ချောင်းဦးမှာ လူတယောက်ကို လူတစ်စုက ဝိုင်းရိုက်ပြီးမီးရှို့အလောင်းဖျောက်မှု ပေါ်ပေါက်

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ကျဉ်းဂွကျေးရွာအုပ်စု၊မင်းတည်ကျေးရွာမှာ စက်တင်ဘာလ ၁၀ ရက်နေ့ ည၈ နာရီဝန်းကျင်က အမည်မသိ အမျိုးသားတယောက်ကို ဝိုင်းဝန်းဖမ်းဆီးပြီး ရွာအနောက်ဘက် သုဿန်မှာ မီးရှို့သတ်ပြစ်မှု ဖြစ်ပွားခဲ့ကြောင်း ချောင်းဦးမြို့မရဲစခန်းက သိရပါတယ်။ “ကျွန်တော်တို့ဆီ အမှုဖွင့်ထားတာကတော့ မသင်္ကာလို့ ဝိုင်းဖမ်း ရိုက်နှက်ပြီး ရွာအနောက်ဘက် မှာရှိတဲ့ သုဿန်ကိုခေါ်သွားပြီး မီးရှို့တယ် အဲချိန်မှာ ကျွန်တော်တို့ တပ်ဖွဲ့က ရဲတစ်ဦးက ရောက်သွားပြီး မီးငြိမ်းသတ်ပြီးတော့အလောင်းကို ဆေးရုံ ပြန်ပို့ရတယ်၊ ခု စခန်းမှူး ရော မြို့နယ်မှူးရော အဲဒီရွာကို သွားစစ်နေပါတယ်၊”လို့ မီးရှို့သတ်ခံခဲ့သူဟာ ဘယ်သူဘယ်ဝါမှန်းမသိရသေးလို့ အတည်ပြုနိုင်ဖို့ ရဲတပ်ဖွဲ့က ဆက်လက်စစ်ဆေးနေတယ်လို့လည်း ချောင်းဦးမြို့မ ရဲစခန်းက တာဝန်ရှိသူ တစ်ဦးက ပြောပြပါတယ်။ ဒီဖြစ်စဉ်ကို ချောင်းဦးမြို့မရဲခန်းက (ပ) ၂၁၅ ရာဇသတ်ကြီးပုဒ်မ ၃၀၂ /၂၀၁ /၁၁၄ အရ အမှုဖွင့်…

Read More

မန္တလေးမှာ ခွင့်ပြုချက်မရှိပဲ ဆောက်နေတဲ့အဆောက်အအုံ ကွန်ဂရစ်လောင်းရင်းပြိုကျ

မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်၊ ကနောင်မင်းသားကြီးလမ်း မှာ မြို့တော်စည်ပင်သာယာရဲ့ ခွင့်ပြုချက်မရသေးပဲ ဆောက်လုပ်နေတဲ့ စားသုံးဆီသိုလှောင်တဲ့ဂိုထောင် ဆောက်လုပ်ရေးလုင်ငန်းခွင်မှာ ဘိလပ်မြေ စလစ်ပြင်လောင်းနေရင်း စက်တင်ဘာ(၁၁)ရက် နေ့လည်ပိုင်းက ပြိုကျခဲ့တာပါ။ အဆောက်အအုံပြိုကျမှုကြောင့် လုပ်ငန်းခွင်ဝင်နေတဲ့ အမျိုးသား(၈)ယောက်နဲ့ အမျိုးသမီး(၁)ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မစိုးရိမ်ရကြောင်း သိရပါတယ်။ ဒီလိုဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နဲ့ ပက်သက်လို့ သက်ဆိုင်တဲ့စည်ပင်သာယာကော်မတီကိုတင်ပြပြီး အရေးယူသွားမှာ ဖြစ်တယ်လို့ စည်ပင်သာယာတာဝန်ရှိသူတွေကပြောပါတယ်။ ဒီအဆောက်အဦးပြိုကျတဲ့ နေရာကို မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာရဲလွင်တို့လည်း လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ မန္တလေးမှာ ခွင့်ပြုချက်မရှိပဲ ဆောက်နေတဲ့အဆောက်အအုံ ကွန်ဂရစ်လောင်းရင်းပြိုကျ မန္တလေးမှာ ခွင့်ပြုချက်မရှိပဲ ဆောက်နေတဲ့အဆောက်အအုံ ကွန်ဂရစ်လောင်းရင်းပြိုကျမန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်၊ ကနောင်မင်းသားကြီးလမ်း မှာ မြို့တော်စည်ပင်သာယာရဲ့ ခွင့်ပြုချက်မရသေးပဲ ဆောက်လုပ်နေတဲ့ စားသုံးဆီသိုလှောင်တဲ့ဂိုထောင် ဆောက်လုပ်ရေးလုင်ငန်းခွင်မှာ ဘိလပ်မြေ စလစ်ပြင်လောင်းနေရင်း စက်တင်ဘာ(၁၁)ရက် နေ့လည်ပိုင်းက ပြိုကျခဲ့တာပါ။ အဆောက်အအုံပြိုကျမှုကြောင့် လုပ်ငန်းခွင်ဝင်နေတဲ့ အမျိုးသား(၈)ယောက်နဲ့ အမျိုးသမီး(၁)ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မစိုးရိမ်ရကြောင်း…

Read More

အမရပူရ ၂လောင်းပြိုင်လူသတ်မှု ၂ရက်အတွင်း ဖမ်းမိ

စက်တင်ဘာ ၈ ရက်နေ့က ၊အမရပူမြို့နယ်၊ငယ်တိုးကျေးရွာ အတွင်းက ရွှေလွန်း သင်္ချိုင်းထဲမှာ အသတ်ခံရတဲ့ မြင့်စိုး၊ ၅၉ နှစ်၊ ကံသာရပ်၊ ဟင်္သာကျေးရွာ အုပ်စု၊ အမရပူရမြို့နယ်နေသူနှင့် ရဲမြင့်(ခ)ရဲဝင်း၊ ၄၉ နှစ်၊ ပန်းဘဲမြောက်၊ ဟင်္သာကျေးရွာအုပ်စုတို့နဲ့ အမြဲအရက်သောက်သူထဲက မသင်္ကသူကို စစ်ဆေးရာက ဖမ်းမိနိုင်ခဲ့တာဖြစ်ပါတယ်။ သေဆုံးသူတွေနဲ့အတူ အရက်သေစာအမြဲသောက်စားလေ့ရှိသူ စိုင်းဝေကျော်(ခ)ရှမ်းလေးတွင် အပေါ်နှုတ်ခမ်းဝဲဘက်တွင် ပေါက်ပြဲဒဏ်ရာ၊ ၀ဲဘက်လက်ဖျံတွင် ဖူးယောင်ဒဏ်ရာ၊ ခြေဖ၀ါးတွင် သွေးများ ပေနေသည်ကို မသင်္ကာဖွယ်တွေ့ရှိရသဖြင့် သက်သေများရှေ့စစ်မေးခဲ့ပါတယ်။ ဒီလိုဖေါ်ထုတ်တာမှာ သူတို့အဖွဲ့နဲ့ မြင့်စိုးနှင့် ရဲမြင့် (ခ) ရဲဝင်းတို့ သင်္ချိုင်းအတွင်း အရက်အတူသောက်နေစဉ် အရက်မူးလာပြီး တစ်ဖက်နှင့် တစ်ဖက်စကားများရန်ဖြစ်ရာမှ ခိုက်ရန်ဖြစ်ပွားပြီး တုတ်များဖြင့် ၀ိုင်းဝန်းရိုက်နှက်ရာမှ သေဆုံးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ပါဝင်ကျူးလွန်သူ စိုင်းဝေကျော်(ခ) ရှမ်းလေး၊ အောင်နိုင်ဦး၊ ကျော်ဇောဦးနှင့် ညီညီအောင်တို့အား ၁၀.၉.၂၀၁၈ ရက်နေ့…

Read More
VOM News

FREE
VIEW