အမရပူရ ၂လောင်းပြိုင်လူသတ်မှု ၂ရက်အတွင်း ဖမ်းမိ

စက်တင်ဘာ ၈ ရက်နေ့က ၊အမရပူမြို့နယ်၊ငယ်တိုးကျေးရွာ အတွင်းက ရွှေလွန်း သင်္ချိုင်းထဲမှာ အသတ်ခံရတဲ့ မြင့်စိုး၊ ၅၉ နှစ်၊ ကံသာရပ်၊ ဟင်္သာကျေးရွာ အုပ်စု၊ အမရပူရမြို့နယ်နေသူနှင့် ရဲမြင့်(ခ)ရဲဝင်း၊ ၄၉ နှစ်၊ ပန်းဘဲမြောက်၊ ဟင်္သာကျေးရွာအုပ်စုတို့နဲ့ အမြဲအရက်သောက်သူထဲက မသင်္ကသူကို စစ်ဆေးရာက ဖမ်းမိနိုင်ခဲ့တာဖြစ်ပါတယ်။ သေဆုံးသူတွေနဲ့အတူ အရက်သေစာအမြဲသောက်စားလေ့ရှိသူ စိုင်းဝေကျော်(ခ)ရှမ်းလေးတွင် အပေါ်နှုတ်ခမ်းဝဲဘက်တွင် ပေါက်ပြဲဒဏ်ရာ၊ ၀ဲဘက်လက်ဖျံတွင် ဖူးယောင်ဒဏ်ရာ၊ ခြေဖ၀ါးတွင် သွေးများ ပေနေသည်ကို မသင်္ကာဖွယ်တွေ့ရှိရသဖြင့် သက်သေများရှေ့စစ်မေးခဲ့ပါတယ်။ ဒီလိုဖေါ်ထုတ်တာမှာ သူတို့အဖွဲ့နဲ့ မြင့်စိုးနှင့် ရဲမြင့် (ခ) ရဲဝင်းတို့ သင်္ချိုင်းအတွင်း အရက်အတူသောက်နေစဉ် အရက်မူးလာပြီး တစ်ဖက်နှင့် တစ်ဖက်စကားများရန်ဖြစ်ရာမှ ခိုက်ရန်ဖြစ်ပွားပြီး တုတ်များဖြင့် ၀ိုင်းဝန်းရိုက်နှက်ရာမှ သေဆုံးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ပါဝင်ကျူးလွန်သူ စိုင်းဝေကျော်(ခ) ရှမ်းလေး၊ အောင်နိုင်ဦး၊ ကျော်ဇောဦးနှင့် ညီညီအောင်တို့အား ၁၀.၉.၂၀၁၈ ရက်နေ့…

Read More

ဆောမြို့ ကျောက်မီးသွေးတွင်း ကယ်ဆယ်ရေး ရပ်ဆိုင်း

ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့ မကွေးတိုင်း ဆောမြို့နယ် ကျောက်မြောင်းရွာက ကျောက်မီးသွေးတွင်းထဲ ပိတ်မိနေသူ ၄ ယောက်ကို ကယ်ဆယ်ဖို့ မဖြစ်နိုင်တော့လို့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်တော့မယ်လို့ သိရပါတယ်။ ပေါက်ကွဲမှုကြောင့် ကျောက်မီးသွေးတွင်း ပြိုကျပြီး လမ်းပိတ်နေတာရယ်၊ တွင်းထဲမှာ မီသိန်းဂက်စ်ငွေ့တွေ ပြည့်နေတာရယ်ကြောင့် ကယ်ဆယ်ရေးသမားတွေအတွက် အသက်အန္တရာယ်ရှိနေတာမို့ ကယ်ဆယ်ရေးကို ရပ်ဆိုင်းရတာဖြစ်တယ်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။ “မနေ့က ကယ်ဆယ်ရေးသမားတွေရယ်၊ သတ္တုတွင်း ညွှန်ချုပ်ရယ် တွင်းထဲကိုဆင်းကြတယ်။ သူတို့ အနက်ပေ ၄၀၀ လောက်ကိုအရောက်မှာ လမ်းကပြိုပြီး ပိတ်နေတာကိုတွေ့တယ်။ ပြီးတော့ အထဲမှာ ဂက်စ်အနံ့တွေ တအားနံနေတာ၊ အန္တရာယ်တအားများတော့ သူတို့ ဆက်နေလို့ မရတော့လို့ ပြန်တက်လာကြတယ်။ အခြေအနေကို သက်ဆိုင်ရာ လူကြီးတွေနဲ့ တိုင်ပင်ပြီးတော့ ဆက်ဆင်းဖို့ မဖြစ်နိုင်တော့တာကြောင့် စိတ်မကောင်းစွာနဲ့ပဲ အခုလို ရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်ရတာပါ” လို့ ကယ်ဆယ်ရေးအဖွဲ့ဝင်တဦးဖြစ်တဲ့…

Read More

TNLA ဖမ်းထားတဲ့ အရပ်သူကို ပြန်လွှတ်ဖို့ NRPC တောင်းဆို

သြဂုတ်လ ၁၈ ရက်နေ့က နမ့်ခမ်းမြို့ ဟိုနောင်ရပ်ကွက်က ကုန်စုံဆိုင်ပိုင်ရှင် ဒေါ်နမ်းမိုဟွမ်ကို TNLA တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်က ဖမ်းဆီးထားတာကို ပြန်လွှတ်ပေးဖို့ NRPC အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနက ဒီကနေ့ ထုတ်ပြန်ချက်ထုတ် တောင်းဆိုလိုက်ပါတယ်။ TNLA ဘက်ကတော့ သူတို့ ဒေါ်နမ်းမိုဟွမ်ကို ကောင်းစွာထိမ်းသိမ်းထားပြီး သူတို့ဗဟိုတရားရုံးကနေ သူတို့ဥပဒေအတိုင်း ဆုံးဖြတ်မယ့်အကြောင်း TNLA ပြောခွင့်ရသူက ဆိုပါတယ်။

Read More

မုံရွာမှာ အရေးပေါ်အသက်ကယ်ဆယ်နည်း သင်တန်းပြီးလို့ လက်တွေ့သရုပ်ပြ

ရန်ကုန်နာရေးကူညီမှုအသင်းနဲ့ မုံရွာအခြေစိုက် We Love Tattoo အဖွဲ့ပေါင်းပြီး ဖွင့်လှစ်တဲ့ သတင်းတန်းအပြီး လူတွေကြားကွင်းဆင်းပြီး အရေးပေါ်အသက်ကယ်ဆယ်နည်းကို ခုလိုသရုပ်ပြ လက်တွေ့လုပ်ခဲ့ကြတာပါ။ ဒီသင်တန်းသားမှာ မုံရွာမြို့နယ်အနီးတဝိုက်မှ ပရဟိတအသင်းတွေက သင်တန်းသား ၇၀ ကျော်တက်ရောက်ခဲ့ကြပြီး ပတ်တီးစည်းနည်း၊အသက်ကယ်ပစ္စည်းတွေ အသုံးပြုပြီး လူနာသယ်တာ၊ နှလုံးနဲ့ အဆုတ်နှိုးဆွတာ စတဲ့ ပရဟိတအသင်းတွေအနေနဲ့ လူနာကောက်တဲ့အခါမှာ နည်းစနစ်တကျ ကောက်တတ်စေဖို့ ၄ ရက်တာ သင်ကြားပေးခဲ့တာဖြစ်ပါတယ်။

Read More

ရိုက်တာသတင်းထောက် ၂ယောက်ကို ထောင် ၇နှစ်ချလိုက်တာကိုကန့်ကွက်

ရိုက်တာသတင်းထောက် ၂ယောက်ကို ထောင် ၇နှစ်ချလိုက်တာကိုကန့်ကွက်တဲ့အနေနဲ့ရော သတင်းမီဒီယာလွတ်လပ်ခွင့်အတွက် မုံရွာအခြေစိုက် သတင်းမီဒီယာသမားတွေဟာ ရွှေစည်းခုံဘုရားပေါ်မှာ ဝတ်ပြုဆုတောင်းပွဲပြုလုပ်ခဲ့ပါတယ်။ ရိုက်တာသတင်းထောက် ၂ယောက်ကို ထောင် ၇နှစ်ချလိုက်တာကိုကန့်ကွက်တဲ့အနေနဲ့ရော သတင်းမီဒီယာလွတ်လပ်ခွင့်အတွက် မုံရွာအခြေစိုက် သတင်းမီဒီယာသမားတွေဟာ ရွှေစည်းခုံဘုရားပေါ်မှာ ဝတ်ပြုဆုတောင်းပွဲပြုလုပ်ခဲ့ပါတယ်။ ကိုအောင်ကိုလတ်မှ သူတို့သဘေားထားကိုပြောကြားစဉ်။ အောင်နေမျိုး(Voice of Myanmar)#voiceofmyanmar #မုံရွာ Posted by Voice of Myanmar on Saturday, September 8, 2018

Read More

စစ်ကိုင်းတက္ကသိုလ် ဒုပါမောက္ခချုပ်အိမ် ဖေါက်ထွင်းခံရ

စစ်ကိုင်းတက္ကသိုလ်ရဲ ဒုတိယ ပါမောက္ခချုပ် ဒေါက်တာသဇင်ရဲ့အိမ်ကို ဖေါက်ထွင်းပြီး အိမ်တွင်းဘီရိုထဲက လက်ဝတ်ရတနာ သိန်း၉၀ကျပ်ဖိုးကျော် ခိုးယူသွားတယ်လို့ ရွာသစ်ကြီးနယ်မြေရဲစခန်းကနေ သိရပါတယ်။ စစ်ကိုင်းတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ်ဟာ စက်တင်ဘာ ၅ရက်နေ့ ညနေ ၅နာရီကျော်ကတက္ကသိုလ်ကပြန်လာပြီး အိမ်နောက်ဖေးသံပန်းတံခါး ၊ ကျွန်းတံခါးနဲ့ အပေါ်ထပ် အိပ်ခန်းတံခါးနဲ့ အဝတ်အစားထည့် အလူမီနီယံဘီဒိုတံခါးတွေ ဖျက်စီးခံထားရတာကိုတွေ့ရပြီး စစ်ဆေးကြည့်တော့ လက်ဝတ်ရတနာပစ္စည်း ၆ မျိုး ကာလတန်းဖိုး ငွေကျပ် ၉၆ သိန်းကျော်ဖိုး ပျောက်ဆုံးလို့ ရွာသစ်ကြီးရဲစခန်းမှာ လာရောက်တိုင်ကြားခဲ့ပါတယ်။ ဒီဖြစ်စဉ်ကို ရွာသစ်ကြီး နယ်မြေ ရဲစခန်းက (ပ) ၇၅/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၄၅၄ အရ အမှုဖွင့် ထားပြီး ခိုးယူသူကိုမိဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

Read More

အမရပူရမြို့နယ်​တွင်​ နှစ်​​လောင်းပြိုင်​ လူသတ်​မှုဖြစ်​ပွား

မန္တ​လေးတိုင်း​ဒေသကြ်ီး​၊အမရပူမြို့နယ်​၊ငယ်​တိုး​ကျေးရွာ အတွင်းက ​ရွှေလွန်း သင်္ချိုင်းအနီးမှာ စက်​တင်​ဘာလ(၈) ရက်​​နေ့ နံနက်​(၁၀)နာရီအချိန်​ခန့်​က အမျိုးသားနှစ်​ဦး အသတ်​ခံရမှုဖြစ်​ပွားခဲ့ပါတယ်။ ” စ သိတာက​တော့ မနက် ၁၀နာရီ​လောက်​က​ပါ၊ဖြစ်​တဲ့​နေရာက ငယ်​တိုး​ကျေးရွာမှာဖြစ်​တာပါ ၊အသတ်​ခံရတာက အမျိုးသား(၂)ဦး ၊ယခုလက်​ရှိမှာ​တော့ စစ်​​ဆေးစုံစမ်းမှု​တွေ လုပ်​​နေပါတယ်​”လို့ အမရပူရ ရဲစခန်းမှ တာဝန်​ရှိသူက​ပြောပါတယ်​။ အသတ်​ခံရသူအမျိုးသားနှစ်​ဦးတွင်​ တစ်​ဦးမှာ မည်​သူမည်​၀ါဖြစ်​သည်​ကိုမသိရ​သေးပဲ တစ်​ဦးမှာ အမရပူရမြို့နယ်​၊ကံသာယာ​ကျေးရွာ ၊ဟင်္သာတိုက်​နယ်​တွင်​ ​နေထိုင်​သည့်​ အသက်​၅၉နှစ်​ခန့်​အရွယ် ​ဦးမြင့်စိုး ဖြစ်​တယ်​လို့သိရပါတယ်​။ ” အ​ဖေက မ​နေ့ညကတည်းက အိမ်​ပြန်​မလာဘူးရှင့်​၊ဒီ​နေ့မနက်​ပိုင်းမှာ ညီမတို့ရွာက အကိုတစ်​​ယောက်​က ​ရွှေလွန်းဘက်​မှာ လူနှစ်​​ယောက်​လဲ​နေတယ်​လို့​ပြောတယ်​ အဲ့ဒါနဲ့ ညီမ​​လေးအ​ဖေအိမ်​ပြန်​လာ​သေးလား အိမ်​မှာ​ရောရှိလာလို့​ပြော​တော့ ညီမကအ​ဖေအိပ်​တဲ့​နေရာသွားကြည့်​​တော့မရှိဘူးဆိုပြီး အ​ဖေဖြစ်​​နေမလားဆိုပြီးစိုးရိမ်​ပြီး သွားကြည့်​အုံး​ပြောတာနဲ့ သွားကြည့်​​တော့ အ​ဖေ ဆုံးသွားမှန်းသိရတာပါ ” လို့ ဦးမြင့်စိုးရဲ့ သမီးက ပြောပါတယ်​။ အသတ်​ခံရသူ အမျိုးသားနှစ်​ဦးတို့မှာ မျက်​နှာတစ်​ခုလုံး စုတ်​ပြတ်​ဒဏ်​ရာများဖြင့်​ ​သေဆုံးလျက်​​တွေ့ရှိရပြီး…

Read More

ဆောမြို့နယ်က ကျောက်မီးသွေးတွင်း ပေါက်ကွဲပြိုကျ

ဆောမြို့နယ်က ကျောက်မီးသွေးတွင်း ပေါက်ကွဲပြိုကျ လို့ လူ ၄ယောက်သေပြီး တွင်းထဲက ၄ယောက်လည်း အခြေအနေမကောင်းဘူး လို့ သိရပါတယ်။ မကွေးတိုင်း ဂန့်ဂေါခရိုင် ဆောမြို့နယ်က ကျောက်မြောင်းရွာနဲ့ တမိုင်ကျော်အကွာလောက်က ထွန်းရာဇာ ကုမ္ပဏီကျောက်မီးသွေးလုပ်ငန်းခွင်မှာ မီသိန်းဓါတ်ငွေ့ယိုစိမ့်ပြီး အောက်စီဂျင်နဲ့ဓါတ်ပြုပြီးတော့ ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။ ဒီလိုပေါက်ကွဲမှုဖြစ်ပြီး မြေပြိုကျလို့ လက်ရှိမှာ အလောင်း ၄လောင်းရပြီး အထဲမှာ ပိတ်မိတဲ့ ကျန်တဲ့သူ ၄ယောက်ကိုလည်း ကယ်ဖို့ခက်နေပါတယ်။ ကယ်ဆယ်ရေးလုပ်နေတဲ့ သူတွေအပြောအရ မနေ့က ၃လောင်းရပြီး ဒီနေ့ ၁လောင် ထပ်ထုတ်လို့ရကြောင်းနဲ့ ကျန်သူ ၄ယောက်လည်း အခြေအနေမကောင်းနိုင်ဘူးလို့ပြောပါတယ်။ ဆောမြို့မရဲစခန်းကတော့ ကျောက်မီးသွေးတွင်း မန်နေဂျာကို လတ်တလောမှာ ပေါ့ဆမှုနဲ့အမှုဖွင့်ထားတယ်လို့ပြောပါတယ်။ စက်တင်ဘာလ ၆ ရက်နေ့ မနေ့မနက်ပိုင်းက အလုပ်သမား ၁၂ယောက်အလုပ်လုပ်နေတုန်း ပေါက်ကွဲပြိုကျလို့ ၄ ဦးက အသက်ဘေးလွတ်ပြီး ၄လောင်းထုတ်လို့ရပေမယ့် ကျန်တဲ့တွင်းထဲပိတ်မိနေတဲ့ ၄ယောက်ရဲ့ကံကြမ္မာကတော့ တွင်းပိတ်နေတာအပြင်…

Read More

ဧရာဝတီလင်းပိုင်မျိုးတုန်းမှု ကာကွယ်ဖို့ ဧရာဝတီလင်းပိုင်ဇုန်ကို တိုးချဲ့သတ်မှတ်

စစ်ကိုင်းတိုင်းအစိုးရအဖွဲ့နှင့်ကချင်ပြည်နယ် အစိုးရအဖွဲ့ရှိ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဌာန လက်အောက်ရှိ ငါးလုပ်ငန်းဦးစီးဌာနမှ လင်းပိုင်ဇုန်များကို တိုးချဲ့သတ်မှတ်လိုက်ကြောင်း ဒီကနေ့ထုတ်ပြန် ပါတယ်။ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် ၊တူးချောင်းကျေးရွာဘက်ကမ်းနှင့် တူးချောင်းကျေးရွာကနေ သပြေလှကျေးရွာထိ ၊ စစ်ကိုင်းတိုင်း ကသာခရိုင်၊ ထီးချိုင့်မြို့နယ်ကနေ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အထိ ဧရာဝတီမြစ်ပိုင်းကို ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးနယ်မြေအဖြစ် ထပ်မံတိုးချဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။ ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးနယ်မြေအတွင်း ရေလမ်းကြောင်း ပိတ်ဆို့ ချထားတဲ့ တန်းပိုက်၊ အလျား ၃၀၀ ထက်ပိုသည် မျောပိုက်များ၊ ဘက်ထရီကျင်စက်၊ မီးစက်နဲ့ရှော့တိုက် ငါးဖမ်းဆီးခြင်း၊ အဆိပ်ချ မိုင်းခွဲ ငါးဖမ်းဆီးခြင်း စတဲ့ ကိရိယာတွေနဲ့ ငါးဖမ်းတာတွေမလုပ်ဖို့ စည်းကမ်းချက်တွေကို လိုက်နာခြင်းမရှိရင် ရေချိုငါးလုပ်ငန်း ဥပဒေအရ အရေးယူ ခံရမှဖြစ်ကြောင်း ထုတ်ပြန်ထားတာတွေ့ရပါတယ်။ ဒါ့အပြင် ရေလုပ်သားတွေဟာ ဧရာဝတီလင်းပိုင်တွေကို ဖမ်းဆီး၊ သတ်ဖြတ်တာ ရောင်းဝယ်တာတွေ မလုပ်ဖို့နဲ့…

Read More
VOM News

FREE
VIEW