သူတို့အိမ် အခန်း (၂၀၇)

  ပြွန်တစ်လုံး အရှေ့ဘက်မှာ —————————— “ဟာ.. ခင်ခင်အောင်” တဲ့။ စက်ဘီးစီးလာသူကလည်း သူ့နံမည် ခေါ်သံကြားမှ ရုတ်ခနဲ လှည့်ကြည့်ပြီး “ ဟာ.. ဦးသန်းဦး၊ ဘယ်လာကြတာလဲ” တဲ့။ စက်ဘီးစီးလာသူက ဖြေရင်း ပြောရင်း ထီးတစ်ဖက်နှင့် စက်ဘီးပေါ်က ဆင်းသည်။ ကိုသန်းဦးကလည်း ဆိုင်ကယ်ရပ်သည်။ “နင်က ရုံးသွားတာလား၊ နင်တို့ အိမ်က ဘယ်နားမှာလဲ” ဟု မေးသည်။ “ဦးသန်းဦးကလည်း ကျွန်တော်တို့ အိမ်က ဒီအရှေ့နားတင်လေ၊ မဝေးဘူး၊ ပြွန်တစ်လုံးနားမှာ၊ ဦးသန်းဦးက ဒီဘက်ဘာလာ ရှာတာလဲ” ဆိုတော့ ကိုသန်းဦးက “ဒါက ဒို့အစ်ကိုပဲ ဆိုပါတော့၊ မြေကလေး အိမ်ကလေးရှာနေတာ၊ ဒီဘက်မှာများ အဆင်ပြေမလားလို့ လာကြည့်ကြတာ” ဟုပြောလိုက်သည်။     ထိုအခါ အမျိုးသမီးက “ကျွန်တော်တို့ဘက် ကြည့်ပါလား၊ မြေရောင်းစရာတွေ အများကြီးရယ်၊…

Read More

နေ့စဉ်ကျန်းမာနေဖို့ မခက်ခဲတဲ့ အလေ့အကျင့် ၅ ခု

မန္တလာ ဆရာမျိုး ကျန်းမာရေးကောင်းဖို့ဆိုတာ နေ့တိုင်း အားကစားခန်းမသွားရမယ်၊ ဈေးကြီးတဲ့ အားဆေးတွေ သောက်ရမယ်၊ စားချင်တာတွေကို အကုန်ရှောင်ရမယ်လို့ မဆိုလိုပါဘူး။ နေ့စဉ်ဘဝထဲမှာ လွယ်လွယ်ကူကူ လိုက်နာနိုင်တဲ့ အလေ့အကျင့်ကောင်းလေးတွေကို မှန်မှန်လုပ်ပေးနိုင်ရင်တောင် ရေရှည်ကျန်းမာရေးအတွက် အများကြီး အထောက်အကူဖြစ်စေနိုင်ပါတယ်။ ပထမဆုံးက စားသောက်ပုံကို ဂရုစိုက်ဖို့ပါ။ ဆီအလွန်များတဲ့ အစားအစာ၊ အလွန်စပ်တဲ့အစားအစာ၊ အချိုနဲ့ အငန်လွန်ကဲတဲ့ အစားအစာတွေကို တတ်နိုင်သမျှ လျှော့စားသင့်ပါတယ်။ အထူးသဖြင့် အစာအိမ်မကောင်းသူ၊ ရင်ပူရင်ဆာဖြစ်တတ်သူတွေမှာ အလွန်စပ်တဲ့အစားအစာတွေက မအီမသာဖြစ်တာကို ပိုဆိုးစေနိုင်ပါတယ်။ ဒါပေမဲ့ အစပ်စားတာတစ်ခုတည်းကြောင့် Gastritis (အစာအိမ်ရောင်ခြင်း) ဖြစ်တယ်လို့တော့ မဆိုနိုင်ပါဘူး။ အစာအိမ်ရောင်ခြင်းမှာ H. pylori ပိုးဝင်ခြင်း၊ အကိုက်အခဲပျောက်ဆေးအချို့ကို မကြာခဏသောက်ခြင်း၊ အရက်အလွန်အကျွံသောက်ခြင်း စတဲ့ အခြားအကြောင်းရင်းတွေလည်း ရှိပါတယ်။ စားတဲ့အခါလည်း “ဘာမစားရဘူး” ဆိုတာကိုပဲ အာရုံစိုက်နေမယ့်အစား “ဘာတွေကို ပိုစားသင့်သလဲ” ဆိုတာ စဉ်းစားတာ…

Read More

မြောက်ပိုင်းလမ်းပေါ်က ခရီးသွား

CM(VOM) ရှမ်းမြောက်ဒေသက မြို့တော်တော်များများမှာ ပြီးခဲ့တဲ့နှစ်တွေက တိုက်ပွဲ တွေကြောင့် ထိခိုက်မှုတွေ ရှိခဲ့ပေမယ့် ကျွန်မတို့မြို့လေးကတော့ စစ်ဘေး ဒဏ်ကနေ လွတ်ခဲ့တာကြောင့် မိတ်ဆွေ၊ သူငယ်ချင်းတွေလို တခြားမြို့တွေ ကို စစ်ရှောင်စရာ မလိုခဲ့ပါဘူး။ တိုက်ပွဲတွေနဲ့ နယ်မြေမငြိမ်းချမ်းမှုတွေကြောင့် ကျွန်မလည်း တော်ရုံ အကြောင်း ကိစ္စ မရှိဘဲ ခရီးမထွက်ဖြစ်ပါဘူး။ အခုတော့ အကြောင်း တိုက်ဆိုင်လို့ ရှမ်းမြောက်ကနေ မန္တလေးကို ခရီးနှင်ခဲ့ရပါတယ်။ စစ်ပွဲတွေဖြစ်ပြီးနောက် အဓိက ပြောင်းလဲသွားတာကတော့ လမ်းပန်းဆက် သွယ်ရေးနဲ့ အထူးသဖြင့် ကားခဈေးတွေပါပဲ။ အရင်ထက်ကို သိန်းနဲ့ချီပြီး ကားခဈေးတွေ တက်သွားတာပါပဲ။ တော်ရုံတန်ရုံနဲ့တော့ ခရီးတခါသွားဖို့ မလွယ်တော့ပါဘူး။ မိုင် ၂၆၀ ကျော် ကွာဝေးတဲ့ ရှမ်းမြောက် တန့်ယန်းမြို့ကနေ မန္တလေးကိုသွားဖို့ အတွက် ခရီးသည်တင်ကားလေး ရှေ့ခန်းတစ်ယောက်စာ နှစ်သိန်းခွဲပေးပြီး မနက် ၆ နာရီခွဲလောက်က…

Read More

မော်လမြိုင်က ကိုကိုညီညီလျှပ်စစ်ပစ္စည်းဆိုင် ဓားပြတိုက်သူတချို့ကို ကားနဲ့အတူဖမ်းမိ

ဩဂုတ် ၂၉ ၊ ၂၀၂၆ GG (VOM) မော်လမြိုင်မြို့ ၊ မရမ်းကုန်းရပ်ကွက် ၊ ကမ်းနားလမ်းက ကိုကို နှင့် ညီညီလျှပ်စစ်ပစ္စည်းဆိုင်ကို ဓားပြတိုက်မှုနဲ့ပတ်သက်ပြီး ကျူးလွန်သူတယောက်ကို ဖမ်းဆီးရမိထားတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူဆီက သိရပါတယ်။ ကျူးလွန်သူအမျိုးသားကို ဓားပြတိုက်စဥ်က အသုံးပြုခဲ့တဲ့ကားတစီးနဲ့အတူ ပေါင်မြို့နယ်ထဲက တနေရာမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ ” ဖမ်းမိပါပြီ ။ ကား တစီး နဲ့ နောက်တစီး နဲ့ ကျန်တဲ့သူတွေ လိုက်နေတုန်း။ စစ်ဆေးရေး လုပ်နေတုန်းပါ။ ရဲတွေ စစ်ဆေးပြီး ကွင်းဆက်တရားခံတွေ ဆက်လိုက်နေတုန်းမို့ ဘာမှမသိရသေးဘူး။ ” လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။ ဓားပြတိုက်မှုက မနေ့က ဩဂုတ် ၂၈ ရက်နေ့မနက် ၄ နာရီလောက်မှာ မျက်နှာဖုံးအုပ်ထားတဲ့ အမျိုးသားသုံးယောက်က ကားနှစ်စီးနဲ့ရောက်လာပြီး သေနတ်ပြခြိမ်းခြောက်…

Read More

ကျောင်းအင်္ဂါရပ် မညီတဲ့ ကိုယ်ပိုင်ကျောင်းနဲ့ နိုင်ငံတကာကျောင်းတွေကို ပိတ်သိမ်းမယ်လို့ သတင်းတွေထွက်ပေါ်

ဩဂုတ် ၂၉ – ၂၀၂၆ SN (VOM) ကျောင်းပုံစံတကျ ဆောက်လုပ်ထားခြင်း မရှိတဲ့၊ ကျောင်းအင်္ဂါရပ်နဲ့ မညီတဲ့ ကိုယ်ပိုင်ကျောင်းတွေနဲ့ နိုင်ငံတကာကျောင်း (International School) တွေကို လာမယ့် ၂၀၂၇ ခုနှစ်ကစပြီး ပိတ်သိမ်းသွားမယ်လို့ ပညာရေးအသိုင်းအဝိုင်းကြား သတင်းတွေ ထွက်ပေါ်နေပါတယ်။ ကန်ထရိုက်တိုက်၊ လုံးချင်းတိုက်တွေကို ကျောင်းအဖြစ် ဖွင့်လှစ်ထားတာတွေ၊ အကျယ်အဝန်း တဧကရဲ့ သုံးပုံတပုံတောင် မရှိတဲ့ ကျောင်းတွေနဲ့ စုဝေးဖို့နဲ့ ကစားကွင်း မြေနေရာမရှိတဲ့ ကျောင်းတွေကို ပိတ်သိမ်းသွားမယ်လို့ သိရပါတယ်။ ဒါအပြင် ကျောင်းခန်းမှ ဆင်းတာနဲ့ ကားလမ်းမကိုရောက်တဲ့၊ ကားရပ်နားကွင်း မရှိဘဲ အများသုံးလမ်းမကိုသာ အတင်အချ ပြုလုပ်နေတဲ့ ကျောင်းတွေ အားလုံးကိုလည်း ပိတ်သိမ်းရမယ်လို့ သိရပါတယ်။ “ကိုယ်ပိုင်ကျောင်းတွေနဲ့ ပတ်သက်လို့ ဒုဝန်ကြီး နှစ်ပါး၊ ညွှန်ချုပ်တွေ အကုန်လုံးက နေပြည်တော်မှာ အစည်းအဝေးလုပ်ပြီးတော့ ပြောထားတာရှိတယ်။…

Read More

ပခုက္ကူ အမှတ်(၅) အထည်စက်ရုံ ဝန်ထမ်းလစာငွေ သိန်း တ​ထောင်​ကျော် ဓါးပြတိုက်ခံရ

သြဂုတ် ၂၉-၂၀၂၆ PL(VOM) မကွေးတိုင်း၊ ပခုက္ကူမြို့အ​ရှေ့ဘက်မှာရှိတဲ့ အမှတ် (၅) အထည်စက်ရုံဝန်ထမ်း​တွေအတွက် ထုတ်ယူလာတဲ့ လစာငွေကျပ် သိန်း ၁,၄၁၀ နဲ့ ဝန်ထမ်း​တချို့ကို လက်နက်ကိုင်အဖွဲ့တဖွဲ့က စက်ရုံ​ရှေ့မှာဘဲ တားဆီး ဓါးပြတိုက် ဖမ်း​ခေါ်သွားတဲ့ ဖြစ်စဉ်တခု ဩဂုတ်လ ၂၈ ရက် မနက်ပိုင်းက ဖြစ်ခဲ့ပါတယ်။ “ဩဂုတ်လ ၂၈ ရက် မနက် ၁၀ နာရီခွဲအချိန်ခန့်က မြန်မာ့စီးပွားရေးဘဏ်က​နေ စက်ရုံဝန်ထမ်း​တွေအတွက် လစာငွေထုတ်ပြန်လာချိန် စက်ရုံရှေ့အရောက်မှာ အမည်မသိတဲ့လက်နက်ရှည် ၂ လက် ကိုင်ဆောင်ထားတဲ့လူငယ် ၂ ဦးက ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး ယာဉ်​ပေါ်ပါဝန်ထမ်း​တွေကို ဖမ်းခေါ်သွားတာပါ” လို့လုံခြုံရေးနဲ့နီးစပ်သူက ပြောပါတယ်. ​အဆိုပါ မော်တော်ယာဉ်ပေါ်မှာ ယာဉ်မောင်း ဦးပြည့်ဖြိုးမောင် (၄၀ နှစ်) ၊ လက်ထောက်စက်ရုံမှူး ဦးအောင်ထိုက် (၅၄ နှစ်)၊…

Read More

ပိတ်ခံခဲ့ရတဲ့ သီပေါမြို့နယ်က ကျောင်း ၁၇ ကျောင်းကို ဒီနေ့ပြန်ဖွင့်

ဩဂုတ် ၂၉ ၊ ၂၀၂၆ CC (VOM) ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်မှာ လုံခြုံရေးအရဆိုပြီး ပိတ်ခံခဲ့ရတဲ့ စာသင်ကျောင်း ၁၇ ကျောင်းကို ဒီနေ့ ဩဂုတ် ၂၉ ရက်မှာ ပြန်လည်ဖွင့်လှစ်လိုက်ပြီလို့ သိရပါတယ် ။ အဲဒီစာသင်ကျောင်းတွေကို ဩဂုတ် ၃ ရက်နေ့ကစပိတ်ခဲ့ပြီးနောက် ဝန်ကြီးဌာနနဲ့ ပြည်နယ်အစိုးရအဖွဲ့ အပါအဝင်အားလုံး ဆွေးနွေးညှိနိူင်းမှုတွေပြုလုပ်ခဲ့ပြီး ရက်ပေါင်း ၂၇ ရက်အကြာမှာ ပြန်ဖွင့်ပေးခဲ့တာ ဖြစ်ပါတယ်။ ” အဆင်ပြေတယ် ။ကျွန်တော်တို့ ( ကျောင်းတွေ) ဒီနေ့သွားဖွင့်တယ်။ ရှမ်းပြည်နယ် အစိုးရရော ၊ပြည်ထောင်စုအဆင့်ကရော ခွင့်ပြုလိုက်တာပါ။ ” လို့ သီပေါမြို့နယ် ရှမ်းနှင့် တိုင်းရင်းသားများပါတီ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောပါတယ်။ စာသင်ကျောင်းတွေထဲမှာ MNDAA ကိုးကန့်တပ်ဖွဲ့ ထိန်းချုပ် ထားတဲ့ ဆောင်ကြဲရွာက အထက်တန်း နှစ်ကျောင်း၊ နောင်အန်ရွာ…

Read More
VOM News

FREE
VIEW