ်းပိုင်းကို ပြန်လည်ပြေးဆွဲပေးမယ်ဆိုရင် ဒေသခံတွေအတွက် စီးပွားရေး၊ ဖွံ့ဖြိုးရေး၊ ဆက်သွယ်သွားလာနိုင်ရေးအတွက် အထောက်အကူပြုနိုင်မှာဖြစ်ပါတယ်” လို့ မတ္တရာမြို့နယ် ကိုယ်စားလှယ်အမှတ် ၂၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးသန့်က မေးခွန်းမေးမြန်းရာမှာ ထည်သွင့်ပြောကြားခဲ့ပါတယ်။
မြို့ဟောင်း – မတ္တရာဘူတာအထိ ခရီးမိုင်အကွာအဝေး ၂၅.၁၂ မိုင်ရှိကြောင်းနဲ့ မြို့ဟောင်းဘူတာ မှ သရဲစျေးဘူတာ လမ်းပိုင်းအတွင်း ရထားလမ်းမှာ ပိတ်ဆို့နေတဲ့ ခြုံနွယ်တွေကို ရှင်းလင်းနေကာ ဇွန်လကုန်မှာ ရထားသွားလာနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
အိုးဘိုဘူတာ မှ မတ္တရာဘူတာအထိ ရထားလမ်းဘေးဝဲ ယာ မှာရှိတဲ့ ခြုံရှင်းခြင်း၊ မြက်ရှင်းခြင်း ၁၃.၅ မိုင်၊ ကွန်ကရစ်စလီဖားတုံး လဲလှယ်ခြင်း ၂၀၃၅၈ တုံး၊ လမ်းခင်းကျောက် ထည့်သွင်းခြင်း ၁၃၅၀ ကျင်း၊ လမ်းမြှောက် ဘက်ကင်ရိုက်ခြင်း ၃.၅ မိုင်တို့ကို ပြုပြင်ရန် လိုအပ်နေကြောင်း လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်မိုးသက် က တင်ပြခဲ့ပါတယ်။
အိုးဘိုဘူတာ မှ မတ္တရာဘူတာအထိ ၁၃.၅ မိုင်အတွင်း လမ်းဘေး ဝဲ ယာ ခြုံရှင်းခြင်းလုပ်ငန်းတွေကို ဇူလိုင်လ ၅ ရက်နေ့ကစတင်ကာဆောင်ရွက်လျက်ရှိရာ ၈ မိုင်အတွင်း မြက်ရှင်းခြင်းမှာ ၆.၅ မိုင်အထိ ဆောင်ရွက်ပြီးစီးပြီဖြစ်လို့ ကျန်တဲ့လုပ်ငန်းတွေကို ဆောင်ရွက်လျှက်ရှိရာ ၂၀၂၆ ခုနှစ် အောက်တိုဘာလကုန်မှာ ပြီးစီးမှာဖြစ်ကာ ရထားပြန်လည်ပြေးဆွဲရေးလုပ်ငန်းတွေကို ပြန်လည်လုပ်ဆောင်နေပြီဖြစ်တယ်လို့ သိရပါတယ်။
မန္တလေးကနေ မတ္တရာအထိ မပြေးဆွဲနိုင်သေးပေမယ့်၊ သြဂုတ်လ ၁၉ ရက်နေ့ကနေ စက်တင်ဘာလ ၁ ရက်နေ့အထိ တောင်ပြုံးပွဲတော်ကာလအတွက် ရထားခရီးစဥ် ပြနိလည်ပြေးဆွဲသွားမယ်လို့လည်း သိရပါတယ်။
