ချောင်းဦးမှာ လူတယောက်ကို မီးရှို့သတ်တဲ့အမှု ၅ယောက်ဖမ်းပြီး စစ်ဆေးနေ

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် မကျဉ်းခွကျေးရွာအုပ်စု မင်းတည်ကျေးရွာမှာ စက်တင်ဘာ ၁၀ ရက်နေ့ ညပိုင်းက ဒေသခံမဟုတ်တဲ့အမျိုးသားတယောက်ကို ကလေးသူခိုးလို့ယူဆပြီး ဒေသခံတွေက ဝိုင်းဝန်းရိုက်နှက်ပြီးတော့ ကျေးရွာအနောက်ဘက်သုဿန်မှာ အလောင်းကိုမီးရှို့တဲ့ဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။ ဒီဖြစ်စဉ်မှာ သေဆုံးခဲ့သူဟာ စိတ်ကျန်းမာရေးချို့တဲ့သူဖြစ်ကြောင်းနဲ့ ဒီအမှုမှာ ပါဝင်ခဲ့သူ အမျိုးသား(၅)ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း ချောင်းဦးမြို့မရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက

”သေဆုံးသူရဲ့ နာမည် နေရပ်လိပ်စာ အားလုံးပေါ်ပေါက်သွားပါပြီ ။ မြင်းမူမြို့နယ် ခြေရာတော်ကပါ စိတ်ကျန်းမာရေး ချို့တဲ့နေတဲ့ သူပါ။ သူက မကြာခဏ စိတ်ဖောက်ပြန်နေတော့ ခြေဦးတည်ရာကို သွားလေ့ သွားထ ရှိတော့ ခုလို ဖြစ်သွားတာပါ။ သေဆုံးသူရဲ့ ဇနီးနဲ့ ညီ အရင်း လိုက်လာတယ်။ သူ့ ယောကျာ်းက စိတ်မကျန်းမမာ ဖြစ်နေတော့ မုံရွာ-မန္တလေး စိတ္တဇ ဆေးရုံမှာလည်း ဆေးကုသထားတယ် ၊ ဆေးကုသထားတဲ့ မှတ်တမ်းတွေလည်းပါလာတယ်။ သူယောကျာ်းက စိတ်ဖောက်ပြန်တတ်ပေမယ့် ကြမ်းကြမ်းတမ်းတမ်းတွေ မလုပ်တတ်ဘူး ယဉ်ယဉ်ပါးပါးလေးနဲ့ စိတ်ဖောက်ပြန်တာ ဖြစ်တယ်။ မကြာခဏ ခြေဦးတည်ရာ သွားလေ့ သွားထရှိတယ်လို့လည်းပြောပါတယ်။ ဒါ့ကြောင့် ဒီဖြစ်စဉ်ကို အရေးယူပေးဖို့တိုင်ချက်လာဖွင့်ပါတယ်။ ကျနော်တို့ မသင်္ကာသူ ကျား ၅ယောက်ကို ဖမ်းထားပါတယ်။ အလောင်းလည်း ပြန်သယ်သွားပါပြီ လို့ ပြောပါတယ်။

ကလေးသူခိုးဟုယူဆပြီး ဝိုင်းဝန်းရိုက်နှက် မီးရှိုသတ်ခံရသူဟာ မြင်းမူမြို့နယ်၊ ခြေရာတော်ရွာက စိတ်ကျန်းမာရေးချို့ယွင်းနေသူ ဦးကြည်နိုင် ၄၂ နှစ်၊ (ဘ)ဦးဘရွှေ ဖြစ်ကြောင်း သိရပါတယ်။

ဒီဖြစ်စဉ်ကို ချောင်းဦးမြို့မရဲစခန်းမှာ (ပ)၂၁၅/ ၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂၊ ၂၀၁၊ ၁၁၄ နဲ့ အမှုလက်ခံစစ်ဆေးနေပါတယ်။

Related posts

✕
VOM News

FREE
VIEW