ညောင်ဦး၊ အောက်တိုဘာ ၂၇၊ ၂၀၁၈ အောင်မြင့် (ပခုက္ကူ) ညောင်ဦးမြို့ သရပါဟိုတယ်ကနေ မတရားအလုပ်ထုတ်ခံရတယ်ဆိုကာ အလုပ်ရပ်နားခံလိုက်ရတဲ့ ဝန်ထမ်းတွေကို အလုပ်ပြန်လည်ခန့်ထားရေးအတွက် သပိတ်စခန်းဖွင့် ဆန္ဒပြ တောင်းဆိုနေတာ ဒီနေ့ဆိုရင် ၁၆ ရက်ရှိနေပါပြီ။ ဆန္ဒပြ အလုပ်သမားတွေဟာ ဒီနေ့မှာတော့ သပိတ်စခန်းအပြင် ပုဂံမြို့ပေါ် နေရာ ၅ နေရာခွဲပြီး ထပ်မံဆန္ဒပြတာတွေ လုပ်ခဲ့ပါတယ်။ “ကျနော်တို့က သပိတ် ၁၆ ရက်မြောက်ဆိုတော့ ကြာနေပြီ၊ ကြာနေတော့ လုပ်ငန်းရှင်က ကျနော်တို့ တောင်းဆိုမှုအပေါ်မလိုက်လျှောတဲ့ အတွက်၊ ဒီနေ့ ပုဂံညောင်ဦးမြို့မှာ နေရာ ၅ နေရာခွဲပြီး ငြိမ်းချမ်းစွာနဲ့ ဆန္ဒဖော်ထုတ်တာ။ ဒီ ကိုးယောက်ကို အလုပ်ပြန်မခန့် မချင်း ကျနော်တို့ ဒါမျိုးတွေ လုပ်သွားမှာပါ” လို့ ဆန္ဒပြအလုပ်သမားခေါင်းဆောင် ကိုနေမျိုးဝင်းက ပြောပါတယ်။ အလုပ်သမားတွေရဲ့ တောင်းဆိုမှုကို အလုပ်ရှင်ဘက်က…
Read MoreDay: October 27, 2018
မန္တလေးကျုံးရေပြင်မှာ ဒုတိယအကြိမ် လှေလှော်ပြိုင်ပွဲ ကျင်းပ
၂၀၁၈၊အောက်တိုဘာ(၂၇) ဟိန်းကို မန္တလေးကျုံးရဲ့ အနောက်ဖက်ရေပြင်မှာ ဒုတိယအကြိမ်မြောက် တိုင်းဒေသကြီး နဲ့ ပြည်နယ်ရိုးရာလှေလှော်ပြိုင်ပွဲကို မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်က ဦးဆောင်၍ ယနေ့ အောက်တိုဘာ(၂၇)ရက်၊နံနက်ပိုင်းက ကျင်းပခဲ့ပါတယ်။ ပြိုင်ပွဲကို နှစ်ရက်တာ ကျင်းပပြုလုပ်မှာဖြစ်ပြီး ယနေ့ပထမနေ့ကို မီတာ(၂၀၀) ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒုတိယနေ့မှာ မီတာ(၅၀၀)ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ” မျိုးဆက်သစ်အားကစားသမားတွေ ပေါ်ထွက်လာဖို့ရယ်၊ ပြည်သူတစ်ရပ်လုံးက လှေလှော်အားကစားကို စိတ်ဝင်စားလာပြီး ထဲထဲဝင်ဝင်ပါဝင်လာစေဖို့အတွက် ရည်ရွယ်ပြီး ပြုလုပ်တာပါ ” လို့ မြန်မာနိုင်ငံလှေလှော်အသင်း ဥက္ကဌ ဦးသောင်းထိုက်မင်း က ပြောပါတယ်။ ပြိုင်ပွဲမှာ အမျိုးသားအသင်း(၁၃)သင်း၊ အမျိုးသမီးအသင်း(၁၀)သင်းပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပထမဆု၊ဒုတိယဆု၊တတိယဆု များကို ပြိုင်ပွဲအလိုက်ချီးမြင့်သွားမည့်အပြင်အမျိုးသားတံခွန်စိုက်ဒိုင်းဆု၊ အမျိုးသမီးတံခွန်စိုက်ဒိုင်းဆု၊စုပေါင်းဒိုင်းဆု တို့ကိုပါ ထည့်သွင်း ချီးမြင့်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ အန်အယ်လ်ဒီအစိုးရတက်ပြီးတဲ့နောက် ၂၀၁၆ ခုနှစ်ကလည်း မန္တလေးတိုင်းအစိုးရက ကြီးမှူးပြီး ပထမအကြိမ်လှေပြိုင်ပွဲကျင်းပခဲ့ပါသေးတယ်။ …
Read More