အမရပူရမြို့နယ်​တွင်​ နှစ်​​လောင်းပြိုင်​ လူသတ်​မှုဖြစ်​ပွား

မန္တ​လေးတိုင်း​ဒေသကြ်ီး​၊အမရပူမြို့နယ်​၊ငယ်​တိုး​ကျေးရွာ အတွင်းက ​ရွှေလွန်း သင်္ချိုင်းအနီးမှာ စက်​တင်​ဘာလ(၈) ရက်​​နေ့ နံနက်​(၁၀)နာရီအချိန်​ခန့်​က အမျိုးသားနှစ်​ဦး အသတ်​ခံရမှုဖြစ်​ပွားခဲ့ပါတယ်။

” စ သိတာက​တော့ မနက် ၁၀နာရီ​လောက်​က​ပါ၊ဖြစ်​တဲ့​နေရာက ငယ်​တိုး​ကျေးရွာမှာဖြစ်​တာပါ ၊အသတ်​ခံရတာက အမျိုးသား(၂)ဦး ၊ယခုလက်​ရှိမှာ​တော့ စစ်​​ဆေးစုံစမ်းမှု​တွေ လုပ်​​နေပါတယ်​”လို့ အမရပူရ ရဲစခန်းမှ တာဝန်​ရှိသူက​ပြောပါတယ်​။

အသတ်​ခံရသူအမျိုးသားနှစ်​ဦးတွင်​ တစ်​ဦးမှာ မည်​သူမည်​၀ါဖြစ်​သည်​ကိုမသိရ​သေးပဲ တစ်​ဦးမှာ အမရပူရမြို့နယ်​၊ကံသာယာ​ကျေးရွာ ၊ဟင်္သာတိုက်​နယ်​တွင်​ ​နေထိုင်​သည့်​ အသက်​၅၉နှစ်​ခန့်​အရွယ် ​ဦးမြင့်စိုး ဖြစ်​တယ်​လို့သိရပါတယ်​။

” အ​ဖေက မ​နေ့ညကတည်းက အိမ်​ပြန်​မလာဘူးရှင့်​၊ဒီ​နေ့မနက်​ပိုင်းမှာ ညီမတို့ရွာက အကိုတစ်​​ယောက်​က ​ရွှေလွန်းဘက်​မှာ လူနှစ်​​ယောက်​လဲ​နေတယ်​လို့​ပြောတယ်​ အဲ့ဒါနဲ့ ညီမ​​လေးအ​ဖေအိမ်​ပြန်​လာ​သေးလား အိမ်​မှာ​ရောရှိလာလို့​ပြော​တော့ ညီမကအ​ဖေအိပ်​တဲ့​နေရာသွားကြည့်​​တော့မရှိဘူးဆိုပြီး အ​ဖေဖြစ်​​နေမလားဆိုပြီးစိုးရိမ်​ပြီး သွားကြည့်​အုံး​ပြောတာနဲ့ သွားကြည့်​​တော့ အ​ဖေ ဆုံးသွားမှန်းသိရတာပါ ” လို့ ဦးမြင့်စိုးရဲ့ သမီးက ပြောပါတယ်​။

အသတ်​ခံရသူ အမျိုးသားနှစ်​ဦးတို့မှာ မျက်​နှာတစ်​ခုလုံး စုတ်​ပြတ်​ဒဏ်​ရာများဖြင့်​ ​သေဆုံးလျက်​​တွေ့ရှိရပြီး ယခုလို နှစ်​​လောင်းပြိုင်​လူသတ်မှုဖြစ်​စဉ်​နှင့်​ပတ်သက်လို့ အမရပူရရဲစခန်း မှ လူသတ်​တရားခံ​ပေါ်​ပေါက်​​ရေးအတွက်​ စုံစမ်းစစ်​​ဆေးမှုများပြုလုပ်​​နေတယ်​လို့ ကနဦးသတင်းများအရ ​သိရပါတယ်​။

Related posts

Leave a Comment

VOM News

FREE
VIEW