မေ ၁၈ – ၂၀၂၄
GG(VOM)
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပမ္မတီးရပ်ကွက်ထဲကို လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ရပ်ကွက်နေထိုင်သူ နှစ်ယောက်ထက်မနည်း သေဆုံးပြီး ရှစ်ယောက်ထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီကသိရပါတယ်။
ဒီနေ့မေလ ၁၈ ရက်နေ့ အစောပိုင်းမှာလက်နက်ကြီးပစ်ခတ်သံတွေကြားရပြီးနောက် မနက်၈ နာရီလောက်မှာပမ္မတီးရပ်ကွက်ထဲကိုလက်နက်ကြီး ခြောက်လုံးကျရောက်ပေါက်ကွဲပြီး လူသေဆုံးမှုနဲ့ ဒဏ်ရာရသူတွေရှိခဲ့တာဖြစ်တယ်လို့ရပ်ကွက်ဒေသခံတွေကပြောပါတယ်။
“မနက်မစောထဲကလက်နက်ကြီးသံတွေကြားရတယ်။ ဘယ်မှာပစ်နေလဲသာမသိရတာ။ ၈နာရီလောက်ကျမှရပ်ကွက်ထဲကျတာ နေအိမ်တွေပေါ်ကျတယ်။ အဘွားတယောက်သေတယ်။ နောက်ထပ်တယောက်လည်းဆေးရုံခေါ်သွားရင်းသေတယ်။ ဒဏ်ရာရသူတွေရှိတယ်။ ကလေးတွေလည်းထိတယ်။ အိမ်တွေလည်းပျက်စီးတယ်။ ၊လက်နက်ကြီးကလည်းဘယ်အဖွဲ့ကပစ်လို့ကျတယ်ဆိုတာ သေချာမသိရဘူး ” လို့ ပမ္မတီးရပ်ကွက်နေထိုင်သူတယောက်ကဖြစ်စဉ်ကိုပြောပြပါတယ်။
KIA က ဧရာဝတီမြစ်တဖက်ကမ်းကနေ နမ့်ပေါင်လေတပ်စခန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်ကလည်း ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ၊ အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်အကြား အမ္မတီးရပ်ကွက်ထဲကိုလက်နက်ကြီးကျရောက်ခဲ့ရတာဖြစ်ပါတယ်။
မြစ်ကြီးနားဒေသခံနောက်တယောက်က ” မနက်ပိုင်းဖြစ်သွားတာ၊ KIA ကလေတပ်စခန်းကိုပစ်တယ်၊စစ်တပ်ကလည်းပြန်ပစ်တယ် အဲဒီထဲမှာ ပမ္မတီးရပ်ကွက်ကထိတာပဲသိတယ်၊ဘယ်သူပစ်လို့ကျတယ်ဆိုတာတော့ မသိဘူး၊ သေဆုံးသူ နဲ့ဒဏ်ရာရသူတွေရှိတာတော့သိတယ်၊မြို့ထဲမှာခုကတော့ အပစ်အခတ်ငြိမ်နေတယ် ” လို့ပြောပါတယ်။
လက်နက်ကြီးထိမှန်သေဆုံးသူတွေနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေကိုတော့ မြစ်ကြီးနားဆေးရုံကိုပို့ဆောင်ထားပြီး မြို့ပေါ်မှာလည်းအသွားအလာရှင်းနေတယ်လို့သိရပါတယ်။ ဧပြီလ ၁၉ ရက်နေ့တုန်းက လည်း နမ့်ပေါင်လေတပ်စခန်းကို ရှော့တိုက်ဒုံးနဲ့ပစ်ခတ် တိုက်ခိုက်ခံခဲ့ရသေးတယ်လို့သိရပါတယ်။
Photo: ဒေသခံ
Related posts
-
တပတ်အတွင်း ရွှေ၊ ဒေါ်လာ၊ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်ဈေးကွက်
စက်တင်ဘာ ၂၉ – ၂၀၂၄SS (VOM)ဒီတပတ်မှာတော့ ပြင်ပဈေးကွက်မှာ ရွှေဈေးနှုန်းတွေ ဆက်တိုက် ကျဆင်းနေတာကို... -
ရှမ်းတောင်၊ ပုံးအင်းဒေသမှာ ရေဘေးကြောင့် မျိုးစပါးတွေပျက်စီးကုန်လို့ စိုက်ပျိုးရေးပါထိခိုက်
စက်တင်ဘာ ၂၉၊ ၂၀၂၄ သတင်း-ZY ရှမ်းပြည်နယ်တောင်ပိုင်းမှာ ဆန်စပါးအများဆုံးထွက်ရှိပြီး စပါးကျည်လို့ ခေါ်ဝေါ်ကြတဲ့ ပုံးအင်းဒေသမှာ... -
နီပေါ ရေကြီးမြေပြိုမှု လူ ၁၀၀ ကျော်သေပြီး ၇၀ နီးပါး ပျောက်ဆုံး
ခတ္တမန္ဒူ ၊ စက်တင်ဘာ-၂၉-၂၀၂၄ မျိုးဆက်(VOM) နီပေါနိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံ မြေပြိုမှုတွေကြောင့် လူ...