နိုင်ငံတဝှမ်းပညာရေးကောလိပ်တွေဆန္ဒပြသလိုပဲ စစ်ကိုင်းပညာရေးတက္ကသိုလ်မှာ ဆန္ဒပြ

စစ်ကိုင်းပညာရေးတက္ကသိုလ်မှာ ဆန္ဒပြ

နိုင်ငံတဝှမ်းပညာရေးကောလိပ်တွေဆန္ဒပြသလိုပဲ စစ်ကိုင်းပညာရေးတက္ကသိုလ်မှာ ဆန္ဒပြ ပညာရေးကောလိပ်တွေမှာ ပညာဆက်လက်သင်ယူမှုတွေနဲ့ပက်သက်လို့ ကန့်သတ်မှုတွေ ဆုံးရှုံးနစ်နာမှုတွေ ရှိနေတာကို ပညာရေးကောလိပ်များ ကျောင်းသားသမဂ္ဂများက ပညာရေးကောလိပ် ကျောင်းသားသမဂ္ဂများ ကိုယ်စားပြုကော်မတီဖွဲ့စည်းကာ တောင်းဆိုချက်(၃)ချက်ထုတ်ပြန်ခဲ့ပြီး ယနေ့မှာ စစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂများအဖွဲ့မှ ထောက်ခံမှု ပြုလုပ်ခဲ့ပါတယ်။အဆိုပါကော်မတီကို စက်တင်ဘာလ(၂)ရက်နေ့က မုံရွာ၊တောင်ငူ၊ထားဝယ်၊ပခုက္ကူ၊၊မကွေး၊စစ်ကိုင်း၊လွိုင်ကော်၊ပုသိမ်၊မြစ်ကြီးနား၊ဘားအံ၊လားရှိုး၊မော်လမြိုင်၊ကျောက်ဖြူနှင့် ဟားခါးပညာရေးကောလိပ်များမှ ကျောင်းသားသမဂ္ဂများက ဖွဲ့စည်းခဲ့ကြတယ်လို့သိရပါတယ်။ ကျောင်းတွင်းထောက်ခံပွဲ ပြုလုပ်ရာတွင် ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် အယောက်(၉၀)ခန့် ထောက်ခံမှုပြုလုပ်ခဲ့ကြပြီး ကျောင်းတွင်းသို့ မီဒီယာများအားဝင်ရောက်ခွင့်မပေးခဲ့လို့ ကျောင်းသားအချို့ ကျောင်းရှေ့ထွက်ပြီး မီဒီယာတွေနဲ့ လာရောက်တွေ့ဆုံခဲ့ပါတယ်။ ရိုက်ကူး ဟိန်းကို (Voice of Myanmar)#voiceofmyanmar #စစ်ကိုင်းကျောင်းသားဆန္ဒပြ # စစ်ကိုင်းပညာရေးကောလိပ်

Posted by Voice of Myanmar on Thursday, September 13, 2018

ပညာရေးကောလိပ်တွေမှာ ပညာဆက်လက်သင်ယူမှုတွေနဲ့ပက်သက်လို့ ကန့်သတ်မှုတွေ ဆုံးရှုံးနစ်နာမှုတွေ ရှိနေတာကို ပညာရေးကောလိပ်များ ကျောင်းသားသမဂ္ဂများက ပညာရေးကောလိပ် ကျောင်းသားသမဂ္ဂများ ကိုယ်စားပြုကော်မတီဖွဲ့စည်းကာ တောင်းဆိုချက်(၃)ချက်ထုတ်ပြန်ခဲ့ပြီး ယနေ့မှာ စစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂများအဖွဲ့မှ ထောက်ခံမှု ပြုလုပ်ခဲ့ပါတယ်။
အဆိုပါကော်မတီကို စက်တင်ဘာလ(၂)ရက်နေ့က မုံရွာ၊တောင်ငူ၊ထားဝယ်၊ပခုက္ကူ၊၊မကွေး၊စစ်ကိုင်း၊လွိုင်ကော်၊ပုသိမ်၊မြစ်ကြီးနား၊ဘားအံ၊လားရှိုး၊မော်လမြိုင်၊ကျောက်ဖြူနှင့် ဟားခါးပညာရေးကောလိပ်များမှ ကျောင်းသားသမဂ္ဂများက ဖွဲ့စည်းခဲ့ကြတယ်လို့သိရပါတယ်။
ကျောင်းတွင်းထောက်ခံပွဲ ပြုလုပ်ရာတွင် ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် အယောက်(၉၀)ခန့် ထောက်ခံမှုပြုလုပ်ခဲ့ကြပြီး ကျောင်းတွင်းသို့ မီဒီယာများအားဝင်ရောက်ခွင့်မပေးခဲ့လို့ ကျောင်းသားအချို့ ကျောင်းရှေ့ထွက်ပြီး မီဒီယာတွေနဲ့ လာရောက်တွေ့ဆုံခဲ့ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW