“ စသိသိချင်း “ရုပ်ရှင်ဇာတ်ကားရိုက်ရာမှာ အခက်အခဲတွေရှိခဲ့တယ်ဆိုတဲ့ ခင်ဝင့်ဝါ

 

ရန်ကုန် နိုဝင်ဘာ ၁၁
သင်းသဒ္ဒါ ( VOM)

ပရိသတ်က ပရိတ်သတ်အခိုင်အမာ အားပေးမှုတွေရနေတဲ့ သရုပ်ဆောင် ခင်ဝင့်ဝါကတော့ စသိသိချင်း “ ရုပ်ရှင်ဇာတ်ကားရိုက်ရာမှာ အခက်အခဲတွေရှိခဲ့တယ်လို့ ပြောပါတယ်။

အလှမယ်လောကနေ တဆင့် အနုပညာသရုပ်ဆောင်လောကထဲသို့ ရောက်ရှိလာပြီးတော့ ပရိသတ်က ပရိတ်သတ်အခိုင်အမာ အားပေးမှုတွေရနေတဲ့ သရုပ်ဆောင် ခင်ဝင့်ဝါကတော့ စသိသိချင်း “ ရုပ်ရှင်ဇာတ်ကားရိုက်ရာမှာ အခက်အခဲတွေရှိခဲ့တယ်လို့ ပြောပါတယ်။

“စသိသိချင်း” ဇာတ်ကားကြီးကို ကာရိုက်တာမရင်းနှီးပဲ ရိုက်ရတော့ အခက်အခဲ တော့ရှိတာ ပေါ့။ ညီမအတွက် တကယ်လို့ ဗန့်ကာရိုက်တာဆိုရင်လည်း အဖြည်လေးတော့ပါစေချင်တယ်လေ။ မလွဲမသာ ဒီလိုကာရိုက်တာမျိုးက ကြုံလာမှာပဲဆိုတော့ အကောင်းဆုံး ဖြစ်အောင် ကာရိုက်တာတစ်ခုကို လုပ် ဆောင်ပါတယ်”လို့ဆိုပါတယ်။

ဒါ့ပြင် သူ့ဘ၀ရဲ့ ပထမဆုံး ရုပ်သံ ဇာတ်လမ်းတွဲဖြစ်တဲ့ “အကြင်နာမြစ်ဖျား”မှာ ပါဝင်သရုပ် ဆောင်ထားပါတယ်လို့ ဆိုပါတယ်။ သူ့မ လက်ရှိတွင် ဇာတ်လမ်းတွဲ နဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ဘယ်လိုအချိန်ပေးဖြစ်လဲဆိုတော့ “ဒီဇာတ် လမ်း တွဲက ညီမအတွက် ပထမဦးဆုံး ဇာတ်လမ်းတွဲလည်း ဖြစ်ပါတယ်။ ကိုသားညီကတော့ ညီမတို့ကို အချိန် လေး သေချာ ပေးထားပါတယ်။ အနုပညာမောင်နှမတွေဖြစ်တဲ့အတွက် နှစ်ဦးနှစ်ဖက် ညှိနှိုင်းပြီးတော့ လုပ်သွား မှာပါ။ ညီမက ကိုယ့်လက်ခံထားတဲ့ အလုပ်တစ်ခု လုပ်နေချိန်မှာ နောက်အလုပ်တစ်ခု ၀င်လာတဲ့အချိန် တွေက တော့ ရှားပါတယ်။ ဒါရိုက်တာက ဘယ် ဆင်းန်တွေမှာ ဘယ်လိုရိုက်ရမယ် ဆိုတာကြိုပြော ထားတယ်။ ဒါ ကြောင့် ဒီအဖွဲ့တစ်ခု နဲ့ အလုပ်လုပ်ရတာဖြစ်လို့ သူ့တို့ခွင့်တောင်းပြီးလို့ အဆင်ပြေတယ်ဆိုမှ ကြော်ငြာတွေ လည်းရိုက်ဖြစ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် အခက် အခဲတွေဖြစ်လာရင်တော့ ဒါရိုက်တာအချင်းချင်း ညှိရိုက် ကြတာရှိပါတယ်။ ကာရိုက်တာနဲ့ ပတ်သက်ပြီး မုဒ် သွင်းရတာတော့ တော်တော်လေးလည်း ခက်ခဲတာ ပေါ့ နော်။ ကြိုပြင်ဆင်ထားတာတော့ မရှိဘူး၊ ကိုယ့်စိတ်ကူးထဲက ပေါ်လာအတိုင်းဆိုပေမယ့် ဒါရိုက်တာ ကြိုက် နှစ်သက်တဲ့ မုဒ်မရမချင်းကတော့ ညီမလုပ်ပေးပါတယ်။ တချို့ကာရိုက်တာက ကြိုတော့မသိရတော့ မု(ဒ်)သွင်းရ တာ ခက်ခဲတာပေါ့။

သရုပ်ဆောင် ခင်ဝင့်ဝါဟာ ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင် ရိုက်ကူးထားသော ငါမုန်းတဲ့အက္ခရာ ရုပ်ရှင်ဇာတ်ကားကြီးမှာ လည်း ယခင်ရွှေမှုန်ရတီနေရာတွင် ခင်ဝင့်ဝါက နေပြည်တော်၌ အကောင်းဆုံးပါဝင်သရုပ်ဆောင်ထားသူလည်း ဖြစ်ပါတယ်။

ဓါတ်ပုံ- သင်းသဒ္ဒါ
#voiceofmyanmar #ခင်ဝင့်ဝါ #စသိသိချင်း

Related posts

Leave a Comment

VOM News

FREE
VIEW