မော်လမြိုင်က ကိုကိုညီညီလျှပ်စစ်ပစ္စည်းဆိုင် ဓားပြတိုက်သူတချို့ကို ကားနဲ့အတူဖမ်းမိ

ဩဂုတ် ၂၉ ၊ ၂၀၂၆
GG (VOM)
မော်လမြိုင်မြို့ ၊ မရမ်းကုန်းရပ်ကွက် ၊ ကမ်းနားလမ်းက ကိုကို နှင့် ညီညီလျှပ်စစ်ပစ္စည်းဆိုင်ကို ဓားပြတိုက်မှုနဲ့ပတ်သက်ပြီး ကျူးလွန်သူတယောက်ကို ဖမ်းဆီးရမိထားတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူဆီက သိရပါတယ်။
ကျူးလွန်သူအမျိုးသားကို ဓားပြတိုက်စဥ်က အသုံးပြုခဲ့တဲ့ကားတစီးနဲ့အတူ ပေါင်မြို့နယ်ထဲက တနေရာမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
” ဖမ်းမိပါပြီ ။ ကား တစီး နဲ့ နောက်တစီး နဲ့ ကျန်တဲ့သူတွေ လိုက်နေတုန်း။ စစ်ဆေးရေး လုပ်နေတုန်းပါ။ ရဲတွေ စစ်ဆေးပြီး ကွင်းဆက်တရားခံတွေ ဆက်လိုက်နေတုန်းမို့ ဘာမှမသိရသေးဘူး။ ” လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။
ဓားပြတိုက်မှုက မနေ့က ဩဂုတ် ၂၈ ရက်နေ့မနက် ၄ နာရီလောက်မှာ မျက်နှာဖုံးအုပ်ထားတဲ့ အမျိုးသားသုံးယောက်က ကားနှစ်စီးနဲ့ရောက်လာပြီး သေနတ်ပြခြိမ်းခြောက် ဓားပြတိုက်ခဲ့တာ ဖြစ်ပါတယ်။
ဓားပြတိုက်မှုမှာ သိန်းပေါင်း ငါးသောင်းကျော်တန်ဖိုးရှိတဲ့ ရွှေထည်ပစ္စည်း ၊စိန်ထည်ပစ္စည်း ၊ ပလက်တီနမ် ပစ္စည်း တွေထည့်ထားတဲ့မီးခံသေတ္တာကိုယူဆောင်သွားတာ ဖြစ် ပါတယ်။
အဲဒီ ဓားပြတိုက်သူတွေဟာ ကိုကိုညီညီလျှပ်စစ်ပစ္စည်းဆိုင်ဘေးကပ်ရက်ရှိ ဆောက်လက်စ အဆောက်အဦကနေတဆင့် ဝင်ရောက်ကာ အိမ်အတွင်းရှိ အမျိုးသမီးသုံးယောက်ကို ကြိုးတုပ်ပြီး မီးခံသေတ္တာနဲ့ စာရွက်စာတမ်း ၊ငွေသားတချို့ကိုပါ ယူသွားတာ ဖြစ်ပါတယ်။
ဓါးပြတိုက်သွားတဲ့ပစ္စည်း​တွေ ပြန်ရမရ​တော့ အ​သေးစိပ်မသိရ​သေးပါဘူး။
လက်ရှိမှာ ဓားပြတိုက်မှုကျူးလွန်သူတွေကို သက်ဆိုင်ရာမြို့နယ် ရဲစခန်းက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၉၂ နဲ့ အမှုဖွင့်ပြီး တရားခံအားလုံးကို ဖမ်းဆီးရမိရေး လုပ်နေပါတယ် ။
ဓာတ်ပုံ – CJ

Related posts

Leave a Comment

VOM News

FREE
VIEW