ချမ်းအေးသာစံမြို့နယ်က ရာအိမ်မှူးတယောက်ကို စစ်မှုထမ်းပြန်လာသူက ဓားနဲ့ထိုးမှုဖြစ်

မန္တလေး၊ သြဂုတ်- ၁၂- ၂၀၂၆
SA(VOM)
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ချမ်းအေးသာစံအလယ်ရပ်ကွက်မှာ သြဂုတ်လ ၁၁ ရက်နေ့ ညပိုင်းမှာ အကွက်မှူးတာဝန်ထမ်းဆောင်နေတဲ့သူတဦးက လ္ဘက်ရည်ဆိုင်တွင် ထိုင်နေချိန်မှာ စစ်မှုထမ်းအပတ်စဥ် ၂ ကနေ ပြန်လာသူက ဓားနဲ့ထိုးခဲ့တဲ့ ဖြစ်စဥ် ဖြစ်ပွားခဲ့တယ်လို့ မန္တလေးတိုင်းရဲတပ်ဖွဲ့ကနေ သိရပါတယ်။
ဖြစ်စဥ်မှာ အကွက်မှူးတာဝန်ထမ်းဆောင်သူ ဦးနိုင်ဝင်းက လ္ဘက်ရည်ဆိုင်ထိုင်နေချိန် သြဂုတ်လ ၁၁ ရက်နေ့ ည ၇ နာရီ မှာ မောင်မောင်တုတ် က ဓားနဲ့ထိုးကာ ထွက်ပြေးသွားခဲ့တာကြောင့် ဦးနိုင်ဝင်း ဟာ နောက်ကျောထိုးသွင်းဒဏ် ရာ ၁ ချက်၊ ဝဲဂျိုင်းအောက်ထိုးသွင်းဒဏ် ရာ ၁ ချက်၊ ဝဲရင်ဘက်ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ဝဲလက်မောင်းပြတ်ရှဒဏ်ရာ ၁ ချက်၊ ယာရင်ဘက်ပြက်ရှဒဏ်ရာ ၁ ချက် ရရှိခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဥ်ဖြစ်ပွားရာနေရာကို အမှတ်(၈)စခန်းက ဒုရဲမှူး စိုးနိုင် ဦးစီးအဖွဲ့က သွားရောက်စစ်ဆေးခဲ့ပြီး ဖြစ်စဥ်ကြောင့် ဒဏ်ရာရရှိသူ ဦးနိုင်ဝင်း ကို မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးကိုပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဥ်ဖြစ်ပွားပြီး မိနစ် ၂၀ အကြာမှာ တရားခံ မောင်မောင်တုတ်ကို သူ့ရဲ့နေအိမ်မှာတင် ဖမ်းဆီးရမိခဲ့ပြီး အမှတ်(၈)စခန်းမှာ အမှုဖွင့်အရေးယူထားတယ်လို့သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW