စစ်ကိုင်းတက္ကသိုလ် ဒုပါမောက္ခချုပ်အိမ် ဖေါက်ထွင်းခံရ

စစ်ကိုင်းတက္ကသိုလ်ရဲ ဒုတိယ ပါမောက္ခချုပ် ဒေါက်တာသဇင်ရဲ့အိမ်ကို ဖေါက်ထွင်းပြီး အိမ်တွင်းဘီရိုထဲက လက်ဝတ်ရတနာ သိန်း၉၀ကျပ်ဖိုးကျော် ခိုးယူသွားတယ်လို့ ရွာသစ်ကြီးနယ်မြေရဲစခန်းကနေ သိရပါတယ်။

စစ်ကိုင်းတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ်ဟာ စက်တင်ဘာ ၅ရက်နေ့ ညနေ ၅နာရီကျော်ကတက္ကသိုလ်ကပြန်လာပြီး အိမ်နောက်ဖေးသံပန်းတံခါး ၊ ကျွန်းတံခါးနဲ့ အပေါ်ထပ် အိပ်ခန်းတံခါးနဲ့ အဝတ်အစားထည့် အလူမီနီယံဘီဒိုတံခါးတွေ ဖျက်စီးခံထားရတာကိုတွေ့ရပြီး စစ်ဆေးကြည့်တော့ လက်ဝတ်ရတနာပစ္စည်း ၆ မျိုး ကာလတန်းဖိုး ငွေကျပ် ၉၆ သိန်းကျော်ဖိုး ပျောက်ဆုံးလို့ ရွာသစ်ကြီးရဲစခန်းမှာ လာရောက်တိုင်ကြားခဲ့ပါတယ်။

ဒီဖြစ်စဉ်ကို ရွာသစ်ကြီး နယ်မြေ ရဲစခန်းက (ပ) ၇၅/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၄၅၄ အရ အမှုဖွင့် ထားပြီး ခိုးယူသူကိုမိဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW