မုံရွာမှာ အရေးပေါ်အသက်ကယ်နည်းနဲ့ ရှေးဦးသူနာပြုစုနည်းသင်တန်း ရန်ကုန် နာကူအသင်းမှဖွင့်

ဦးကျော်သူဦးဆောင်တဲ့ ရန်ကုန် နာရေးကူညီမှုအသင်းနဲ့ မုံရွာက WE LOVE TATTOO ပရဟိတအဖွဲ့ ပူးပေါင်းပြီးတော့ ရှေးဦးသူနာပြုစုနည်းနဲ့ အရေးပေါ်အသက်ကယ်သင်တန်းကို ဇနကာရုံကျောင်းတိုက်၊ ကွေ့ကြီးရပ် မုံရွာမှာ ဖွင့်လှစ်နေပါတယ်။

သင်တန်းကိုဦးဆောင်တဲ့ ရန်ကုန်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်သူက

နယ်တွေမှာ အရေးပေါ် လူနာကောက်တဲ့အခါ လူနာသယ်ပုံသယ်နည်း နည်းစနစ်မှန်ကို မသိကြတော့ မသေသင့်ပဲ သေရ မပျက်ဆီးသင့်ပဲ ပျက်စီးရတာတွေ ဖြစ်နေတဲ့အတွက် အဲလိုမျိုးမဖြစ်ရအောင် ဒီသင်တန်းပေးရတာဖြစ်တယ်လို့ ပြောပါတယ်။

ဒီသင်တန်းကို ကနီ၊ ဆားလင်းကြီး၊ ယင်းမာပင်၊ မုံရွာနဲ့ ချောင်းဦးမြို့နယ်တွေက နာရေးကူညီမှုအသင်းတွေနဲ့ လူမှုရေးအသင်းတွေက သင်တန်းသား ၆၂ ဦးတက်ရောက်ပြီး သင်တန်းဆရာ ၁၇ ယောက်က သင်ထောက်ကူ ပစ္စည်းတွေနဲ့ လက်တွေ့သရုပ်ပြ သင်ကြားပေးနေတာဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW