နေပြည်တော်၊ နိုဝင်ဘာ ၁၆၊ ၂၀၁၈
မြတ်မင်းခန့်
ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားသူတွေကို နိုဝင်ဘာလ ၁၅ရက်နေ့ မှာ ပထမအသုတ် စတင်လွှဲပြောင်း ပေးနိုင်ဖို့အတွက် နှစ်နိုင်ငံသဘောတူညီချက်အတိုင်း မြန်မာဘက်က ပြန်လည်လက်ခံနိုင်ဖို့ အသင့် စောင့်ဆိုင်းနေခဲ့ပေမယ့် ပြန်လည်ဝင်ရောက်လာခြင်း မရှိသေးတဲ့အပေါ် ဘင်္ဂလားဒေ့ရှ်ဘက်က ရုပ်ပိုင်းဆိုင်ရာ အစီအစဉ်တွေ အားနည်းခဲ့တယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူကပြောပါတယ်။