မိုးမိတ် ညောင်နီရွာအနီး တိုက်ပွဲဖြစ်

ဩဂုတ် ၁၂၊ ၂၀၂၆
NN(VOM)
ရှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ် အထက်ညောင်နီကျေးရွာအနီးမှာ ဩဂုတ် ၁၁ ရက်နေ့ကစပြီး အစိုးရတပ်နဲ့ ဒေသအခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဲဒီကျေးရွာတွေအနီးမှာ KIA နဲ့ PDF တပ်ဖွဲ့တွေ ပူးပေါင်းထိန်းချုပ် ထားတာဖြစ်ပြီး အစိုးရတပ်နဲ့ တိုက်ပွဲဖြစ်နေတာလို့ သိရပါတယ်။
“လေကြောင်းကနေ တောက်လျှောက်ပစ်နေတာ တိုက်ပွဲ အတော်ပြင်းပုံ ရတယ်” လို့ မိုးမိတ်ဒေသခံ တစ်ယောက်က ပြောပါတယ်။
ဒီနေ့ နေ့လယ်ပိုင်းအထိ ပစ်ခတ်သံတွေ ကြားနေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
တိုက်ပွဲနဲ့ပတ်သက်ပြီး အစိုးရဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ KIA နဲ့ နီးစပ်တဲ့ သတင်းမီဒီယာတွေမှာ​တော့ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ဖော်ပြပါတယ်။
မိုးမိတ်မြို့ကို ၁၀၂၇ တိုက်ပွဲအတွင်းမှာ TNLA က သိမ်းပိုက်ထားတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်မှာတော့ တရုတ်အစိုးရ ညှိနှိုင်းပေးမှုကြောင့် အစိုးရတပ်က ပြန်လည် ထိန်းချုပ်ထားတာဖြစ်ပါတယ်။
ဒီလို ပြန်လည်ထိန်းချုပ်ပြီးနောက်ပိုင်း မြို့နီးစပ်နေရာတွေကို နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေတာကြောင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ မကြာခဏဆိုသလို တိုက်ပွဲတွေ ဖြစ်နေတာပါ။

Related posts

Leave a Comment

VOM News

FREE
VIEW