မန္တ​လေးမြို့တွင်​ ​တပ်​မ​တော်​​ထောက်​ခံပွဲ သုံးကြိမ်မြောက်ပြုလုပ်

မန္တ​လေးမြို့၊မဟာ​အောင်​​မြေမြို့နယ်​ စစ်​မှုထမ်း​ဟောင်းအဖွဲ့က ဦး​ဆောင်​ပြီး တပ်​မ​တော်​ကို​ထောက်​ခံခြင်း နှင့်​ ပြင်​ပစွက်​ဖက်​လုပ်​​ဆောင်​မှုများကို ဆန့်​ကျင်​ခြင်း ဆန္ဒထုတ်ဖော်ပွဲကို စက်​တင်​ဘာ(၁၆)ရက်​၊နံနက်​(၉)နာရီက မ​နော်​ရမ္မံပြည်​သူ့ဟစ်​တိုင်​ကွင်း​ရှေ့မှာ ပြုလုပ်​ခဲ့ကြပါတယ်​။

“​ပြောချင်​တာက​တော့ အချက်​နှစ်​ချက်​ပဲ တပ်​မ​တော်​က နိုင်​ငံ​တော်​ရဲ့တာဝန်​​တွေကို ဥပ​ဒေနဲ့အညီ​ဆောင်​ရွက်​​နေတာဖြစ်​တယ်​အတွက်​ တပ်​မ​တော်​ကို​ထောက်​ခံတယ်​ဆိုတာ အားလုံးသိ​အောင်​ ​ပြောချင်​တာက ပထမအချက်​ ၊ဒုတိယအချက်​က​တော့ ပြင်​ပက၊ နိုင်​ငံ​တော်​ရဲ့အချုပ်​အချာ အာဏာကို မတရားဝင်​​ရောက်​စွက်​ဖက်​တဲ့ လုပ်​ရပ်​​တွေကို ကန့်​ကွက်​ ရှုတ်ချ ဆန့်​ကျင်​တဲ့အ​နေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒ​ဖော်​ထုတ်တာဖြစ်​ပါတယ်​ ” လို့ မဟာ​အောင်​​မြေမြို့နယ်​ စစ်​မှုထမ်း​ဟောင်းအဖွဲ့ ဒုတိယဥက္ကဌ ဦးဝင်း​ဖေ(ဗိုလ်​ကြီး\ငြိမ်းစား) မှ ​ပြောပါတယ်​။

အဆိုပါ ​ထောက်​ခံပွဲတွေကို စက်​တင်​ဘာ(၁၃)ရက်​​နေ့က ချမ်း​အေးသာစံမြို့နယ်​ စစ်​မှုထမ်း​ဟောင်းအဖွဲ့က ပထမအကြိမ်​ ပြုလုပ်​ခဲ့ပြီး စက်​တင်​ဘာ(၁၅)​နေ့ကလည်း ပြည်​ကြီးတံခွန်​မြို့နယ်​ စစ်​မှုထမ်း​ဟောင်းအဖွဲ့က ပြုလုပ်​ခဲ့ပါသေးတယ်။ မဟာ​အောင်​​မြေမြို့နယ်​ စစ်​မှုထမ်း​ဟောင်း အဖွဲ့ကတော့ ဒီနေ့မှာ သုံးကြိမ်မြောက်​အဖြစ် တပ်​မ​တော်​​ထောက်​ခံပွဲ ပြုလုပ်​ခဲ့ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW