ကုန်ပစ္စည်းဝန်ဆောင်မှုများအတွက် ရန်ကုန်ကုန်းတွင်းဆိပ်ကမ်းကို တရားဝင်ဖွင့်လှစ်

  ရန်ကုန် – နိုဝင်ဘာ ၁၁၊ ၂၀၁၈- ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများနှင့် သီလဝါဆိပ်ကမ်းများအတွက် ယာဉ်ကြော သွားလာရေး ပိတ်ဆို့မှု လျှော့ချပြီး ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရာတွင် ကုန်ကျစရိတ် လျှော့ချနိုင်ရန် ရည်ရွယ် သောကုန်းတွင်းဆိပ်ကမ်း စီမံကိန်းဖြစ်သည့် Yangon Dry Port ကို ရွာသာကြီးတွင် ယနေ့ တရားဝင် ဖွင့်လှစ်လိုက်ကြောင်း ကြေညာခဲ့သည်။ ဤကုန်းတွင်းဆိပ်ကမ်း စီမံကိန်းများကို ဆောက်လုပ်၊စီမံ၊ လွှဲပြောင်းစနစ် (Build, Operate and Transfer, BOT) system) ဖြင့် KM Terminal & Logistics Limited မှ စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ “ဒီနေ့ ရန်ကုန်မှာ ရွာသာကြီး ကုန်းတွင်းဆိပ်ကမ်း ဖွင့်လိုက်ပြီဆိုတဲ့အကြောင်းကို ကြေညာနိုင်တဲ့အတွက် အင်မတန်ဂုဏ်ယူ မိပါတယ်။ ဒီကုန်းတွင်းဆိပ်ကမ်းက ၂၀၁၈ မေလလောက်ကတည်းက…

Read More

မီးနီရပ်နေတဲ့ဆိုင်ကယ်ကို ဝင်တိုက်လို့ လူနှစ်ယောက်သေတဲ့ကိစ္စ ပြိုင်ကားပိုင်ရှင်ဘက်က ဘာပြောသလဲ

  မန္တလေး နိုဝင်ဘာ ၁၁-၂၀၁၈ ဟိန်းကို (VOM) ၂၀၁၈ခုနှစ် နိုဝင်ဘာ(၈)ရက်နေ့ညပိုင်းက မန္တလေးမြို့၊အောင်မြေသာစံမြို့နယ် ၊ ၇၈လမ်း နဲ့ ၂၆လမ်း ဒေါင့်မှာ လူငယ်နှစ်ဦးဟာ ဆိုင်ကယ်နဲ့မီးပွိုင့်မီးနေတာကို စောင့်နေတဲ့အချိန် နောက်ကနေ Lexus အမျိုးအစား ပြိုင်ကားအနီရောင်က ၀င်တိုက်မှုကြောင့် ဆိုင်ကယ်ပေါ်ပါ လူနှစ်ဦး သေဆုံးမှုဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မှာ ပြိုင်ကားအနီရောင် ကားပိုင်ရှင်ဟာ ကားကိုတခြားသူကိုငှားလိုက်တာဖြစ်တာမို့ ကောလဟလဖြစ်နေတဲ့ လူစားလဲတယ်ဆိုတာ မဟုတ်မှန်ကြောင်း ဒီနေ့ နိုဝင်ဘာ(၁၁)ရက် နေ့လည်ပိုင်းက မန္တလေး မီဒီယာစင်မှာပြုလုပ်တဲ့ သတင်းစားရှင်းပွဲ မှာ ပြောခဲ့ပါတယ်။ လက်ရှိမှာ ပြိုင်ကားနဲ့ ဆိုင်ကယ်ကိုတိုက်လိုက်တဲ့ ယာဉ်မောင်းကို ၊ နယ်မြေခံ အမှတ်(၂)ရဲစခန်းက ယာဉ်(ပ)၁၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က (ပေါ့လျော့မှုကြောင့်လူသေမှု)၊ (ပ)၄၂၀/ ၂၀၁၈၊ပြည်သူပိုင်ပစ္စည်းကို ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၆(၁)တို့နဲ့ အမှုဖွင့်စစ်ဆေးလျက်ရှိတယ်လို့ သိရပါတယ်။ #voiceofmyanmar #မန္တလေးပြိုင်ကားတိုက်မှု

Read More

မာလီဘူးကမ်းခြေမှာ အိမ်ဝယ်ထားတဲ့ ကမ္ဘာကျော်အနုပညာရှင်တွေ ကယ်လီဖိုးနီးယားတောမီးကြောင့် စိုးရိမ်နေကြ

  ကာလီဖိုးနီးယား၊ နိုဝင်ဘာ-၁၁-၂၀၁၈ မျိုးဆက် (VOM) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ လောင်ကျွမ်းနေတဲ့ တောမီးဟာ အပန်းဖြေမြို့ဖြစ်တဲ့ မာလီဘူးအထိပါ ကူးစက်လောင်ကြွမ်းနေပြီး မာလီဘူးမြို့ဟာ ဟောလီဝုဒ်အကျော်အမော်တွေ နဲ့ နာမည်ကြီး အနုပညာရှင်တွေ အပန်းဖြေအနားယူဖို့ အိမ်တွေဝယ်ထားရာနေရာတစ်ခုဖြစ်ပါတယ်။ ဒီိလိုတောမီးကျွမ်းမှုကြောင့် မင်းသားအော်လန်ဒိုဘလွန်း၊ လေဒီဂါဂါတို့အပါအ၀င် နာမည်ကျော်ဟောလီးဝုဒ် စတားတွေကကလည်း ၎င်းတို့ရဲ့နေအိမ်တွေ၊ ဒေသခံတွေကို မီးသတ်သမားတွေကို စိုးရိမ်ပူပန်ကြောင်း ၎င်းတို့ရဲ့လူမှုကွန်ရက်တွေမှာ ထုတ်ဖော်ပြောဆိုနေကြပါတယ်။ နေအိမ်တွေမီးလောင်မှာကို စိုးရိမ်နေကြသူတွေထဲမှာတော့ One Direction အဖွဲ့ဝင်ဟောင်း Liam Payne၊ သရုပ်ဆောင် Alyssa Milano ၊ အဆိုတော် Cher နဲ့ John Schreiber ၊ Lady Gaga ၊ Orlandobloom တို့ပါဝင်ကြပါတယ်။ ကယ်လီဖိုးနီးယားတောမီးဟာ နေရာသုံးခုခွဲပြီး အလျင်အမြန်ကူးစက်လောင်းကြွမ်းနေပါတယ်။ လက်ရှိအချိန်အထိ လူပေါင်း ၂၅ ဦးသေဆုံးပြီး လူနှစ်သိန်းလောက်ကို…

Read More

Lion Air ပျက်ကျရာမှု ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများရပ်ဆိုင်း၊ ခရီးသည် ၇၉ ဦးရဲ့ အလောင်းသာပြန်တွေ့

  ဂျကာတာ၊ နိုဝင်ဘာ-၁၁ မျိုးဆက် (VOM) အင်ဒိုနီးရှားနိုင်ငံမှာ ခရီးသည် ၁၈၉ ဦးကိုတင်ဆောင်ထားတဲ့ Lion Air ပျက်ကျရာမှာ ပါဝင်တဲ့သူတွေကို ရှာဖွေကယ်ဆယ်တဲ့ လုပ်ငန်းကို ရပ်ဆိုင်းလိုက်ပြီဖြစ်တယ်လို့ အင်ဒိုနီးရှား အာဏာပိုများက နိုဝင်ဘာ ၁၀ ရက်မှာ ပြောဆိုလိုက်ပါတယ်။ ခရီးသည် ၁၈၉ ဦးထဲကမှ မည်သူဆိုတာကို ခွဲခြားနိုင်တဲ့ ရုပ်အလောင် ၇၉ လောင်းသာပြန်လည် တွေ့ရှိခဲ့တာဖြစ်ပြီး သဂြိုလ်ဖို့အတွက် မိသားစုတွေဆီကို လွဲပြောင်းပေးလိုက်ပြီဖြစ်ပါတယ်။ ဒါ့အပြင် ခနာကိုယ်အစိတ်အပိုင်းတွေအပါအ၀င် ခရီးသည်တွေရဲ့ အိပ် ၁၉၆ အိပ်ရှာဖွေ့တွေ့ရှိခဲ့ပါတယ်။ ယမန်နေ့နေ့လည်ကနေ ယနေ့အထိ ရုပ်အလောင်းတစ်စုံတစ်ရာကိုမှတွေ့ရှိခြင်းမရှိတာကြောင့် ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ပြီးဆုံးပြီဖြစ်တယ်လို့  ကယ်ဆယ်ရေးဌာနအကြီးအကဲ မိုဟာမက် ဆာရာဂျီက နိုဝင်ဘာ ၁၀ ရက်မှာ ကြေညာလိုက်ပါတယ်။ ပျက်ကျခဲ့တဲ့ လေယာဉ်ရဲ့အင်ဂျင်၊ ဘီးတွေနဲ့ ထိုင်ခုံတွေကိုလည်း  ပင်လယ်အတွင်းကနေ ကယ်ဆယ်ရေးသမားတွေက ပြန်လည်ဆယ်ယူနိုင်ခဲ့ပြီး …

Read More

“ စသိသိချင်း “ရုပ်ရှင်ဇာတ်ကားရိုက်ရာမှာ အခက်အခဲတွေရှိခဲ့တယ်ဆိုတဲ့ ခင်ဝင့်ဝါ

  ရန်ကုန် နိုဝင်ဘာ ၁၁ သင်းသဒ္ဒါ ( VOM) ပရိသတ်က ပရိတ်သတ်အခိုင်အမာ အားပေးမှုတွေရနေတဲ့ သရုပ်ဆောင် ခင်ဝင့်ဝါကတော့ စသိသိချင်း “ ရုပ်ရှင်ဇာတ်ကားရိုက်ရာမှာ အခက်အခဲတွေရှိခဲ့တယ်လို့ ပြောပါတယ်။ အလှမယ်လောကနေ တဆင့် အနုပညာသရုပ်ဆောင်လောကထဲသို့ ရောက်ရှိလာပြီးတော့ ပရိသတ်က ပရိတ်သတ်အခိုင်အမာ အားပေးမှုတွေရနေတဲ့ သရုပ်ဆောင် ခင်ဝင့်ဝါကတော့ စသိသိချင်း “ ရုပ်ရှင်ဇာတ်ကားရိုက်ရာမှာ အခက်အခဲတွေရှိခဲ့တယ်လို့ ပြောပါတယ်။ “စသိသိချင်း” ဇာတ်ကားကြီးကို ကာရိုက်တာမရင်းနှီးပဲ ရိုက်ရတော့ အခက်အခဲ တော့ရှိတာ ပေါ့။ ညီမအတွက် တကယ်လို့ ဗန့်ကာရိုက်တာဆိုရင်လည်း အဖြည်လေးတော့ပါစေချင်တယ်လေ။ မလွဲမသာ ဒီလိုကာရိုက်တာမျိုးက ကြုံလာမှာပဲဆိုတော့ အကောင်းဆုံး ဖြစ်အောင် ကာရိုက်တာတစ်ခုကို လုပ် ဆောင်ပါတယ်”လို့ဆိုပါတယ်။ ဒါ့ပြင် သူ့ဘ၀ရဲ့ ပထမဆုံး ရုပ်သံ ဇာတ်လမ်းတွဲဖြစ်တဲ့ “အကြင်နာမြစ်ဖျား”မှာ ပါဝင်သရုပ် ဆောင်ထားပါတယ်လို့ ဆိုပါတယ်။ သူ့မ…

Read More

အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှု အလုပ်မဖြစ်ဘူးလို့ အီရန်သမ္မတရူဟာနီ တုံ့ပြန်

  တီဟီရန်၊ နိုဝင်ဘာ-၁၁-၂၀၁၈ မျိုးဆက် (VOM) အီရန်နိုင်ငံအပေါ် အမေရိကန်ဟာ ယခင်ကတည်းက အရေးယူပိတ်ဆို့မှုတွေ ချထားတဲ့အတွက် အခု နောက်ဆုံးချမှတ်လိုက်တဲ့ အရေးယူပိတ်ဆို့မှုတွေက အလုပ်မဖြစ်ဘဲ အီရန်၏ စီးပွားရေးအပေါ် သက်ရောက်ခြင်းမရှိဘူးလို့ အီရန်သမ္မတ ရူဟာနီက နိုဝင်ဘာ ၁၀ ရက်မှာ ပြောဆိုလိုက်ပါတယ်။ အမေရိကန်ဟာ ရှိသမျှနည်းလမ်းတွေနဲ့ အရေးယူပိတ်ဆို့မှုအားလုံးကို အသုံးပြုပြီးဖြစ်တာကြောင့် အီရန်စီးပွားရေးအပေါ် မည်သည့်သက်ရောက်မှုမှမရှိဘဲ မိမိတို့ကို ဆန့်ကျင်ဖို့အတွက် အသုံးပြုဖို့ နောက်ထပ် နည်းလမ်း အသစ်မရှိတော့ဘူးလို့ ရုပ်မြင်သံကြားမိန့်ခွန်းတစ်ရပ်မှာ ရူဟာနီက ပြောဆိုလိုက်တာဖြစ်ပါတယ်။ အီရန်နျူကလီးယားသဘောတူညီချက်ဟာ ချို့ယွင်းချက်တွေရှိနေတဲ့ အဆိုးရွားဆုံး သဘောတူညီချက် လို့သတ်မှတ်ပြီး အီရန်နဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွအကြား ၂၀၁၅ ခုနှစ်က ချုပ်ဆိုထားတဲ့ စာချုပ်ကနေ မေလအတွင်းက အမေရိကန်နှုတ်ထွက်လိုက်ပြီးနောက်မှာတော့ အီရန်ရဲ့ ရေနံကဏ္ဍကိုအဓိက ပစ်မှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို အမေရိကန်က နိုဝင်ဘာ ၄ ရက်မှာ ပြန်လည်ချမှတ်လိုက်ပါတယ်။…

Read More
VOM News

FREE
VIEW