မန္တလေးမှာ ခွင့်ပြုချက်မရှိပဲ ဆောက်နေတဲ့အဆောက်အအုံ ကွန်ဂရစ်လောင်းရင်းပြိုကျ

မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်၊ ကနောင်မင်းသားကြီးလမ်း မှာ မြို့တော်စည်ပင်သာယာရဲ့ ခွင့်ပြုချက်မရသေးပဲ ဆောက်လုပ်နေတဲ့ စားသုံးဆီသိုလှောင်တဲ့ဂိုထောင် ဆောက်လုပ်ရေးလုင်ငန်းခွင်မှာ ဘိလပ်မြေ စလစ်ပြင်လောင်းနေရင်း စက်တင်ဘာ(၁၁)ရက် နေ့လည်ပိုင်းက ပြိုကျခဲ့တာပါ။

အဆောက်အအုံပြိုကျမှုကြောင့် လုပ်ငန်းခွင်ဝင်နေတဲ့ အမျိုးသား(၈)ယောက်နဲ့ အမျိုးသမီး(၁)ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မစိုးရိမ်ရကြောင်း သိရပါတယ်။ ဒီလိုဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နဲ့ ပက်သက်လို့ သက်ဆိုင်တဲ့စည်ပင်သာယာကော်မတီကိုတင်ပြပြီး အရေးယူသွားမှာ ဖြစ်တယ်လို့ စည်ပင်သာယာတာဝန်ရှိသူတွေကပြောပါတယ်။

ဒီအဆောက်အဦးပြိုကျတဲ့ နေရာကို မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာရဲလွင်တို့လည်း လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။

မန္တလေးမှာ ခွင့်ပြုချက်မရှိပဲ ဆောက်နေတဲ့အဆောက်အအုံ ကွန်ဂရစ်လောင်းရင်းပြိုကျ

မန္တလေးမှာ ခွင့်ပြုချက်မရှိပဲ ဆောက်နေတဲ့အဆောက်အအုံ ကွန်ဂရစ်လောင်းရင်းပြိုကျမန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်၊ ကနောင်မင်းသားကြီးလမ်း မှာ မြို့တော်စည်ပင်သာယာရဲ့ ခွင့်ပြုချက်မရသေးပဲ ဆောက်လုပ်နေတဲ့ စားသုံးဆီသိုလှောင်တဲ့ဂိုထောင် ဆောက်လုပ်ရေးလုင်ငန်းခွင်မှာ ဘိလပ်မြေ စလစ်ပြင်လောင်းနေရင်း စက်တင်ဘာ(၁၁)ရက် နေ့လည်ပိုင်းက ပြိုကျခဲ့တာပါ။ အဆောက်အအုံပြိုကျမှုကြောင့် လုပ်ငန်းခွင်ဝင်နေတဲ့ အမျိုးသား(၈)ယောက်နဲ့ အမျိုးသမီး(၁)ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မစိုးရိမ်ရကြောင်း သိရပါတယ်။ ဒီလိုဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နဲ့ ပက်သက်လို့ သက်ဆိုင်တဲ့စည်ပင်သာယာကော်မတီကိုတင်ပြပြီး အရေးယူသွားမှာ ဖြစ်တယ်လို့ စည်ပင်သာယာတာဝန်ရှိသူတွေကပြောပါတယ်။ ဒီအဆောက်အဦးပြိုကျတဲ့ နေရာကို မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာရဲလွင်တို့လည်း လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ဟိန်းကို (Voice of Myanmar)#voiceofmyanmar #မန္တလေးအဆောက်အဦးပြိုကျ #မန္တလေး

Posted by Voice of Myanmar on Tuesday, September 11, 2018

Related posts

Leave a Comment

VOM News

FREE
VIEW