မန္တလေးမြို့လုံခြုံရေးအတွက် ကိုယ်ထူကိုယ်ထ လုံခြုံရေး စတင်

မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊ပြည်ကြီးပျော်ဘွယ်အရှေ့ရပ်ကွက်က လူငယ်များစုစည်းပြီး ရပ်ကွက်လုံခြုံရေးအတွက် အုပ်ချုပ်ရေးမှူးအဖွဲ့နဲ့ပူးပေါင်းပြီး နေ့\ည ကင်းလှည့်ခြင်းကို စက်တင်ဘာ(၁)ရက်နေ့ကနေစပြီး လှုပ်ရှားမှုပြုလုပ်နေပါတယ်။

Read More

NLDအစိုးရကိုအယုံကြည်မရှိကြောင်းနဲ့ ရိုဟင်ဂျာဆိုတာမရှိကြောင်း မန္တလေးမှာ စာတွေလိုက်ကပ်

မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်စွက်ဖက်တဲ့ ယူအန်အလိုမရှိ အန်အယ်လ်ဒီ အစိုးရကိုအယုံအကြည်မရှိ မြန်မာနိုင်ငံမှာ ခိုးဝင်ဘင်္ဂလီပဲရှိပြီး ရိုဟင်ဂျာတိုင်းရင်းသားဆိုတာမရှိ၊ မြန်မာ့သမိုင်းကို သွေးဖြင့်ဆေးမည်ဆိုတဲ့ စာတွေ မန္တလေးက ဓါတ်တိုင်တွေနဲ့ လူစည်ကားတဲ့နေရာတချို့မှာ လိုက်ကပ်တာရှိနေပါတယ်။ ” လမ်းဘေးဓာတ်တိုင်တွေမှာလိုက်ကပ်ထားတာပေါ့ဗျာ၊ကျွန်တော်တို့တွေ့တာကတော့ ည(၈း၅၀)အချိန်လောက်ကပေါ့ ၊ကပ်တဲ့သူတွေကိုတော့စုံစမ်းဆဲပါပဲ တခြားထူးထူးခြားခြားတော့ မရသေးပါဘူး”လို့ မဟာအောင်မြေမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူက ပြောပါတယ်။ အေဖိုးလျှောက်လွှာစာရွှက်တွေပေါ်မှာ အင်္ဂလိပ်၊မြန်မာဘာသာနှစ်မျိုးနဲ့ ရေးထားပြီး မဟာအောင်မြေမြို့နယ်အပါအဝင်၊ ချမ်းမြသာစည် ၊ အောင်မြေသာစံနဲ့ ချမ်းအေးသာစံမြို့နယ် ၄ခုမှာလည်း တွေ့ရှိတယ်လို့ ခရိုင်ရဲတပ်ဖွဲ့က ပြောပါတယ်။ မဟာအောင်မြေမြို့နယ်မှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက ဒီလှုပ်ရှားမှုနောက်ကွယ်မှာ မတည်မငြိမ်ဖြစ်မှာကို စိုးရိမ်တဲ့အကြောင်း ” ဒီလိုစာရွက်လာကပ်တာ ခုဆို လူထုကြားပြန့်နှံ့နေပြီလေ ကျွန်တော်တို့က မဟာအောင်မြေမြို့နယ်ထဲကဆိုတော့ လက်ဖက်ရည်ဆိုင်ထိုင်လည်း ဒီအကြောင်းကလူတိုင်းပြောနေကြတယ်၊ဒီလိုစာကပ်တာက ဘာသာရေးကိုအခြေခံပြီး လူမျိုးရေးပဋိပက္ခတွေဖြစ်မှာလည်း စိုးရိမ်တယ်ပေါ့ဗျာ “လို့ ပြောပါတယ်။ စာကပ်တဲ့လှုပ်ရှားမှုဟာ မဟာအောင်မြေမြို့နယ်မှာ အများဆုံးဖြစ်တာမို့…

Read More

သီတင်းကျွတ်ရာသီစာ ကလေးကစားစရာများ ဈေးမြင့်မည်

သီတင်းကျွတ်ရာသီနီးလာတာနဲ့အမျှ မီးပူဇော်တဲ့ မန္တလေးအခေါ် မီးပလုံး နယ်အခေါ်မီးပုံးလေးများထုတ်လုပ်နေကြပြီဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ကုန်ကြမ်းဖြစ်တဲ့ ဆီစိမ်စက္ကူနဲ့ တခြားစက္ကူဈေး ဘီးလုံးဈေးမြင့်နေလို့ ပစ္စည်းအချောဈေးလည်း မြှင့်ရောင်းရမယ်လို့ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်မြန်မာ့ရိုးရာမီးပုံးလုပ်ငန်းရှင်တွေက ပြောပါတယ်။ Voice of Myanmar သတင်းထောက် ဟိန်းကိုက ရိုက်ကူးတင်ဆက်ထားပါတယ်။ သီတင်းကျွတ်ရာသီကလေးကစားစရာများ ဈေးမြင့်မည်။ သီတင်းကျွတ်ရာသီစာ ကလေးကစားစရာများ ဈေးမြင့်မည်သီတင်းကျွတ်ရာသီနီးလာတာနဲ့အမျှ မီးပူဇော်တဲ့ မန္တလေးအခေါ် မီးပလုံး နယ်အခေါ်မီးပုံးလေးများထုတ်လုပ်နေကြပြီဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ကုန်ကြမ်းဖြစ်တဲ့ ဆီစိမ်စက္ကူနဲ့ တခြားစက္ကူဈေး ဘီးလုံးဈေးမြင့်နေလို့ ပစ္စည်းအချောဈေးလည်း မြှင့်ရောင်းရမယ်လို့ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်မြန်မာ့ရိုးရာမီးပုံးလုပ်ငန်းရှင်တွေက ပြောပါတယ်။ Voice of Myanmar သတင်းထောက် ဟိန်းကိုက ရိုက်ကူးတင်ဆက်ထားပါတယ်။#voiceofmyanmar #မန္တလေးမီးပုံး Posted by Voice of Myanmar on Thursday, September 6, 2018

Read More

မုံရွာမှာ အရေးပေါ်အသက်ကယ်နည်းနဲ့ ရှေးဦးသူနာပြုစုနည်းသင်တန်း ရန်ကုန် နာကူအသင်းမှဖွင့်

ဦးကျော်သူဦးဆောင်တဲ့ ရန်ကုန် နာရေးကူညီမှုအသင်းနဲ့ မုံရွာက WE LOVE TATTOO ပရဟိတအဖွဲ့ ပူးပေါင်းပြီးတော့ ရှေးဦးသူနာပြုစုနည်းနဲ့ အရေးပေါ်အသက်ကယ်သင်တန်းကို ဇနကာရုံကျောင်းတိုက်၊ ကွေ့ကြီးရပ် မုံရွာမှာ ဖွင့်လှစ်နေပါတယ်။ သင်တန်းကိုဦးဆောင်တဲ့ ရန်ကုန်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်သူက နယ်တွေမှာ အရေးပေါ် လူနာကောက်တဲ့အခါ လူနာသယ်ပုံသယ်နည်း နည်းစနစ်မှန်ကို မသိကြတော့ မသေသင့်ပဲ သေရ မပျက်ဆီးသင့်ပဲ ပျက်စီးရတာတွေ ဖြစ်နေတဲ့အတွက် အဲလိုမျိုးမဖြစ်ရအောင် ဒီသင်တန်းပေးရတာဖြစ်တယ်လို့ ပြောပါတယ်။ ဒီသင်တန်းကို ကနီ၊ ဆားလင်းကြီး၊ ယင်းမာပင်၊ မုံရွာနဲ့ ချောင်းဦးမြို့နယ်တွေက နာရေးကူညီမှုအသင်းတွေနဲ့ လူမှုရေးအသင်းတွေက သင်တန်းသား ၆၂ ဦးတက်ရောက်ပြီး သင်တန်းဆရာ ၁၇ ယောက်က သင်ထောက်ကူ ပစ္စည်းတွေနဲ့ လက်တွေ့သရုပ်ပြ သင်ကြားပေးနေတာဖြစ်ပါတယ်။

Read More

မန္တလေး ရွှေတချောင်းဘေးက ရေဘေးဒုက္ခ

မန္တ​လေးမြို့မှာ စက်​တင်​ဘာလ(၄)ရက်​​နေ့ မနက်အ​စောပိုင်းက မိုးသည်းထန်​စွာရွာသွန်းမှု​ကြောင့်​ ​ရွှေတ​ချောင်း​မြောင်း​ရေလျှံပြီး အနီးနားက ရပ်​ကွက်​တွေထဲ ​ရေ၀င်​​​နေပါတယ်။ ယ​နေ့​နေ့လည်​ ၂နာရီအထိ ​ရေကျမသွားသေးပဲ ရှိနေပါတယ်။ ရွှေတချောင်းချောင်းဟာ မတ္ထရာနယ်ကစကပြီး မူလက လှေတွေသွားလာနိုင်ခဲ့ပါတယ်။ ခုအခါမှာတော့ ရေဆိုးမြောင်းအဖြစ် တည်ရှိနေပြီး စည်းကမ်းမဲ့ အမှိုက်စွန်ပစ်မှုတွေကြောင့် မိုးရွာတိုင်း ရေလျှံမှုတွေ ဖြစ်နေတာပါ။ ရိုက်ကူး – ဟိန်းကို (VOM) ရွှေတချောင်းဘေးက ရေဘေးဒုက္ခ မန္တလေး ရွှေတချောင်းဘေးက ရေဘေးဒုက္ခမန္တ​လေးမြို့မှာ စက်​တင်​ဘာလ(၄)ရက်​​နေ့ မနက်အ​စောပိုင်းက မိုးသည်းထန်​စွာရွာသွန်းမှု​ကြောင့်​ ​ရွှေတ​ချောင်း​မြောင်း​ရေလျှံပြီး အနီးနားက ရပ်​ကွက်​တွေထဲ ​ရေ၀င်​​​နေပါတယ်။ ယ​နေ့​နေ့လည်​ ၂နာရီအထိ ​ရေကျမသွားသေးပဲ ရှိနေပါတယ်။ ရွှေတချောင်းချောင်းဟာ မတ္ထရာနယ်ကစကပြီး မူလက လှေတွေသွားလာနိုင်ခဲ့ပါတယ်။ ခုအခါမှာတော့ ရေဆိုးမြောင်းအဖြစ် တည်ရှိနေပြီး စည်းကမ်းမဲ့ အမှိုက်စွန်ပစ်မှုတွေကြောင့် မိုးရွာတိုင်း ရေလျှံမှုတွေ ဖြစ်နေတာပါ။ ရိုက်ကူး – ဟိန်းကို (VOM)#voiceofmyanmar…

Read More

ရိုက်တာသတင်းထောက် ၂ ဦး အတွက် ဆုတောင်းပွဲ

ရိုက်​တာသတင်း​ထောက်​(၂)ဦးဖြစ်​သည့်​ ကိုဝလုံး နှင့်​ ကို​ကျော်​စိုးဦး တို့ကို ​ထောင်​ဒဏ်​(၇)နှစ်​ချမှတ်​လိုက်​တာကြောင့်​ မန္တ​လေးမြို့ခံ သတင်း​ထောက်​တွေဟာ ဒီ​နေ့ စက်​တင်​ဘာ(၃)ရက်​ ည​နေပိုင်းက မဟာမြတ်​မုနိဘုရားကြီး မှာ ဆု​တောင်းမှုပြုလုပ်​ခဲ့ကြပါတယ်။ ရိုက်တာသတင်းသမားတွေကို ထောင်ချလိုက်လို့ မန်းသတင်းသမားများ ဆုတောင်းပွဲပြုလုပ် ရိုက်​တာသတင်း​ထောက်​(၂)ဦးဖြစ်​သည့်​ ကိုဝလုံး နှင့်​ ကို​ကျော်​စိုးဦး တို့ကို ​ထောင်​ဒဏ်​(၇)နှစ်​ချမှတ်​လိုက်​တာကြောင့်​ မန္တ​လေးမြို့ခံ သတင်း​ထောက်​တွေဟာ ဒီ​နေ့ စက်​တင်​ဘာ(၃)ရက်​ ည​နေပိုင်းက မဟာမြတ်​မုနိဘုရားကြီး မှာ ဆု​တောင်းမှုပြုလုပ်​ခဲ့ကြပါတယ်​။#Voiceofmyanmar #မန္တလေးသတင်းလှုပ်ရှားမှု Posted by Voice of Myanmar on Monday, September 3, 2018  

Read More

ရိုက်တာ သတင်းထောက် ၂ဦးကို ထောင် ၇နှစ်ချမှတ်

နိုင်ငံတော်လျှို့ဝှက်ချက်အက် ဥပဒေနဲ့တရားစွဲဆို ဖမ်းဆီးခံထားတဲ့ ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးကို ရန်ကုန် မြောက်ပိုင်းခရိုင် အင်းစိန်တရားရုံးက ဒီကနေ့မှာ ထောင်ဒဏ် ၇နှစ်ချမှတ်လိုက်ပါတယ်။ ရိုက်တာသတင်းထောက်နှစ်ဦးဟာ ကိုလိုနီခေတ်ကတည်းကရှိခဲ့တဲ့ နိုင်ငံတော်လျို့ဝှက်အက်ဥပဒေချိုးဖောက်မှုနဲ့ စီရင်ချက်ချခံရတာ ဖြစ်ပါတယ်။ ဒီစီရင်ချက်ဟာ မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာ လွတ်လပ်စွာ ထုတ်ဖေါ်ခွင့်နဲ့ တရားဥပဒေစိုးမိုးရေးဟာ စိတ်ပျက်စရာဖြစ်နေတာကို ဖေါ်ပြလိုက်တာဖြစ်တဲ့အကြောင်းနဲ့ ထောင်ချခံသတင်းထောက်တွေအတွက် နောက်ထပ်လုပ်နိုင်တာတွေကို လုပ်သွားပေးမယ်လို့ သူတို့ရှေ့နေ ဦးသန်းဇော်အောင်က သတင်းမီဒီယာတွေကို ပြောပါတယ်။ ကိုဝလုံးနဲ့ကိုကျော်စိုးဦးတို့ဟာ ဒီဇင်ဘာလက သူတို့အဖမ်းမခံရခင် စားသောက်ဆိုင်တစ်ခုမှာ ရဲအရာရှိနှစ်ဦးက သူတို့ကို စာရွက်စာတမ်းတွေပေးခဲ့တယ်လို့ တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။ ဒီစားသောက်မှာတွေဆုံမှုက သတင်းထောက်တွေကို ထောင်ချောက်ဆင်ဖမ်းဖို့ ဖြစ်တယ်လို့ ရဲအရာရှိတစ်ဦးကလည်း ထွက်ဆိုထားပါတယ်။ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ လွန်ခဲ့တဲ့ တစ်နှစ်နီးပါးက ရခိုင်ပြည်နယ်အတွင်းမှာ ထောင်ပေါင်းများစွာသော လူတွေ အိုးအိမ်စွန့်ခွာခဲ့ရတဲ့ ARSA လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုအပြီးမှာ ဒါဇင်နဲ့ချီတဲ့ ဟိန္ဒူဘာသာဝင်တွေ…

Read More
VOM News

FREE
VIEW