ဆူးငှက် ဇာတ်ပွဲ၊ ဇာတ်ဟန်၊ ဇာတ်သံ —————————— ၁၉၉၈ ဝန်းကျင် ကာလ..။ နတ်တော်လ၏ ရက်တစ်ရက်မှာ အခါတိုင်းလိုပဲ နေ့လယ်နေ့ခင်း တစ်ရေးတစ်မော အိပ်အပြီး ရေမိုးချိုးနံ့သာဖြူ ကရမက်တွေ လိမ်းပြီးသည်နှင့် ဒေါ်ဒေါ်လူထုဒေါ်အမာ ကျွန်တော်တို့ အလုပ်စားပွဲဆီ ဆင်းလာပါသည်။ ထိုနေ့က အရှေ့ယပ်ဝင်းဓမ္မာရုံဘုရားပွဲမို့၊ လူထုတိုက်ခေါင်းရင်း ၃၃လမ်းပေါ်မှာ ဇာတ်တစ်ဖွဲ့က စင်တွေထိုးပြီး ပွဲဦးညအဖြစ်လည်း ကပြခဲ့ပြီးပါပြီ။ သည်နေ့တစ်ညကပြဦးမှာပေါ့။ ဒေါ်ဒေါ်လည်း ဆင်းလာရော ကျွန်တော်က ”ဒေါ်ဒေါ်မနေ့ညက အိပ်လို့ရမှာမဟုတ် ဘူးနော်။ဇာတ်သံတွေကိုတစ်ညလုံးဆူနေ မှာပေါ့”ဟု ကျွန်တော်က ပြောသည်။ ဒေါ်ဒေါ်က သတင်းစာလေးကိုင်ရင်း”ဇာတ်သံ မကြားရပါဘူးကွယ်”တဲ့။ ကျွန်တော်က ”ဒေါ်ဒေါ်ကလည်း ဒေါ်ဒေါ်အိပ်ခန်းနဲ့ ကပ်ပြီး ဇာတ်စင်ထိုးထားတော့ ဇာတ်သံ တွေနဲ့ ဘယ့်နှယ့်လုပ်ပြီး ဒေါ်ဒေါ်အိပ်လို့ရမှာလဲ”ဟု ထပ်ပြီးအတွန့်တက်မိသည်။ ဒေါ်ဒေါ်က အေးအေးဆေးဆေးပါပဲ။ ”ဇာတ်သံ ဖြင့်မကြားမိပေါင်ကွယ်”တဲ့။…
Read MoreDay: August 12, 2026
ရေကြီးတာ ခုတုံးလုပ် ပြည်တွင်းဆန်စျေးကွက်စျေးတက်
ဩဂုတ် ၁၁ ၊ ၂၀၂၆ GG (VOM ) မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ရေကြီးမှုဂယက်ကြောင့်ဆိုပြီး ပြည်တွင်းဆန်စျေးကွက်ထဲမှာ ဆန်အမျိုးအစားအားလုံး စျေးနူန်းဆက်တိုက်မြင့်တက်လာနေတယ်လို့ သိရပါတယ်။ လက်ရှိဩဂုတ်လမှာ ဆန်အမျိုးအစားအလိုက် တအိတ်ကို ၅၀၀၀ ကျပ်ကနေ ၂၅၀၀၀ ကျပ်လောက်အထိ စျေးနူန်းမြင့်တက်လာနေပါတယ် ။ ဆန်စပါးအဓိက စိုက်ပျိုးထွက်ရှိတဲ့ ဧရာဝတီတိုင်းအပါအဝင် စစ်ကိုင်းတိုင်းတွေမှာ ရေကြီးမှုဖြစ်နေတာကြောင့် စပါးဝယ်ယူရခက်နေပြီး ဆန်အဝင်နည်းလာတဲ့အတွက် ဆန်စျေးတက်လာတာ ဖြစ်တယ်လို့ သိရပါတယ် ။ ရန်ကုန် ဆန်လက်ကားရောင်းဝယ်ရေးလုပ်ကိုင်တဲ့ လုပ်ငန်းရှင်က ” အဓိကတော့ စပါးခင်းတွေရေနစ်နေတာ နဲ့ စပါးရှားလာတာကြောင့်ပါ ။ ရန်ကုန်ကို ဆန်အဝင်လည်းနည်းလာပြီ။ အခုကိုယ်က ပြန်ဝယ်ရရင် ဆန်က တက်စျေးဖြစ်နေပြီ။ ဒါကြောင့် ကျွန်တော်ပြောတာ ခုချိန် လက်ထဲရှိတဲ့ဆန်မရောင်းရင် မရှုံးဘူး ။ ရောင်းလိုက်ရင် ရှုံးပြီ။ ဘာလို့ဆို ခုဖြစ်နေတဲ့စျေးတွေ ကိုယ်ရောင်းတဲ့စျေးထက်ပိုနေတာလေ။…
Read Moreစဥ့်ကိုင်မှာ ရေဘေးရှောင်လာတဲ့ စက်လှေတိမ်းမှောက်လို့ တယောက်သေ ၊တယောက်စိုးရိမ်ရ
ဩဂုတ် ၁၁ ၊ ၂၀၂၆ GG (VOM) မန္တလေးတိုင်း ၊ စဉ့်ကိုင်မြို့နယ်ထဲက ရေကြီးနစ်မြုပ်နေတဲ့ကျေးရွာဘက်မှာ ရွာသားတွေမောင်းလာတဲ့ စက်လှေတိမ်းမှောက်ပြီး တယောက်သေဆုံးက တယောက်စိုးရိမ်ရတဲ့ အခြေအနေရှိတယ်လို့ သိရပါတယ် ။ ရေနစ်မြုပ်နေတဲ့ မြောက်ကိုင်းကျေးရွာက ရွာသား ခြောက်ယောက်ဟာ ရေဘေးရှောင်ဖို့အတွက် စက်လှေမောင်းလာစဥ် တိမ်းမှောက်ခဲ့တာဖြစ်ပါတယ်။ ” ရွာဘက်ကနေ သံလမ်းဘက်ကို ကူးလာတဲ့ စက်လှေပါ ။သေဆုံးတဲ့တယောက်က လှေပေါ်ပါလာကတည်းက အသက်မရှိတော့တာ ။ ရေရစ်တဲ့သူတွေက လှေမှာဖက်တွယ်နေတာ ။ကျွန်တော်တို့ရောက်မှ ကယ်ဆယ်ရေးလုပ်ရတာ ။ စိုးရိမ်ရတဲ့ တယောက်က ရေမွန်းတဲ့လက္ခဏာပဲတွေ့ရတယ်။ အခုက ဒီဘက်မှာဆေးပေးခန်းတောင်ရေမြုပ်သွားပြီ။ခု ကျွန်တော်တို့က မြောက်ပိုင်းရွာဘက်ရောက်နေတယ်။ မြောက်ကိုင်းနဲ့ စိတ္တရ ရွာဘက်တွေကတော့ အိမ်တွေ မြုပ်ကုန်ပြီ။ ” လို့ ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ မဏိစလ လူမှုကူညီရေး အသင်းတာဝန်ရှိသူကပြောပါတယ်။ စက်လှေတိမ်းမှောက်မှုမှာ အမျိုးသား သုံးယောက် ၊…
Read Moreစစ်ပွဲရပ်ပြီး ဗန်းမော်၊ မိုးမောက်၊ မံစီမြို့တွေကနေ KIO/KIA ထွက်ပေးဖို့ ရှမ်းနီပါတီ တောင်းဆို
ဩဂုတ် ၁၁ – ၂၀၂၆ SN (VOM) ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေခြင်းကို လုံးဝ ရပ်တန့်ပေးဖို့နဲ့ ဗန်းမော်၊ မိုးမောက်၊ မံစီမြို့တွေကနေ KIO/KIA တို့ ခြွင်းချက်မရှိ ထွက်ပေးဖို့ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီက မနေ့ ဩဂုတ် ၁၀ ရက်နေ့ ရက်စွဲနဲ့ သဘောထားထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။ အဲဒီ ထုတ်ပြန်ချက်ထဲမှာ စစ်ရှောင်အများစု နေထိုင်ကြတဲ့ ရွှေကူမြို့ကို စားနပ်ရိက္ခာတွေ ပို့မရအောင် ပိတ်ပင်ထားတာကို ရုပ်သိမ်းပေးဖို့၊ မည်သည့် အမုန်းတရားမျှ ဖန်တီးလုပ်ဆောင်ခြင်း မပြုဘဲ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရေးကို ရှေးရှုကာ ပြည်သူလူထုအပေါ် စိတ်ရင်းစေတနာမှန်နဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းကြဖို့ KIO/KIA ကို တောင်းဆိုထားတဲ့အပြင် နိုင်ငံတော်အစိုးရအနေနဲ့လည်း ပြည်သူလူထုတရပ်လုံး ပါဝင်တဲ့ ပြည်သူ့လုံခြုံရေးကို စနစ်တကျ စီမံချက်ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်ဖို့…
Read Moreစစ်ကိုင်းတိုင်းရဲ့ လုံခြုံရေးအခြေအနေကြောင့် ရေဘေးကူမယ့်သူတွေ သွားဖို့ခက်နေ
ဩဂုတ် ၁၁ – ၂၀၂၆ SS (VOM) လက်ရှိ စစ်ကိုင်းတိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ဆည်ရေတွေ ဖောက်ချမှုကြောင့် မူးမြစ်ရေမြင့်တက်လာကာ မြို့နယ် ၁၀ မြို့နယ်ထက်မနည်း ပြင်းထန်တဲ့ ရေဘေးကြုံနေရပြီး လူဦးရေ နှစ်သိန်းကျော် ဒုက္ခရောက်နေပေမယ့်လည်း တိုက်ပွဲတွေနဲ့ လုံခြုံရေး တင်းကျပ်မှုတွေကြောင့် အပြင်က ကူညီကယ်ဆယ်မယ့်သူတွေနဲ့ အလှူရှင်တွေ သွားရောက်ဖို့ အလွန် ခက်ခဲနေတယ်လို့ သိရပါတယ်။ ရေဘေးသင့်နေတဲ့ မူးမြစ်တစ်လျှောက်က ကျေးရွာတွေဟာ အစိုးရတပ်နဲ့ ဒေသတွင်း လက်နက်ကိုင်တပ်တွေ မကြာခဏ တိုက်ပွဲဖြစ်တဲ့ နေရာတွေဖြစ်သလို အစိုးရတပ်က လေကြောင်း တိုက်ခိုက်တာ၊ နယ်မြေ ရှင်းလင်းတာတွေကိုပါ လုပ်ဆောင်နေတာကြောင့် အခုလို ရေကြီးလာချိန်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ပြုနိုင်လုပ်ဖို့ ခက်ခဲနေတယ်လို့ သိရပါတယ်။ “လမ်းပန်းဆက်သွယ်ရေးကလည်း အင်မတန်ခက်တယ်။ နောက်တချက်က လုံခြုံရေးပိုင်း ဆိုတာကလည်း လုံးဝ စိတ်ချရတဲ့ အနေအထားမျိုး မဟုတ်ဘူး။…
Read Moreကလောနဲ့ ရပ်စောက်မှာ ရေကြီးလို့ နေအိမ်ရာနဲ့ချီ ရေနစ်မြုပ်၊ နောင်ချိုမှာ ရေစီးနဲ့ အမျိုးသမီးတယောက် မျောပါပျောက်ဆုံး
ဩဂုတ် ၁၁၊ ၂၀၂၆။ NN(VOM) ရှမ်းပြည်တောင်ပိုင်းက ခရီးသွားတွေအလာများတဲ့ ကလောမြို့မှာ မိုးကြီးပြီး ကလောချောင်းရေတက်တာကြောင့် အနိမ့်ပိုင်းရပ်ကွက်က နေအိမ်တွေ ရေနစ် မြုပ်ခဲ့သလို ရပ်စောက်မှာလည်း ဇော်ဂျီချောင်းရေကြီးလို့ ချောင်းဘေး အနိမ့် ပိုင်း နေအိမ်တွေ ရေနစ်မြုပ်ခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ ကလောမြို့မှာတော့ အခုလ ၁၀ ရက်နေ့က ရပ်ကွက် ၄ နဲ့ ရပ်ကွက် ၂ က အနိမ့်ပိုင်း နေအိမ်ရာနဲ့ချီ ရေနစ်မြုပ်ခဲ့တာလို့ ကလောမြို့ခံတွေဆီကသိရပါတယ်။ “အဓိကဖြစ်တာ ရပ်ကွက် ၄ ဘက် ဖြစ်တာ။ အရင်နှစ်တွေက ဖြစ်ခဲ့တဲ့ ရပ်ကွက် ၃ ဘက်တော့ ချောင်းတွေ ချဲ့ထားတော့ ဒီနှစ် ဘာမှမဖြစ်ဘူး။ အခုဖြစ်တဲ့နေရာတွေက ချောင်းမချဲ့နိုင်သေးတဲ့ နေရာတွေ ဖြစ်တာ” လို့ ကလောမြို့ခံတယောက်က ပြောပါတယ်။ ဒီနေ့မှာတော့ မိုးတိတ်ပြီး ရေတွေလည်း…
Read Moreတိုင်းရင်းသား အဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ ဆက်လက် ကြိုးပမ်းမယ်လို့ မိုင်းလားအဖွဲ့ ပြော
ဩဂုတ် ၁၁၊ ၂၀၂၆။ NN(VOM) ရှမ်းပြည် အရှေ့ပိုင်းမှာ အခြေစိုက်တဲ့ မိုင်းလားတပ်ဖွဲ့က သူတို့ ထိန်းချုပ်တဲ့ အထူးဒေသ (၄) ဧရိယာကို တိုင်းရင်းသား အဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် ရရှိရေး ဆက်လက် ကြိုးပမ်းသွားမယ်လို့ ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ဒီလို သတ်မှတ်ပေးနိုင်ဖို့ အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ တာဝန်ရှိသူတွေနဲ့ ဩဂုတ် ၁၀ ရက် မနေ့က နေပြည်တော်မှာ တွေ့ဆုံချိန် ထည့်သွင်း ဆွေးနွေးခဲ့ပြီး အစိုးရဘက်ကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အောက်ကနေ ဆက်လက် ညှိနှိုင်းဖို့ ဆွေးနွေးခဲ့တယ်လို့ တိုင်းရင်းသား အဖွဲ့တွေနဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။ “အခြား အဖွဲ့တွေလိုပါပဲ။ အားလုံးက လိုချင်တာ ပွင့်ပွင့်လင်းလင်း ပြောကြတာပါပဲ။ မိုင်းလားကတော့ သူလိုချင်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ်…
Read More