ထိုင်တော်မူ ရုပ်ပွားတော်မြတ်ကြီး တည်ဆောက်နေမှု (၇၀)ရာခိုင်းနှုန်း ပြီးစီး

မုံရွာ  နိုဝင်ဘာ ၁၆  ၂၀၁၈ မောင်တာရာ(VOM)   စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ခတ္တကန်(တောင်ရွာ) အနီး၊ ဗန္ဒဝ တောင်ကုန်းပေါ်မှာ တည်ထားကိုးကွယ်မယ့်  မဟာဗောဓိတစ်ထောင် လေးကျွန်း စင်္ကြာ ထိုင်တော်မူရုပ်ပွားတော်မြတ်ကြီး တည်ဆောက်နေမှုဟာ (၇၀)ရာခိုင်းနှုန်း ပြီးစီးနေပြီဖြစ်ကြောင်း ဗောဓိတထောင် ကျောင်းတိုက်မှ သံဃာ့ ဝန်ဆောင်ဆရာတော်ဦးကုဏ္ဍလက မိန့်ပါတယ်။ ထိုင်တော်မူရုပ်ပွားတော် မြတ် ကြီး ကို ၂၀၁၃ ခုနှစ် အတွင်းက စတင် တည်ဆောက်ခဲ့ရာ လက် ရှိမှာ အကြမ်းထည်ပြီးစီးနေပြီ ဖြစ်ပြီး ကုန်ကျငွေ အနေနဲ့လည်း ကျပ်သိန်း ၂ သောင်းကျော် ကုန်ကျနေပြီ ဖြစ်ပါတယ်။ မဟာဗောဓိတထောင် လေးကျွန်း စကြာ ထိုင်တော်မူ ဘုရားကြီးမှာ ဥာဏ် တော် အမြင့် (၂၃၄)ပေ၊ ဒူးခွင်တော် အကျယ် တောင် မြောက် (၁၆၅)ပေ၊တင်ပါးတော်နှင့် ရှေ့ဒူးခွင်…

Read More

နောက်ဆုံးပေါ်နည်းပညာသုံး အဆင့်မြင့်လက်နက်တစ်မျိုး မြောက်ကိုရီးယား ထုတ်လုပ်လိုက်ပြန်

  ပြုံးယမ်း၊နိုဝင်ဘာ-၁၆ မျိုးဆက် (VOM) မြောက်ကိုရီးယားရဲ့ နောက်ဆုံးပေါ် နည်းပညာနဲ့ ထုတ်လုပ်လိုက်တဲ့ အဆင့်မြင့် လက်နက်တစ်မျိုး အောင်မြင်စွာ စမ်းသပ်ပစ်ခတ်မှုတစ်ခုမှာ ခေါင်းဆောင်ကင်ဂျုံအန်ဟာ ကြီးကြပ်စောင့်ကြည့်ခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် ကေစီအင်န်အေ သတင်းဌာနက နိုဝင်ဘာ ၁၆ ရက်မှာ ဖော်ပြလိုက်ပါတယ်။ အဆိုပါလက်နက်ပုံစံအမျိုးအစားနဲ့ ပတ်သက်တဲ့  အသေးစိတ်အချက်အလက်များတွေကိုတော့ ကေစီအင်အေ သတင်းဌာနက ထုတ်ပြန်ထားခြင်းမရှိပေမယ့် ယင်းလက်နက်ကို  အချိန်များစွာယူပြီး  တီထွင် ထုတ်လုပ်ထားတယ်လို့ဆိုပါတယ်။ မြောက်ကိုရီးယားက ဒီလို လက်နက်သစ်ကို စမ်းသပ်မှုဟာ နျူးကလီးယားစွန့်လွှတ်ရေး အမေရိကန် တောင်ကိုရီးယားတို့နဲ့ ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ဆောင်နေတဲ့ တစ်နှစ်အတွင်း ပထမဆုံးအကြိမ် စမ်းသပ်ခြင်း လည်းဖြစ်ပါတယ်။ ဇွန်လအတွင်းက ကင်ဂျုံအန်နဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရန့်တို့ရဲ့ ထိပ်သီးဆွေးနွေးပွဲမှာ ကိုရီးယားကျွန်းဆွယ်နျူကလီးယားလက်နက်ဖျက်သိမ်းရေးကို ရှေးရှုလုပ်ဆောင်ဖို့  သဘောတူညီခဲ့ပေမယ့် ယေဘူယျဆန်နေသလို အသေးစိတ်အချက်အလက်တွေကိုလည်း ထုတ်ပြန်ခြင်းမရှိပါဘူး။ မစ္စတာကင်နဲ့ မစ္စတာထရန့်တို့အကြား ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲ စီစဉ်ရေးအတွက် ရည်ရွယ်ပြီး နှစ်နိုင်ငံ…

Read More

ချစ်ရင်လည်းအရမ်းချစ် လွမ်းရင်လည်း အရမ်းလွမ်းချင်တယ် ဆိုတဲ့ မအေးသောင်း

  ရန်ကုန် နိုဝင်ဘာ ၁၆ – ၂၀၁၈ သင်းသဒ္ဒါ(VOM) မြန်မာဆန်ဆန် ဝတ်စုံလေးတွေနဲ့ ပရိသတ်ရဲ့ ရင်ထဲကို တစ်ကြိမ်ပြန်လည်းတိုးဝင်ရောက်လာတဲ့ အပျိုကြီး သရုပ်ဆောင် အေးဝတ်ရည်သောင်း (ခ) ပေါက်စီက အချစ်ရေးနဲ့ ပတ်သက်ပြီးတော့ ” ပေါက်စီက လွမ်းတဲ့အရာကိုကြိုက်တယ်။ ၀တ္ထုဖက်လည်း ဒီလိုပဲအဲအတိုင်းအပြင်မှာ ခံစားတယ်။ တကယ်တမ်း ပေါက်စီက ချစ်ရင်လည်း တအားချစ် ၊ လွမ်းကလည်း လွမ်းချင်တယ်”လို့ ဆိုလာပါတယ်။ သူမရဲ့လက်ရှိ အချစ်ရေးကတော့” ပေါက်စီက အေးဆေးပါပဲ။ဒီအ ရွယ်ရောက်မှ အရမ်းကြီးလည်း စိတ်မညစ်ချင်ဘူး။ လွမ်းတာ ကို ပေါက်စီကကြိုက်လို့ သတ်သတ်မဲ့ ကိုယ်တိုင်လည်း ရန်ရှာ။ ကိုယ်တိုင်က လွမ်းချင်လို့ ပြဿနာမတက်အောင်လုပ်တယ်။ Drama Queen ပေါ့။ ပေါက်စီက လွမ်းတဲ့အရာကိုကြိုက်တယ်။ ၀တ္ထုဖတ်လည်း ဒီလိုပဲအဲအတိုင်းအပြင်မှာ ခံစားတယ်။ ပေါက်စီ ကို ချစ်တဲ့သူတွေက…

Read More

ဂျပန်ဆိုက်ဘာလုံခြုံရေးဝန်ကြီး ကွန်ပြူတာ တစ်ခါမှ မသုံးဖူးဘူးဟုဆို

တိုကျို၊နိုဝင်ဘာ-၁၆ မျိုးဆက် (VOM) ဂျပန်နိုင်ငံ၏ ဆိုက်ဘာလုံခြုံရေးဝန်ကြီးသစ်ဖြစ်သူ ယိုရှီတာကာဆာကူရာဒါသည် ကွန်ပျူတာကို တစ်ခါမှ အသုံးမပြုခဲ့ဖူးဘူးလို့ ကော်မတီအစည်းအဝေးတစ်ရပ်မှာ ၀န်ခံပြောကြားလိုက်ပါတယ်။ ၎င်းမှာ အသက်၂၅နှစ်အရွယ်ကစပြီး သူ့ရဲ့ဝန်ထမ်းနဲ့ အတွင်းရေးမှူးများကိုသာ  ညွှန်ကြားခဲ့တာဖြစ်ပြီး ဘဝတစ်လျှောက်လုံးတွင် ကွန်ပျူတာကို မည်သည့်အခါကမျှ အသုံးပြုခဲ့တာမရှိဘူးလို့ မစ္စတာယိုရှီတာကာ ကပြောပါတယ်။ အသက်၆၈နှစ်အရွယ် ယိုရှီတာကာဆာကူရာဒါဟာ ပြီးခဲ့သောလက ဆိုက်ဘာလုံခြုံရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရတာဖြစ်ပါတယ်။ သူရဲ့တာဝန်တွေထဲမှာ ၂၀၂၀ တိုကျို အိုလံပစ်အားကစားပြိုင်ပွဲတွေအတွက် ဆိုက်ဘာကာကွယ်ရေးဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများလည်း ပါဝင်ပါတယ်။ ကွန်ပြူတာကို တစ်ခါမှ အသုံးမပြုဖူးသူက ဆိုက်ဘာလုံခြုံရေးဝန်ကြီးတာဝန်ယူတာနဲ့ပတ်သက်ပြီး မယုံကြည်နိုင်ဘူးဖို့ အတိုက်အခံ ဒီမိုကရက်တစ်ပါတီက အမတ်တစ်ဦးက ဝေဖန်ပြောဆိုပါတယ်။ သို့သော် တာဝန်ရှိသူတွေမှာ စီမံခန့်ခွဲရန်အတွက် လိုအပ်တဲ့အတွေ့အကြုံတွေရှိဖို့သာလိုအပ်ပြီး ကွန်ပြူတာအသုံးမပြုတတ်ခြင်းက ပြသနာတစ်ရပ်ဖြစ်မှာမဟုတ်ဘူးဆိုတာကို ကိုယ်ကို ကိုယ်ယုံကြည်မှု၇ှိတယ်လို့ ဆိုက်ဘာလုံခြုံရေးဝန်ကြီးသစ်ဖြစ်သူ ယိုရှီတာကာဆာကူရာဒါက တုံ့ပြန်ပြောဆိုပါတယ်။ Ref: BC/ Bangkok Post Photo: Reuter…

Read More

ဘင်္ဂါလီအရေး မြန်မာနိုင်ငံနိုင်ငံကို ထောက်ခံသွားမယ်လို့ တရုတ်ဝန်ကြီးချုပ် ကတိပြု

  ပေကျင်း၊ နိုဝင်ဘာ-၁၆-၂၀၁၈ မျိုးဆက် (VOM) မြန်မာနိုင်ငံက ဘင်္ဂါလီအရေး ကိုင်တွယ်ဖြေရှင်းမှုတွေကို တရုတ်နိုင်ငံက ထောက်ခံသွာမှာဖြစ်တယ်လို့ တရုတ်ဝန်ကြီးချုပ် လီကားချန်က ဒေါ်အောင်ဆန်းစုကြည်ကို ကတိပြုပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဘင်္ဂါလီအရေးဖြေရှင်းမှုကို အမေရိကန်က ပြင်းပြင်းထန်ထန် ပြစ်တင်ကြောင်း နဲ့ ခွင့်လွှတ်နိုင်ဖွယ်မရှိဘူးလို့ နိုဝင်ဘာ ၁၄ ရက်က အမေရိကန်ဒုသမ္မတ မိုက်ပင့်က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက်မှာ တရုတ်ဝန်ကြီးချုပ်က  အခုလို  ပြောဆိုလိုက်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ဆက်ဆံရေး ကိုတရုတ်နိုင်ငံ  အလွန်အလေးထားကြောင်းနဲ့ အစဉ်အလာနဲ့ တည်ရှိနေတဲ့ ရင်းနှီးချစ်ကြည်မှုကို တည်ဆောက်သွားမှာဖြစ်တယ်လို့ အရှေ့တောင်အာရှ ထိပ်သီးဆွေးနွေးပွဲ ပြင်ပမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရာမှာ ၀န်ကြီးချုပ် လီကားရှန်က ပြောဆိုခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၅ ရက်နှောင်းပိုင်းမှာ ထုတ်ပြန်ပါတယ်။ တွေ့ဆုံညှိနိုင်း တိုင်ပင်ဆွေးနွေးခြင်းနဲ့ ရခိုင်ပြသနာကို ဖြေရှင်းဖို့ သင့်တော်တဲ့နည်းလမ်းနဲ့ လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံကို  တရုတ်နိုင်ငံ ဘက်က ထောက်ခံသွားမှာဖြစ်တယ်လို့ …

Read More

တောင်ကြီးမှာ မပေါက်ကွဲသေးတဲ့ ဗုံး ၄လုံးထက်မနည်းတွေ့

  တောင်ကြီး နိုဝင်ဘာ ၁၆-၂၀၁၈ ရှမ်းပြည်နယ် တောင်ကြီးမြို့  မြို့မဈေးအနီး မီးပွိုင့်မှာ လက်ဆွဲသေတ္တာငယ်နဲ့ ထည့်ထားတဲ့ ဗုံး ၄လုံးကို ပြည်သူတွေက မွန်းလွဲ ၁နာရီကျော်မှာ တွေ့ရှိခဲ့ပြီး သက်ဆိုင်ရာကိုအကြောင်းကြားခဲ့ပါတယ်။ အစိုးရ စစ်တပ်ဖက်က လက်နက်ကျွမ်းကျင်သူတွေလာရောက်ပြီး တလုံးကို နေရာမှာတင်ဖေါက်ခွဲရှင်းလင်းခဲ့ပြီး ကျန် သုံးလုံးကို ယူဆောင်သွားတယ်လို့ တောင်ကြီးဒေသခံ ဦးခင်မောင်တိုးကပြောပါတယ်။  နောက်ထပ်ဗုံး တွေ့တယ်ဆိုတဲ့သတင်းကြောင့် အိုးရှင်း ဈေးဝယ်စင်တာ ကားပါကင်မှာ ရှာဖွေရေးတွေလုပ်နေကြောင်းလည်း သိရပါတယ်။  တောင်ကြီးမှာ မီးပုံးပျံပွဲကျင်းပနေလို့လူစည်ကားနေချိန်မှာ ဒီလိုလုပ်တာဟာ ရှမ်းပြည်က တိုင်းရင်းသားလက်နက်ကိုင်တွေလက်ချက် မဖြစ်နိုင်ကြောင်းနဲ့ တောင်ကြီးမီးပုံးပျံပွဲကို ဖျက်လို့ဖျက်စီးလုပ်လိုသူတွေက ကြံစည်တာဖြစ်နိုင်ကြောင်း ဒေသခံတွေက ပြောဆိုနေကြပါတယ်။ #voiceofmyanmar #တောင်ကြီးမှာမိုင်းတွေ့

Read More

မန္တလေးမှာ ဖမ်းဆီးခံရတဲ့ ​တောင်​သူမိသားစု အမြန်​လွတ်​​မြောက်​​ရေး ဆန္ဒပြ​တောင်းဆို

မန္တလေး နိုဝင်ဘာ ၁၆ -၂၀၁၈ ဟိန်းကို (VOM) မန္တ​လေးမြို့ မဟာ​အောင်​​မြေမြို့နယ်​ သံလျှက်မှော်အနောက်ရပ်ကွက် ချော်ဆိပ်ရပ်က ​တောင်​သူမိသားစု(၆)ဦး နဲ့ရေ​ကြောင်းရဲတပ်​ဖွဲ့တို့​ ​အငြင်းပွားမှုဖြစ်​ပွား​နေ​သော ​မြေယာကို ​ရေ​ကြောင်းရဲတပ်​ဖွဲ့က နိုဝင်​ဘာလ(၁၀)ရက်​​နေ့က ခြံခတ်​ခြင်းလုပ်​ငန်းများ လုပ်​​ဆောင်​​နေစဉ်​ ​တောင်​သူမိသားစု(၆)ဦးလုံးဟာ ဖမ်းဆီးခံရတဲ့ အတွက်​ အမြန်​ဆုံးလွတ်​​မြောက်​ရန်​ ယ​နေ့​ နိုဝင်​ဘာ(၁၆)ရက်​ နံနက်​ပိုင်းက ​ဆန္ဒပြ​တောင်းဆိုခဲ့ကြပါတယ်​။ နိုဝင်ဘာ ၁၀ရက် နံနက်ပိုင်းက ရေကြောင်းရဲတပ်ဖွဲနဲ့   မြို့ နယ်ရဲတပ်ဖွဲ့များ၊ မြို့ ပြစီမံကိန်း နှင့်မြေစီမံခန့်ခွဲမှုဌာနတို့ကနေ  ခြံစည်းရိုးကာရန်အတွက် ခြံစည်းရိုးတိုင်များစိုက်ထူစဉ် ၎င်းမြေပေါ်တွင်နေထိုင်သည့် ဦးပေါက်စနှင့်မိသားစုဝင်များက တုတ်၊ သံတူရွင်း တို့ဖြင့် ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းများ ရှိသည်​ဟုဆိုကာ ​တောင်​သူမိသားစု(၆)ဦးဖြစ်​တဲ့ဦးပေါက်စ၊ ဒေါ်တင်ဌေး၊ ဒေါ်မြင့်မြင့်စန်း၊ မင်းမင်းခိုင်၊ ခိုင်ဇာဝင်း၊ အောင်ကျော်မိုးတို့ ကို အမှတ်​(၇) နယ်မြေရဲစခန်းတွင် (ပ)၇၆၄/၂၀၁၈၊ ပုဒ်မ ၂၉၄/၃၃၂/၄၄၀ တို့ဖြင့် အမှုဖွင့်ထားတယ်​လို့သိရပါတယ်။…

Read More

ကျောက်တန်းကို ရောက်လာတဲ့ ဘင်္ဂါလီတွေကိစ္စ လွှတ်တော်ကိုယ်စားလှယ်က သက်ဆိုင်ရာနဲ့ဆွေးနွေး

နေပြည်တော် နိုဝင်ဘာ ၁၆-၂၀၁၈ မြတ်မင်းခန့် (VOM)   နိုဝင်ဘာလ ၁၆ ရက်  မနက် ၄နာရီလောက်က ရန်ကုန်တိုင်းကျောက်တန်းမြို့နယ် သံတဲကျေးရွာအနီးမှာ ဘင်္ဂါလီ ၁၀၆ ယောက်ကိုဖမ်းမိခဲ့ပါတယ်။ အဲဒီလူတွေကို ဖမ်းဆီးစစ်ဆေးတဲ့အခါ  စစ်တွေမြို့ နာဇီ ဒုက္ခသည်စခန်းကနေ ထိုင်းနိုင်ငံကို ခိုးဝင်ဖို့ကြိုးစားရာကနေ ထိုင်းအစိုးရက လက်မခံပဲ ပင်လယ်ရေကြောင်းကနေ ပြန်လည်စေလွှတ်လိုက်တာကြောင့်  ပြန်လည်ရောက်ရှိလာတာဖြစ်တယ်လို့ သိရပါတယ်။ အခုလိုမျိုး ကျောက်တန်းဘက်ကို ဘင်္ဂါလီတွေရောက်ရှိလာတာဟာ ပထမဆုံးအကြိမ် ဖြစ်တာမို့  ဒီကိစ္စ လုံခြုံရေးပိုင်းနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုး ကပြောပါတယ်။ #voiceofmyanmar #ကျောက်တန်း # ဓါတ်ပုံ ဒေါ်အေးမြမြမျိုး ဖေ့ဘုတ်

Read More

မန္တ​လေးမြို့တွင်​ ၂၁ရာစုပင်​လုံညီလာခံအတွက်​ ငြိမ်းချမ်း​ရေးအကြိုလှုပ်​ရှားမှုပြုလုပ်

မန္တလေး နိုဝင်ဘာ ၁၅-၂၀၁၈ ဟိန်းကို (VOM)   ၂၁ရာစုပင်​လုံညီလာခံအတွက်​ ငြိမ်းချမ်း​ရေးအကြိုလှုပ်​ရှားမှုကို  ခဝဲခြံ မျက်​မမြင်​​ကျောင်းက ​ကျောင်းသားကျောင်းသူများနဲ့ မန္တ​လေးမြို့၊မဟာ​အောင်​​မြေမြို့နယ်​က၊ မ​နော်​ရမ္မံ ပြည်​သူ့ဟစ်​တိုင်​ကွင်းမှာ မ​နေ့ နိုဝင်​ဘာ(၁၅)ရက်​ ညပိုင်းက ကျင်းပပြုလုပ်​ခဲ့ပါတယ်​။ #voiceogmyanmar #၂၁ရာစုပင်လုံညီလာခံအကြို # ခဝဲခြံမျက်မမြင်

Read More

ဒုက္ခသည်များကို ပြန်လည်လက်ခံရေး အခက်အခဲရှိနေ

နေပြည်တော်၊ နိုဝင်ဘာ ၁၆၊ ၂၀၁၈ မြတ်မင်းခန့်   ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားသူတွေကို နိုဝင်ဘာလ ၁၅ရက်နေ့ မှာ ပထမအသုတ် စတင်လွှဲပြောင်း ပေးနိုင်ဖို့အတွက် နှစ်နိုင်ငံသဘောတူညီချက်အတိုင်း မြန်မာဘက်က ပြန်လည်လက်ခံနိုင်ဖို့ အသင့် စောင့်ဆိုင်းနေခဲ့ပေမယ့် ပြန်လည်ဝင်ရောက်လာခြင်း မရှိသေးတဲ့အပေါ် ဘင်္ဂလားဒေ့ရှ်ဘက်က ရုပ်ပိုင်းဆိုင်ရာ အစီအစဉ်တွေ အားနည်းခဲ့တယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူကပြောပါတယ်။

Read More
VOM News

FREE
VIEW