အမရပူရ ၂လောင်းပြိုင်လူသတ်မှု ၂ရက်အတွင်း ဖမ်းမိ

စက်တင်ဘာ ၈ ရက်နေ့က ၊အမရပူမြို့နယ်၊ငယ်တိုးကျေးရွာ အတွင်းက ရွှေလွန်း သင်္ချိုင်းထဲမှာ အသတ်ခံရတဲ့ မြင့်စိုး၊ ၅၉ နှစ်၊ ကံသာရပ်၊ ဟင်္သာကျေးရွာ အုပ်စု၊ အမရပူရမြို့နယ်နေသူနှင့် ရဲမြင့်(ခ)ရဲဝင်း၊ ၄၉ နှစ်၊ ပန်းဘဲမြောက်၊ ဟင်္သာကျေးရွာအုပ်စုတို့နဲ့ အမြဲအရက်သောက်သူထဲက မသင်္ကသူကို စစ်ဆေးရာက ဖမ်းမိနိုင်ခဲ့တာဖြစ်ပါတယ်။

သေဆုံးသူတွေနဲ့အတူ အရက်သေစာအမြဲသောက်စားလေ့ရှိသူ စိုင်းဝေကျော်(ခ)ရှမ်းလေးတွင် အပေါ်နှုတ်ခမ်းဝဲဘက်တွင် ပေါက်ပြဲဒဏ်ရာ၊ ၀ဲဘက်လက်ဖျံတွင် ဖူးယောင်ဒဏ်ရာ၊ ခြေဖ၀ါးတွင် သွေးများ ပေနေသည်ကို မသင်္ကာဖွယ်တွေ့ရှိရသဖြင့် သက်သေများရှေ့စစ်မေးခဲ့ပါတယ်။

ဒီလိုဖေါ်ထုတ်တာမှာ သူတို့အဖွဲ့နဲ့ မြင့်စိုးနှင့် ရဲမြင့် (ခ) ရဲဝင်းတို့ သင်္ချိုင်းအတွင်း အရက်အတူသောက်နေစဉ် အရက်မူးလာပြီး တစ်ဖက်နှင့် တစ်ဖက်စကားများရန်ဖြစ်ရာမှ ခိုက်ရန်ဖြစ်ပွားပြီး တုတ်များဖြင့် ၀ိုင်းဝန်းရိုက်နှက်ရာမှ သေဆုံးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ပါဝင်ကျူးလွန်သူ စိုင်းဝေကျော်(ခ) ရှမ်းလေး၊ အောင်နိုင်ဦး၊ ကျော်ဇောဦးနှင့် ညီညီအောင်တို့အား ၁၀.၉.၂၀၁၈ ရက်နေ့ နံနက် ၁၀ နာရီ၁၀ အချိန်တွင် ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒီအမှုကို အမရပူရမြို့မ ရဲစခန်းမှ (ပ)၄၃၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ထားပြီး ဖမ်းဆီးထားသူတွေကို ရုံးတင်စစ်ဆေးနေပြီဖြစ်ပါတယ်

Related posts

Leave a Comment

VOM News

FREE
VIEW