သီတင်းကျွတ်ရာသီစာ ကလေးကစားစရာများ ဈေးမြင့်မည်

သီတင်းကျွတ်ရာသီနီးလာတာနဲ့အမျှ မီးပူဇော်တဲ့ မန္တလေးအခေါ် မီးပလုံး နယ်အခေါ်မီးပုံးလေးများထုတ်လုပ်နေကြပြီဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ကုန်ကြမ်းဖြစ်တဲ့ ဆီစိမ်စက္ကူနဲ့ တခြားစက္ကူဈေး ဘီးလုံးဈေးမြင့်နေလို့ ပစ္စည်းအချောဈေးလည်း မြှင့်ရောင်းရမယ်လို့ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်မြန်မာ့ရိုးရာမီးပုံးလုပ်ငန်းရှင်တွေက ပြောပါတယ်။ Voice of Myanmar သတင်းထောက် ဟိန်းကိုက ရိုက်ကူးတင်ဆက်ထားပါတယ်။ သီတင်းကျွတ်ရာသီကလေးကစားစရာများ ဈေးမြင့်မည်။ သီတင်းကျွတ်ရာသီစာ ကလေးကစားစရာများ ဈေးမြင့်မည်သီတင်းကျွတ်ရာသီနီးလာတာနဲ့အမျှ မီးပူဇော်တဲ့ မန္တလေးအခေါ် မီးပလုံး နယ်အခေါ်မီးပုံးလေးများထုတ်လုပ်နေကြပြီဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ကုန်ကြမ်းဖြစ်တဲ့ ဆီစိမ်စက္ကူနဲ့ တခြားစက္ကူဈေး ဘီးလုံးဈေးမြင့်နေလို့ ပစ္စည်းအချောဈေးလည်း မြှင့်ရောင်းရမယ်လို့ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်မြန်မာ့ရိုးရာမီးပုံးလုပ်ငန်းရှင်တွေက ပြောပါတယ်။ Voice of Myanmar သတင်းထောက် ဟိန်းကိုက ရိုက်ကူးတင်ဆက်ထားပါတယ်။#voiceofmyanmar #မန္တလေးမီးပုံး Posted by Voice of Myanmar on Thursday, September 6, 2018

Read More

မုံရွာမှာ အရေးပေါ်အသက်ကယ်နည်းနဲ့ ရှေးဦးသူနာပြုစုနည်းသင်တန်း ရန်ကုန် နာကူအသင်းမှဖွင့်

ဦးကျော်သူဦးဆောင်တဲ့ ရန်ကုန် နာရေးကူညီမှုအသင်းနဲ့ မုံရွာက WE LOVE TATTOO ပရဟိတအဖွဲ့ ပူးပေါင်းပြီးတော့ ရှေးဦးသူနာပြုစုနည်းနဲ့ အရေးပေါ်အသက်ကယ်သင်တန်းကို ဇနကာရုံကျောင်းတိုက်၊ ကွေ့ကြီးရပ် မုံရွာမှာ ဖွင့်လှစ်နေပါတယ်။ သင်တန်းကိုဦးဆောင်တဲ့ ရန်ကုန်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်သူက နယ်တွေမှာ အရေးပေါ် လူနာကောက်တဲ့အခါ လူနာသယ်ပုံသယ်နည်း နည်းစနစ်မှန်ကို မသိကြတော့ မသေသင့်ပဲ သေရ မပျက်ဆီးသင့်ပဲ ပျက်စီးရတာတွေ ဖြစ်နေတဲ့အတွက် အဲလိုမျိုးမဖြစ်ရအောင် ဒီသင်တန်းပေးရတာဖြစ်တယ်လို့ ပြောပါတယ်။ ဒီသင်တန်းကို ကနီ၊ ဆားလင်းကြီး၊ ယင်းမာပင်၊ မုံရွာနဲ့ ချောင်းဦးမြို့နယ်တွေက နာရေးကူညီမှုအသင်းတွေနဲ့ လူမှုရေးအသင်းတွေက သင်တန်းသား ၆၂ ဦးတက်ရောက်ပြီး သင်တန်းဆရာ ၁၇ ယောက်က သင်ထောက်ကူ ပစ္စည်းတွေနဲ့ လက်တွေ့သရုပ်ပြ သင်ကြားပေးနေတာဖြစ်ပါတယ်။

Read More

မန္တလေး ရွှေတချောင်းဘေးက ရေဘေးဒုက္ခ

မန္တ​လေးမြို့မှာ စက်​တင်​ဘာလ(၄)ရက်​​နေ့ မနက်အ​စောပိုင်းက မိုးသည်းထန်​စွာရွာသွန်းမှု​ကြောင့်​ ​ရွှေတ​ချောင်း​မြောင်း​ရေလျှံပြီး အနီးနားက ရပ်​ကွက်​တွေထဲ ​ရေ၀င်​​​နေပါတယ်။ ယ​နေ့​နေ့လည်​ ၂နာရီအထိ ​ရေကျမသွားသေးပဲ ရှိနေပါတယ်။ ရွှေတချောင်းချောင်းဟာ မတ္ထရာနယ်ကစကပြီး မူလက လှေတွေသွားလာနိုင်ခဲ့ပါတယ်။ ခုအခါမှာတော့ ရေဆိုးမြောင်းအဖြစ် တည်ရှိနေပြီး စည်းကမ်းမဲ့ အမှိုက်စွန်ပစ်မှုတွေကြောင့် မိုးရွာတိုင်း ရေလျှံမှုတွေ ဖြစ်နေတာပါ။ ရိုက်ကူး – ဟိန်းကို (VOM) ရွှေတချောင်းဘေးက ရေဘေးဒုက္ခ မန္တလေး ရွှေတချောင်းဘေးက ရေဘေးဒုက္ခမန္တ​လေးမြို့မှာ စက်​တင်​ဘာလ(၄)ရက်​​နေ့ မနက်အ​စောပိုင်းက မိုးသည်းထန်​စွာရွာသွန်းမှု​ကြောင့်​ ​ရွှေတ​ချောင်း​မြောင်း​ရေလျှံပြီး အနီးနားက ရပ်​ကွက်​တွေထဲ ​ရေ၀င်​​​နေပါတယ်။ ယ​နေ့​နေ့လည်​ ၂နာရီအထိ ​ရေကျမသွားသေးပဲ ရှိနေပါတယ်။ ရွှေတချောင်းချောင်းဟာ မတ္ထရာနယ်ကစကပြီး မူလက လှေတွေသွားလာနိုင်ခဲ့ပါတယ်။ ခုအခါမှာတော့ ရေဆိုးမြောင်းအဖြစ် တည်ရှိနေပြီး စည်းကမ်းမဲ့ အမှိုက်စွန်ပစ်မှုတွေကြောင့် မိုးရွာတိုင်း ရေလျှံမှုတွေ ဖြစ်နေတာပါ။ ရိုက်ကူး – ဟိန်းကို (VOM)#voiceofmyanmar…

Read More
VOM News

FREE
VIEW