စစ်ကိုင်းတက္ကသိုလ် ဒုပါမောက္ခချုပ်အိမ် ဖေါက်ထွင်းခံရ

စစ်ကိုင်းတက္ကသိုလ်ရဲ ဒုတိယ ပါမောက္ခချုပ် ဒေါက်တာသဇင်ရဲ့အိမ်ကို ဖေါက်ထွင်းပြီး အိမ်တွင်းဘီရိုထဲက လက်ဝတ်ရတနာ သိန်း၉၀ကျပ်ဖိုးကျော် ခိုးယူသွားတယ်လို့ ရွာသစ်ကြီးနယ်မြေရဲစခန်းကနေ သိရပါတယ်။ စစ်ကိုင်းတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ်ဟာ စက်တင်ဘာ ၅ရက်နေ့ ညနေ ၅နာရီကျော်ကတက္ကသိုလ်ကပြန်လာပြီး အိမ်နောက်ဖေးသံပန်းတံခါး ၊ ကျွန်းတံခါးနဲ့ အပေါ်ထပ် အိပ်ခန်းတံခါးနဲ့ အဝတ်အစားထည့် အလူမီနီယံဘီဒိုတံခါးတွေ ဖျက်စီးခံထားရတာကိုတွေ့ရပြီး စစ်ဆေးကြည့်တော့ လက်ဝတ်ရတနာပစ္စည်း ၆ မျိုး ကာလတန်းဖိုး ငွေကျပ် ၉၆ သိန်းကျော်ဖိုး ပျောက်ဆုံးလို့ ရွာသစ်ကြီးရဲစခန်းမှာ လာရောက်တိုင်ကြားခဲ့ပါတယ်။ ဒီဖြစ်စဉ်ကို ရွာသစ်ကြီး နယ်မြေ ရဲစခန်းက (ပ) ၇၅/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၄၅၄ အရ အမှုဖွင့် ထားပြီး ခိုးယူသူကိုမိဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

Read More

အမရပူရမြို့နယ်​တွင်​ နှစ်​​လောင်းပြိုင်​ လူသတ်​မှုဖြစ်​ပွား

မန္တ​လေးတိုင်း​ဒေသကြ်ီး​၊အမရပူမြို့နယ်​၊ငယ်​တိုး​ကျေးရွာ အတွင်းက ​ရွှေလွန်း သင်္ချိုင်းအနီးမှာ စက်​တင်​ဘာလ(၈) ရက်​​နေ့ နံနက်​(၁၀)နာရီအချိန်​ခန့်​က အမျိုးသားနှစ်​ဦး အသတ်​ခံရမှုဖြစ်​ပွားခဲ့ပါတယ်။ ” စ သိတာက​တော့ မနက် ၁၀နာရီ​လောက်​က​ပါ၊ဖြစ်​တဲ့​နေရာက ငယ်​တိုး​ကျေးရွာမှာဖြစ်​တာပါ ၊အသတ်​ခံရတာက အမျိုးသား(၂)ဦး ၊ယခုလက်​ရှိမှာ​တော့ စစ်​​ဆေးစုံစမ်းမှု​တွေ လုပ်​​နေပါတယ်​”လို့ အမရပူရ ရဲစခန်းမှ တာဝန်​ရှိသူက​ပြောပါတယ်​။ အသတ်​ခံရသူအမျိုးသားနှစ်​ဦးတွင်​ တစ်​ဦးမှာ မည်​သူမည်​၀ါဖြစ်​သည်​ကိုမသိရ​သေးပဲ တစ်​ဦးမှာ အမရပူရမြို့နယ်​၊ကံသာယာ​ကျေးရွာ ၊ဟင်္သာတိုက်​နယ်​တွင်​ ​နေထိုင်​သည့်​ အသက်​၅၉နှစ်​ခန့်​အရွယ် ​ဦးမြင့်စိုး ဖြစ်​တယ်​လို့သိရပါတယ်​။ ” အ​ဖေက မ​နေ့ညကတည်းက အိမ်​ပြန်​မလာဘူးရှင့်​၊ဒီ​နေ့မနက်​ပိုင်းမှာ ညီမတို့ရွာက အကိုတစ်​​ယောက်​က ​ရွှေလွန်းဘက်​မှာ လူနှစ်​​ယောက်​လဲ​နေတယ်​လို့​ပြောတယ်​ အဲ့ဒါနဲ့ ညီမ​​လေးအ​ဖေအိမ်​ပြန်​လာ​သေးလား အိမ်​မှာ​ရောရှိလာလို့​ပြော​တော့ ညီမကအ​ဖေအိပ်​တဲ့​နေရာသွားကြည့်​​တော့မရှိဘူးဆိုပြီး အ​ဖေဖြစ်​​နေမလားဆိုပြီးစိုးရိမ်​ပြီး သွားကြည့်​အုံး​ပြောတာနဲ့ သွားကြည့်​​တော့ အ​ဖေ ဆုံးသွားမှန်းသိရတာပါ ” လို့ ဦးမြင့်စိုးရဲ့ သမီးက ပြောပါတယ်​။ အသတ်​ခံရသူ အမျိုးသားနှစ်​ဦးတို့မှာ မျက်​နှာတစ်​ခုလုံး စုတ်​ပြတ်​ဒဏ်​ရာများဖြင့်​ ​သေဆုံးလျက်​​တွေ့ရှိရပြီး…

Read More
VOM News

FREE
VIEW