ဂျကာတာ၊ နိုဝင်ဘာ-၁၁
မျိုးဆက် (VOM)
အင်ဒိုနီးရှားနိုင်ငံမှာ ခရီးသည် ၁၈၉ ဦးကိုတင်ဆောင်ထားတဲ့ Lion Air ပျက်ကျရာမှာ ပါဝင်တဲ့သူတွေကို ရှာဖွေကယ်ဆယ်တဲ့ လုပ်ငန်းကို ရပ်ဆိုင်းလိုက်ပြီဖြစ်တယ်လို့ အင်ဒိုနီးရှား အာဏာပိုများက နိုဝင်ဘာ ၁၀ ရက်မှာ ပြောဆိုလိုက်ပါတယ်။
ခရီးသည် ၁၈၉ ဦးထဲကမှ မည်သူဆိုတာကို ခွဲခြားနိုင်တဲ့ ရုပ်အလောင် ၇၉ လောင်းသာပြန်လည် တွေ့ရှိခဲ့တာဖြစ်ပြီး သဂြိုလ်ဖို့အတွက် မိသားစုတွေဆီကို လွဲပြောင်းပေးလိုက်ပြီဖြစ်ပါတယ်။ ဒါ့အပြင် ခနာကိုယ်အစိတ်အပိုင်းတွေအပါအ၀င် ခရီးသည်တွေရဲ့ အိပ် ၁၉၆ အိပ်ရှာဖွေ့တွေ့ရှိခဲ့ပါတယ်။
ယမန်နေ့နေ့လည်ကနေ ယနေ့အထိ ရုပ်အလောင်းတစ်စုံတစ်ရာကိုမှတွေ့ရှိခြင်းမရှိတာကြောင့် ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ပြီးဆုံးပြီဖြစ်တယ်လို့ ကယ်ဆယ်ရေးဌာနအကြီးအကဲ မိုဟာမက် ဆာရာဂျီက နိုဝင်ဘာ ၁၀ ရက်မှာ ကြေညာလိုက်ပါတယ်။
ပျက်ကျခဲ့တဲ့ လေယာဉ်ရဲ့အင်ဂျင်၊ ဘီးတွေနဲ့ ထိုင်ခုံတွေကိုလည်း ပင်လယ်အတွင်းကနေ ကယ်ဆယ်ရေးသမားတွေက ပြန်လည်ဆယ်ယူနိုင်ခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းမှာ ရေငုပ်သမားတစ်ဦးသေဆုံးခဲ့သည်။
ဒါ့အပြင် အဆိုပါလေယာဉ်ရဲ့ ပျံသန်းမှုမှတ်တမ်း Black Box တစ်ခုကို အင်ဒိုနီးရှား အမျိုးသားပို့ဆောင်ရေးနဲ့ ဘေးကင်းလုံခြုံရေး ကော်မတီက ရရှိထားပြီး လေယာဉ်ပျက်မကျမီ လေယာဉ်မှူးနှင့် တွဲဖက်လေယာဉ်မှူးတို့ နောက်ဆုံး ပြောဆိုခဲ့တာတွေကို မှတ်တမ်းတင်ထားတဲ့ လေယာဉ်မှူးအခန်းမှ အသံဖမ်းစက်ကို တော့ ဆက်လက်ရှာဖွေနေဆဲဖြစ်ပါတယ်။
Lion Air လေယာဉ်ဟာ အောက်တိုဘာ ၂၉ ရက်နံနက်ပိုင်းမှာ ဂျကာတာမြို့ကနေ ပီနန်မြို့ကိုသွားရောက်မယ့် ခရီးစဉ်မှာ လေယာဉ်ပျံတက်ပြီး မကြာမီ ဂျာဗားပင်လယ်အတွင်း ပျက်ကျခဲ့တာဖြစ်ပါတယ်။
Ref: Channel News Asia
Photo: AFP