မန္တ​လေးမြို့တွင်​ ​တပ်​မ​တော်​​ထောက်​ခံပွဲ သုံးကြိမ်မြောက်ပြုလုပ်

မန္တ​လေးမြို့၊မဟာ​အောင်​​မြေမြို့နယ်​ စစ်​မှုထမ်း​ဟောင်းအဖွဲ့က ဦး​ဆောင်​ပြီး တပ်​မ​တော်​ကို​ထောက်​ခံခြင်း နှင့်​ ပြင်​ပစွက်​ဖက်​လုပ်​​ဆောင်​မှုများကို ဆန့်​ကျင်​ခြင်း ဆန္ဒထုတ်ဖော်ပွဲကို စက်​တင်​ဘာ(၁၆)ရက်​၊နံနက်​(၉)နာရီက မ​နော်​ရမ္မံပြည်​သူ့ဟစ်​တိုင်​ကွင်း​ရှေ့မှာ ပြုလုပ်​ခဲ့ကြပါတယ်​။ “​ပြောချင်​တာက​တော့ အချက်​နှစ်​ချက်​ပဲ တပ်​မ​တော်​က နိုင်​ငံ​တော်​ရဲ့တာဝန်​​တွေကို ဥပ​ဒေနဲ့အညီ​ဆောင်​ရွက်​​နေတာဖြစ်​တယ်​အတွက်​ တပ်​မ​တော်​ကို​ထောက်​ခံတယ်​ဆိုတာ အားလုံးသိ​အောင်​ ​ပြောချင်​တာက ပထမအချက်​ ၊ဒုတိယအချက်​က​တော့ ပြင်​ပက၊ နိုင်​ငံ​တော်​ရဲ့အချုပ်​အချာ အာဏာကို မတရားဝင်​​ရောက်​စွက်​ဖက်​တဲ့ လုပ်​ရပ်​​တွေကို ကန့်​ကွက်​ ရှုတ်ချ ဆန့်​ကျင်​တဲ့အ​နေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒ​ဖော်​ထုတ်တာဖြစ်​ပါတယ်​ ” လို့ မဟာ​အောင်​​မြေမြို့နယ်​ စစ်​မှုထမ်း​ဟောင်းအဖွဲ့ ဒုတိယဥက္ကဌ ဦးဝင်း​ဖေ(ဗိုလ်​ကြီး\ငြိမ်းစား) မှ ​ပြောပါတယ်​။ အဆိုပါ ​ထောက်​ခံပွဲတွေကို စက်​တင်​ဘာ(၁၃)ရက်​​နေ့က ချမ်း​အေးသာစံမြို့နယ်​ စစ်​မှုထမ်း​ဟောင်းအဖွဲ့က ပထမအကြိမ်​ ပြုလုပ်​ခဲ့ပြီး စက်​တင်​ဘာ(၁၅)​နေ့ကလည်း ပြည်​ကြီးတံခွန်​မြို့နယ်​ စစ်​မှုထမ်း​ဟောင်းအဖွဲ့က ပြုလုပ်​ခဲ့ပါသေးတယ်။ မဟာ​အောင်​​မြေမြို့နယ်​ စစ်​မှုထမ်း​ဟောင်း အဖွဲ့ကတော့ ဒီနေ့မှာ သုံးကြိမ်မြောက်​အဖြစ် တပ်​မ​တော်​​ထောက်​ခံပွဲ ပြုလုပ်​ခဲ့ပါတယ်။

Read More

နိုင်ငံတဝှမ်းပညာရေးကောလိပ်တွေဆန္ဒပြသလိုပဲ စစ်ကိုင်းပညာရေးတက္ကသိုလ်မှာ ဆန္ဒပြ

စစ်ကိုင်းပညာရေးတက္ကသိုလ်မှာ ဆန္ဒပြ နိုင်ငံတဝှမ်းပညာရေးကောလိပ်တွေဆန္ဒပြသလိုပဲ စစ်ကိုင်းပညာရေးတက္ကသိုလ်မှာ ဆန္ဒပြ ပညာရေးကောလိပ်တွေမှာ ပညာဆက်လက်သင်ယူမှုတွေနဲ့ပက်သက်လို့ ကန့်သတ်မှုတွေ ဆုံးရှုံးနစ်နာမှုတွေ ရှိနေတာကို ပညာရေးကောလိပ်များ ကျောင်းသားသမဂ္ဂများက ပညာရေးကောလိပ် ကျောင်းသားသမဂ္ဂများ ကိုယ်စားပြုကော်မတီဖွဲ့စည်းကာ တောင်းဆိုချက်(၃)ချက်ထုတ်ပြန်ခဲ့ပြီး ယနေ့မှာ စစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂများအဖွဲ့မှ ထောက်ခံမှု ပြုလုပ်ခဲ့ပါတယ်။အဆိုပါကော်မတီကို စက်တင်ဘာလ(၂)ရက်နေ့က မုံရွာ၊တောင်ငူ၊ထားဝယ်၊ပခုက္ကူ၊၊မကွေး၊စစ်ကိုင်း၊လွိုင်ကော်၊ပုသိမ်၊မြစ်ကြီးနား၊ဘားအံ၊လားရှိုး၊မော်လမြိုင်၊ကျောက်ဖြူနှင့် ဟားခါးပညာရေးကောလိပ်များမှ ကျောင်းသားသမဂ္ဂများက ဖွဲ့စည်းခဲ့ကြတယ်လို့သိရပါတယ်။ ကျောင်းတွင်းထောက်ခံပွဲ ပြုလုပ်ရာတွင် ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် အယောက်(၉၀)ခန့် ထောက်ခံမှုပြုလုပ်ခဲ့ကြပြီး ကျောင်းတွင်းသို့ မီဒီယာများအားဝင်ရောက်ခွင့်မပေးခဲ့လို့ ကျောင်းသားအချို့ ကျောင်းရှေ့ထွက်ပြီး မီဒီယာတွေနဲ့ လာရောက်တွေ့ဆုံခဲ့ပါတယ်။ ရိုက်ကူး ဟိန်းကို (Voice of Myanmar)#voiceofmyanmar #စစ်ကိုင်းကျောင်းသားဆန္ဒပြ # စစ်ကိုင်းပညာရေးကောလိပ် Posted by Voice of Myanmar on Thursday, September 13, 2018 ပညာရေးကောလိပ်တွေမှာ ပညာဆက်လက်သင်ယူမှုတွေနဲ့ပက်သက်လို့ ကန့်သတ်မှုတွေ ဆုံးရှုံးနစ်နာမှုတွေ ရှိနေတာကို…

Read More

ဟာသသရုပ်ဆောင် အောင်ရဲထွေးကို သတ်တဲ့သူတွေ လွှတ်ပေးတဲ့ တရားသူကြီးနဲ့ ဥပဒေအရာရှိအပါအဝင် ၆ ဦးကို အရေးယူထားကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ထုတ်ပြန်

ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ် ဦးဟန်ထူး၊ ရန်ကုန်တိုင်းဒေသကြီးဥပဒေအရာရှိ ဦးသိန်းဇော်၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိ ဦးကိုကိုလေး၊ ဒုတိယခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်၊ ဒုတိယခရိုင်တရားသူကြီး ဦးအောင်ကြည်နှင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ရွှေပေါက္ကံ နယ်မြေစခန်းမှူး (ယခင်သုဝဏ္ဏနယ်မြေစခန်းမှူး) လ ၁၆၆၉၅၄ ရဲအုပ်ချစ်ကိုကို တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်လှစ်အရေးယူ ============================================== ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံး၊ ရာဇဝတ်ကြီးမှုအမှတ် ၃၄/၂၀၁၈ ၊ တရားလို ဦးသန့်ဇင်ဦးက တရားခံ သန်းထွဋ်အောင်(ခ)သားကြီးပါ ၃ ဦးအပေါ် ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ စွဲဆိုထားသည့် သရုပ်ဆောင် အောင်ရဲထွေး သေဆုံးခဲ့ရသည့် အမှုကိစ္စနှင့်ပတ်သက်၍ ၂၅-၇-၂၀၁၈ ရက်နေ့တွင် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှ တရားခံများအပေါ် စွဲဆိုထားသည့်ပြစ်မှုအား ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၉၄(က)အရ ရုပ်သိမ်းခွင့်ပြုကြောင်း အမိန့်ချမှတ်ခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ကျော်စောသတင်းအဖြစ် သတ်မှတ်ခဲ့ပါသည်။ ကျော်စောသတင်းနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ရန်ကုန်အရှေ့ပိုင်း ခရိုင်တရားရုံး၊…

Read More

ပလိပ် ပန်ဒါအထည်ချုပ်စက်ရုံ အလုပ်ဖြုတ်ခံ အလုပ်သမားများ မန်းတိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံခွင့်တောင်း

ပန်ဒါအထည်ချုပ်စက်ရုံ အလုပ်သမားအရေး ပလိပ် ပန်ဒါအထည်ချုပ်စက်ရုံ အလုပ်ဖြုတ်ခံ အလုပ်သမားများ မန်းတိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံခွင့်တောင်း မန္တလေးတိုင်း၊ စဥ့်ကိုင်မြို့နယ်၊ ပလိပ်မြို့၊ပန်ဒါ ချည်မျှင် အထည် နှင့် ချောကိုင်စက်ရုံမှ အလုပ်ထုတ်ခံထားရတဲ့ အလုပ်သမား (၂၀၀)ကျော် ပြန်လည်ခန့်ထားရေး နဲ့ အမြန်ဆုံး ညှိနှိုင်းဖြေရှင်းပေးရန်အတွက် စက်တင်ဘာ(၁၃)ရက် ၊ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှေ့မှာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ တွေ့ဆုံညှိနိုင်းဖို့ ရောက်လာကြတာဖြစ်ပါတယ်။ အလုပ်သမား(၂၀၀)ကျော်ကို အလုပ်ရှင်အလုပ်သမား သဘောတူညီချက်စာချုပ် (EC စာချုပ်) မချုပ်လို့ဆိုပြီး ( ၂၀၁၈)ခုနှစ် သြဂုတ်လ ၄ရက်က အလုပ်ကထုတ်ခံကြရတာပါ။ ဒီနေ့အချိန်ထိ အလုပ်ပြန်လည် ခန့်ထားခြင်းမရှိသောကြောင့် ယခုလို အသနားခံ တောင်းဆိုမှု ပြုလုပ်ကြခြင်းဖြစ်ပါတယ်။ဟိန်းကို (voiceofmyanmar)#voiceofmyanmar #မန္တလေးတိုင်းအစိုးရရုံး #ပလိပ်စက်ရုံအလုပ်သမား Posted by Voice of Myanmar on Thursday, September…

Read More

ဒီတခါတော့ မတ္တရာတောင်သူများ အနိုင်ရပြီ

ဒီတခါတော့ မတ္တရာတောင်သူများ အနိုင်ရ ဒီတခါတော့ မတ္တရာတောင်သူများ အနိုင်ရပြီမတ္ထရာမြို့နယ် ကျောက်စရစ်မြောက်ရွာမှာ ၁၉၈၇ ခုနှစ်ကတည်းက သမဝါယမက သိမ်းထားတဲ့ မြေဧက ၆၀၀ ကျော်ကို မူလတောင်သူတွေက ခွင့်ပြုချက်မရပဲ ပြန်လည်လုပ်ကိုင်တဲ့အတွက် သမဝါယမက သူတို့မြေတွေရဲ့တန်ဖိုး သိန်း ၅ထောင် ရလိုမှုနဲ့ မြေယာစိုက်ပျိုးခွင့် ၂နှစ် နစ်နာတဲ့အတွက် သိန်း ၅ထောင် စုစုပေါင်း သိန်း ၁သောင်းရလိုမှု တိုင်းတရားလွှတ်တော်မှာ စွဲဆိုထားမှုကို တိုင်းတရားလွှတ်တော်က ပ လှပ်လိုက်တဲ့အတွက် တောင်သူတွေ အနိုင်ရရှိခဲ့ပါတယ်။ ပြီးတဲ့နှစ်တုန်းကတော့ မြေယာပြန်ရဖို့ကြိုးစားတဲ့ တောင်သူ ၄ယောက်ကို ထောင် တနှစ်စီချမှတ်ခဲ့ပြီးနောက် ခုလို ငွေရလိုမှုနဲ့ ပြန်လည်စွဲဆိုတာဖြစ်ပါတယ်။#voiceofmyanmar #မတ္ထရာ #မြေယာအမှု Posted by Voice of Myanmar on Thursday, September 13, 2018 မတ္ထရာမြို့နယ် ကျောက်စရစ်မြောက်ရွာမှာ…

Read More

တပ်မတော်ထောက်ခံကြောင်း မန္တလေးစစ်မှုထမ်းဟောင်းတွေ အသံတိတ်ဆန္ဒပြ

မန္တလေးစစ်မှုထမ်းဟောင်းတွေ အသံတိတ်ဆန္ဒပြ တပ်မတော်ထောက်ခံကြောင်း မန္တလေးစစ်မှုထမ်းဟောင်းတွေ အသံတိတ်ဆန္ဒပြ တပ်မတော်ကိုထောက်ခံခြင်း နှင့် ပြင်ပစွက်ဖက်လုပ်ဆောင်မှုများကို ဆန့်ကျင်ရန် ရည်ရွယ်၍ စက်တင်ဘာလ(၁၃)ရက်၊နံနက်ပိုင်းက မန္တလေး ချမ်းအေးသာစံမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့က ဦးဆောင်ပြီး မနော်ရမ္မံ ပြည်သူ့ဟစ်တိုင်ကွင်းရှေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။ ဒီပွဲမှာ တောင်းဆိုချက်(၇)ချက်ကို ကိုင်ဆောင်ပြီး လူ ၅၀ ဝန်းကျင်က မတ်တပ်ရပ်ပြီး အသံတိတ် တောင်းဆိုခဲ့ကြပါတယ်။ရိုက်ကူး – ဟိန်းကို ( Voice of Myanmar)#voiceofmyanmar #တပ်မတော်ထောက်ခံပွဲ #မန္တလေးဆန္ဒပြပွဲ Posted by Voice of Myanmar on Wednesday, September 12, 2018 တပ်မတော်ကိုထောက်ခံခြင်း နှင့် ပြင်ပစွက်ဖက်လုပ်ဆောင်မှုများကို ဆန့်ကျင်ရန် ရည်ရွယ်၍ စက်တင်ဘာလ(၁၃)ရက်၊နံနက်ပိုင်းက မန္တလေး ချမ်းအေးသာစံမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့က ဦးဆောင်ပြီး မနော်ရမ္မံ ပြည်သူ့ဟစ်တိုင်ကွင်းရှေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။ ဒီပွဲမှာ တောင်းဆိုချက်(၇)ချက်ကို…

Read More

လုံခြုံမှုမရှိတော့တဲ့ မန္တလေးအတွက် အရပ်ဖက်အဖွဲ့တွေလုပ်တဲ့ ဆွေးနွေးပွဲ သက်ဆိုင်ရာခွင့်မပြုလို့ပျက်

မန္တလေး လုံခြုံရေးဆွေးနွေးပွဲပျက် လုံခြုံမှုမရှိတော့တဲ့ မန္တလေးအတွက် အရပ်ဖက်အဖွဲ့တွေလုပ်တဲ့ ဆွေးနွေးပွဲ သက်ဆိုင်ရာခွင့်မပြုလို့ပျက်မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ် မဟာသကျသီဟဘုရားဝန်း ဝေဇယန္တာမဟာဗန္ဓုလဓမ္မာရုံမှာ စက်တင်ဘာ(၁၃)ရက် နံနက်(၉း၃၀)ပြုလုပ်မယ့် မန္တလေးလူထုလုံခြုံမှုရေးရာ ဆွေးနွေးပွဲ စီစဉ်ထားတာကို သက်ဆိုင်ရာက ဆွေးနွေးပွဲကိုခွင်မပြုလို့  အစီအစဉ်ဖျက်ခဲ့ရပါတယ်။ ဒီပွဲမှာ တက္ကသိုလ်အသိုင်းအဝိုင်းက ဆရာတွေ ၊ စာရေးဆရာတွေ နဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ့ ပူးပေါင်းစီစဉ်ခဲ့တာဖြစ်ပါတယ်။ ဒီတပွဲမလုပ်ရပေမယ့် နောက်ထပ်လည်း တရားဝင်ခွင့်ပြုမိန့်တောင်းပြီး စီစဉ်ဦးမယ်လို့ ပွဲစီစဉ်သူတွေက ဆိုကြပါတယ်။ရိုက်ကူး ဟိန်းကို (Voice of Myanmar)#voiceofmyanmar #မန္တလေး #မန္တလေးဒုစရိုက်မှုများကင်းဝေးရေး Posted by Voice of Myanmar on Wednesday, September 12, 2018 13 မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ် မဟာသကျသီဟဘုရားဝန်း ဝေဇယန္တာမဟာဗန္ဓုလဓမ္မာရုံမှာ စက်တင်ဘာ(၁၃)ရက် နံနက်(၉း၃၀)ပြုလုပ်မယ့် မန္တလေးလူထုလုံခြုံမှုရေးရာ ဆွေးနွေးပွဲ စီစဉ်ထားတာကို သက်ဆိုင်ရာက ဆွေးနွေးပွဲကိုခွင်မပြုလို့ …

Read More

ချောင်းဦးမှာ လူတယောက်ကို မီးရှို့သတ်တဲ့အမှု ၅ယောက်ဖမ်းပြီး စစ်ဆေးနေ

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် မကျဉ်းခွကျေးရွာအုပ်စု မင်းတည်ကျေးရွာမှာ စက်တင်ဘာ ၁၀ ရက်နေ့ ညပိုင်းက ဒေသခံမဟုတ်တဲ့အမျိုးသားတယောက်ကို ကလေးသူခိုးလို့ယူဆပြီး ဒေသခံတွေက ဝိုင်းဝန်းရိုက်နှက်ပြီးတော့ ကျေးရွာအနောက်ဘက်သုဿန်မှာ အလောင်းကိုမီးရှို့တဲ့ဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။ ဒီဖြစ်စဉ်မှာ သေဆုံးခဲ့သူဟာ စိတ်ကျန်းမာရေးချို့တဲ့သူဖြစ်ကြောင်းနဲ့ ဒီအမှုမှာ ပါဝင်ခဲ့သူ အမျိုးသား(၅)ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း ချောင်းဦးမြို့မရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ”သေဆုံးသူရဲ့ နာမည် နေရပ်လိပ်စာ အားလုံးပေါ်ပေါက်သွားပါပြီ ။ မြင်းမူမြို့နယ် ခြေရာတော်ကပါ စိတ်ကျန်းမာရေး ချို့တဲ့နေတဲ့ သူပါ။ သူက မကြာခဏ စိတ်ဖောက်ပြန်နေတော့ ခြေဦးတည်ရာကို သွားလေ့ သွားထ ရှိတော့ ခုလို ဖြစ်သွားတာပါ။ သေဆုံးသူရဲ့ ဇနီးနဲ့ ညီ အရင်း လိုက်လာတယ်။ သူ့ ယောကျာ်းက စိတ်မကျန်းမမာ ဖြစ်နေတော့ မုံရွာ-မန္တလေး စိတ္တဇ ဆေးရုံမှာလည်း ဆေးကုသထားတယ် ၊ ဆေးကုသထားတဲ့ မှတ်တမ်းတွေလည်းပါလာတယ်။ သူယောကျာ်းက…

Read More

ချောင်းဦးမှာ လူတယောက်ကို လူတစ်စုက ဝိုင်းရိုက်ပြီးမီးရှို့အလောင်းဖျောက်မှု ပေါ်ပေါက်

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ကျဉ်းဂွကျေးရွာအုပ်စု၊မင်းတည်ကျေးရွာမှာ စက်တင်ဘာလ ၁၀ ရက်နေ့ ည၈ နာရီဝန်းကျင်က အမည်မသိ အမျိုးသားတယောက်ကို ဝိုင်းဝန်းဖမ်းဆီးပြီး ရွာအနောက်ဘက် သုဿန်မှာ မီးရှို့သတ်ပြစ်မှု ဖြစ်ပွားခဲ့ကြောင်း ချောင်းဦးမြို့မရဲစခန်းက သိရပါတယ်။ “ကျွန်တော်တို့ဆီ အမှုဖွင့်ထားတာကတော့ မသင်္ကာလို့ ဝိုင်းဖမ်း ရိုက်နှက်ပြီး ရွာအနောက်ဘက် မှာရှိတဲ့ သုဿန်ကိုခေါ်သွားပြီး မီးရှို့တယ် အဲချိန်မှာ ကျွန်တော်တို့ တပ်ဖွဲ့က ရဲတစ်ဦးက ရောက်သွားပြီး မီးငြိမ်းသတ်ပြီးတော့အလောင်းကို ဆေးရုံ ပြန်ပို့ရတယ်၊ ခု စခန်းမှူး ရော မြို့နယ်မှူးရော အဲဒီရွာကို သွားစစ်နေပါတယ်၊”လို့ မီးရှို့သတ်ခံခဲ့သူဟာ ဘယ်သူဘယ်ဝါမှန်းမသိရသေးလို့ အတည်ပြုနိုင်ဖို့ ရဲတပ်ဖွဲ့က ဆက်လက်စစ်ဆေးနေတယ်လို့လည်း ချောင်းဦးမြို့မ ရဲစခန်းက တာဝန်ရှိသူ တစ်ဦးက ပြောပြပါတယ်။ ဒီဖြစ်စဉ်ကို ချောင်းဦးမြို့မရဲခန်းက (ပ) ၂၁၅ ရာဇသတ်ကြီးပုဒ်မ ၃၀၂ /၂၀၁ /၁၁၄ အရ အမှုဖွင့်…

Read More

မန္တလေးမှာ ခွင့်ပြုချက်မရှိပဲ ဆောက်နေတဲ့အဆောက်အအုံ ကွန်ဂရစ်လောင်းရင်းပြိုကျ

မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်၊ ကနောင်မင်းသားကြီးလမ်း မှာ မြို့တော်စည်ပင်သာယာရဲ့ ခွင့်ပြုချက်မရသေးပဲ ဆောက်လုပ်နေတဲ့ စားသုံးဆီသိုလှောင်တဲ့ဂိုထောင် ဆောက်လုပ်ရေးလုင်ငန်းခွင်မှာ ဘိလပ်မြေ စလစ်ပြင်လောင်းနေရင်း စက်တင်ဘာ(၁၁)ရက် နေ့လည်ပိုင်းက ပြိုကျခဲ့တာပါ။ အဆောက်အအုံပြိုကျမှုကြောင့် လုပ်ငန်းခွင်ဝင်နေတဲ့ အမျိုးသား(၈)ယောက်နဲ့ အမျိုးသမီး(၁)ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မစိုးရိမ်ရကြောင်း သိရပါတယ်။ ဒီလိုဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နဲ့ ပက်သက်လို့ သက်ဆိုင်တဲ့စည်ပင်သာယာကော်မတီကိုတင်ပြပြီး အရေးယူသွားမှာ ဖြစ်တယ်လို့ စည်ပင်သာယာတာဝန်ရှိသူတွေကပြောပါတယ်။ ဒီအဆောက်အဦးပြိုကျတဲ့ နေရာကို မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာရဲလွင်တို့လည်း လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ မန္တလေးမှာ ခွင့်ပြုချက်မရှိပဲ ဆောက်နေတဲ့အဆောက်အအုံ ကွန်ဂရစ်လောင်းရင်းပြိုကျ မန္တလေးမှာ ခွင့်ပြုချက်မရှိပဲ ဆောက်နေတဲ့အဆောက်အအုံ ကွန်ဂရစ်လောင်းရင်းပြိုကျမန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်၊ ကနောင်မင်းသားကြီးလမ်း မှာ မြို့တော်စည်ပင်သာယာရဲ့ ခွင့်ပြုချက်မရသေးပဲ ဆောက်လုပ်နေတဲ့ စားသုံးဆီသိုလှောင်တဲ့ဂိုထောင် ဆောက်လုပ်ရေးလုင်ငန်းခွင်မှာ ဘိလပ်မြေ စလစ်ပြင်လောင်းနေရင်း စက်တင်ဘာ(၁၁)ရက် နေ့လည်ပိုင်းက ပြိုကျခဲ့တာပါ။ အဆောက်အအုံပြိုကျမှုကြောင့် လုပ်ငန်းခွင်ဝင်နေတဲ့ အမျိုးသား(၈)ယောက်နဲ့ အမျိုးသမီး(၁)ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မစိုးရိမ်ရကြောင်း…

Read More
VOM News

FREE
VIEW