ဆောမြို့နယ်က ကျောက်မီးသွေးတွင်း ပေါက်ကွဲပြိုကျ

ဆောမြို့နယ်က ကျောက်မီးသွေးတွင်း ပေါက်ကွဲပြိုကျ လို့ လူ ၄ယောက်သေပြီး တွင်းထဲက ၄ယောက်လည်း အခြေအနေမကောင်းဘူး လို့ သိရပါတယ်။ မကွေးတိုင်း ဂန့်ဂေါခရိုင် ဆောမြို့နယ်က ကျောက်မြောင်းရွာနဲ့ တမိုင်ကျော်အကွာလောက်က ထွန်းရာဇာ ကုမ္ပဏီကျောက်မီးသွေးလုပ်ငန်းခွင်မှာ မီသိန်းဓါတ်ငွေ့ယိုစိမ့်ပြီး အောက်စီဂျင်နဲ့ဓါတ်ပြုပြီးတော့ ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။ ဒီလိုပေါက်ကွဲမှုဖြစ်ပြီး မြေပြိုကျလို့ လက်ရှိမှာ အလောင်း ၄လောင်းရပြီး အထဲမှာ ပိတ်မိတဲ့ ကျန်တဲ့သူ ၄ယောက်ကိုလည်း ကယ်ဖို့ခက်နေပါတယ်။ ကယ်ဆယ်ရေးလုပ်နေတဲ့ သူတွေအပြောအရ မနေ့က ၃လောင်းရပြီး ဒီနေ့ ၁လောင် ထပ်ထုတ်လို့ရကြောင်းနဲ့ ကျန်သူ ၄ယောက်လည်း အခြေအနေမကောင်းနိုင်ဘူးလို့ပြောပါတယ်။ ဆောမြို့မရဲစခန်းကတော့ ကျောက်မီးသွေးတွင်း မန်နေဂျာကို လတ်တလောမှာ ပေါ့ဆမှုနဲ့အမှုဖွင့်ထားတယ်လို့ပြောပါတယ်။ စက်တင်ဘာလ ၆ ရက်နေ့ မနေ့မနက်ပိုင်းက အလုပ်သမား ၁၂ယောက်အလုပ်လုပ်နေတုန်း ပေါက်ကွဲပြိုကျလို့ ၄ ဦးက အသက်ဘေးလွတ်ပြီး ၄လောင်းထုတ်လို့ရပေမယ့် ကျန်တဲ့တွင်းထဲပိတ်မိနေတဲ့ ၄ယောက်ရဲ့ကံကြမ္မာကတော့ တွင်းပိတ်နေတာအပြင်…

Read More

ဧရာဝတီလင်းပိုင်မျိုးတုန်းမှု ကာကွယ်ဖို့ ဧရာဝတီလင်းပိုင်ဇုန်ကို တိုးချဲ့သတ်မှတ်

စစ်ကိုင်းတိုင်းအစိုးရအဖွဲ့နှင့်ကချင်ပြည်နယ် အစိုးရအဖွဲ့ရှိ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဌာန လက်အောက်ရှိ ငါးလုပ်ငန်းဦးစီးဌာနမှ လင်းပိုင်ဇုန်များကို တိုးချဲ့သတ်မှတ်လိုက်ကြောင်း ဒီကနေ့ထုတ်ပြန် ပါတယ်။ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် ၊တူးချောင်းကျေးရွာဘက်ကမ်းနှင့် တူးချောင်းကျေးရွာကနေ သပြေလှကျေးရွာထိ ၊ စစ်ကိုင်းတိုင်း ကသာခရိုင်၊ ထီးချိုင့်မြို့နယ်ကနေ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အထိ ဧရာဝတီမြစ်ပိုင်းကို ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးနယ်မြေအဖြစ် ထပ်မံတိုးချဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။ ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးနယ်မြေအတွင်း ရေလမ်းကြောင်း ပိတ်ဆို့ ချထားတဲ့ တန်းပိုက်၊ အလျား ၃၀၀ ထက်ပိုသည် မျောပိုက်များ၊ ဘက်ထရီကျင်စက်၊ မီးစက်နဲ့ရှော့တိုက် ငါးဖမ်းဆီးခြင်း၊ အဆိပ်ချ မိုင်းခွဲ ငါးဖမ်းဆီးခြင်း စတဲ့ ကိရိယာတွေနဲ့ ငါးဖမ်းတာတွေမလုပ်ဖို့ စည်းကမ်းချက်တွေကို လိုက်နာခြင်းမရှိရင် ရေချိုငါးလုပ်ငန်း ဥပဒေအရ အရေးယူ ခံရမှဖြစ်ကြောင်း ထုတ်ပြန်ထားတာတွေ့ရပါတယ်။ ဒါ့အပြင် ရေလုပ်သားတွေဟာ ဧရာဝတီလင်းပိုင်တွေကို ဖမ်းဆီး၊ သတ်ဖြတ်တာ ရောင်းဝယ်တာတွေ မလုပ်ဖို့နဲ့…

Read More

မန္တလေးမြို့လုံခြုံရေးအတွက် ကိုယ်ထူကိုယ်ထ လုံခြုံရေး စတင်

မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊ပြည်ကြီးပျော်ဘွယ်အရှေ့ရပ်ကွက်က လူငယ်များစုစည်းပြီး ရပ်ကွက်လုံခြုံရေးအတွက် အုပ်ချုပ်ရေးမှူးအဖွဲ့နဲ့ပူးပေါင်းပြီး နေ့\ည ကင်းလှည့်ခြင်းကို စက်တင်ဘာ(၁)ရက်နေ့ကနေစပြီး လှုပ်ရှားမှုပြုလုပ်နေပါတယ်။

Read More
VOM News

FREE
VIEW