ဟားမတ်စ်တို့ ဖမ်းဆီးသွားတဲ့ အစ္စရေး ဓါးစာခံတွေ ထပ်မံသေဆုံး



ဂါဇာစီးတီး၊ မေ-၁၈-၂၀၂၄
မျိုးဆက်(VOM)

ဂါဇာကမ်းမြှောင်ဒေသမှာ အစ္စရေးဓါးစာခံ သုံးယောက်ရဲ့ အလောင်းတွေကို တွေ့ရှိခဲ့တယ်လို့ အစ္စရေးစစ်တပ် တာဝန်ရှိသူတွေ့က ပြောပါတယ်။

တွေ့ရှိခဲ့တဲ့ ဓါးစာခံတွေရဲ့ အလောင်းတွေကတော့ ရှန်နီလောက်၊ အမစ်ဘတ်ကီလာနဲ့ အစ်ဇာဂီရီရန်တာ တို့ြ့ဖစ်ပြီး သူတို့ရဲ့ အလောင်းတွေကို ဟားမတ်စ်တို့ရဲ့ ဥမင်တွေထဲက တွေ့ရှိခဲ့တာဖြစ်ပြီး ရုပ်ကြွင်းတွေကို အစ္စရေး ပြန်ပို့ထားပါတယ်။

အောက်တိုဘာ ၇ ရက်က အစ္စရေးကို ဟားမတ်စ်တွေရဲ့ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုအတွင်း လူပေါင်း ၁၂၀၀ သေဆုံးပြီး လူ ၂၅၂ ယောက်ကို ဓါးစာခံအဖြစ် ဂါဇာကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။

ဒါဟာ လွန်စွာ ကြေကွဲဖွယ်ဖြစ်ပြီး ဟားမတ်စ်တို့အနေနဲ့ ဓါးစာခံတွေ၊ သေဆုံးသူတွေနဲ့ ပြည်သူတွေအတွက် ထိုက်တန်တာတွေ ပြန်ပေးဆပ်ရမယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြောပါတယ်။

ဂါဇာမှာ ဖမ်းဆီးရမိခဲ့တဲ့ ဟာမတ်စ်တိုက်ခိုက်ရေးသမားတွေဆီက ရရှိခဲ့တဲ့ ထောက်လှမ်းရေးအချက်အလက်တွေအရ ဓါးစာခံတွေရဲ့ အလောင်းတွေကို တွေ့ရှိခဲ့တာလို့ အစ္စရေး တာဝန်ရှိသူတွေက ပြောပါတယ်။

နိုဝင်ဘာလမှာ အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား ရရှိခဲ့တဲ့ တပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ ဟားမတ်စ်တို့ဟာ အစ္စရေးဓါးစာခံ ၁၀၅ ယောက်ကို ပြန်လွှတ်ပေးခဲ့ပြီး အပြန်အလှန်အားဖြင့် အစ္စရေးကလည်း ပါလက်စတိုင်းအကျဉ်းသား ၂၄၀ ကို ပြန်လွှတ်ပေးခဲ့ပါတယ်။

Ref: BBC
Photo: Instagram

Related posts

Leave a Comment

VOM News

FREE
VIEW