နေပြည်တော်-စက်တင်ဘာ ၁၆-၂၀၁၉
ကိုထွန်း(VOM)
၂၀၁၉ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို စက်တင်ဘာ ၁၆ရက်နေ့ မနက်ပိုင်းက နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမမှာ စတင်ကျင်းပပြုလုပ်နေပါတယ်။
စက်တင်ဘာ ၁၆ရက်ကနေ ၂၅ရက်နေ့ထိ ပြမှာဖြစ်ပြီး ၁၆ရက်နေ့ကနေ ၁၈ရက်နေ့ထိ ရတနာကုန်သည်တွေက ကျောက်မျက်အတွဲတွေကို ကြည့်ရှုစစ်ဆေးခြင်း၊ အိပ်ဖွင့်တင်ဒါစနစ်ဖြင့်ရောင်းချမည့်ကျောက်မျက်အတွဲများအတွက်ဈေးနှုန်းလွှာတင်သွင်းခြင်း(BIDDING FORM)၊ တင်ဒါပုံးများတွင်ထည့်သွင်းခြင်းတို့ ဆောင်ရွက်ရမည်ဖြစ်ကြောင်းသိရပါတယ်။
စက်တင်ဘာ၁၉ ရက်နေ့မှာ အခြေခံယူရိုငွေ ၅၀၀နှင့် တန်ဖိုးသတ်မှတ်ထားတဲ့ ကျောက်မျက်အတွဲတွေကို အိပ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမှာလို့ကြော်ငြာထားပါတယ်။
စက်တင်ဘာ ၂၀ရက်နေ့ကနေ ၂၅ရက်နေ့ထိ အခြေခံဈေး ယူရိုငွေ(၅၀၀၀)နှင့်အထက် တန်ဖိုးသတ်မှတ်ထားတဲ့ ကျောက်စိမ်းအတွဲတွေ အခြေခံဈေး ယူရိုငွေ (၁၀၀၀)နှင့်အထက်တန်ဖိုးသတ်မှတ်ထားတဲ့ အချောထည် ကျောက်စိမ်းတွဲတွေကို အိပ်ဖွင့်တင်ဒါစနစ်နဲ့ ရောင်းချမှာဖြစ်ပါတယ်။
ဒီပွဲမှာ အခြေခံဈေး ယူရို ၅၀၀၀၀၀၀ တန်ဖိုးရှိ ကျောက်စိမ်းတွဲကိုလည်းပြသထားပါတယ်။
နှစ်လယ်ကျောက်မျက်ရတနာပြပွဲကို ပြည်တွင်း၊ပြည်ပ ရတနာကုန်သည် ၄၅၅၈ လာရောက်ကြသလို ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ့နဲ့ ပြည်ထောင်စုဝန်ကြီးတွေလည်း တက်ရောက်ပြီး ပြသထားတဲ့ ကျောက်မျက်ရတနာတွေကို ကြည့်ရှု့လေ့လာခဲ့ပါတယ်။
#voiceofmyanmar #နေပြည်တော် #ကျောက်စိမ်းပြပွဲ