ဂျပန်ဆိုက်ဘာလုံခြုံရေးဝန်ကြီး ကွန်ပြူတာ တစ်ခါမှ မသုံးဖူးဘူးဟုဆို

တိုကျို၊နိုဝင်ဘာ-၁၆

မျိုးဆက် (VOM)

ဂျပန်နိုင်ငံ၏ ဆိုက်ဘာလုံခြုံရေးဝန်ကြီးသစ်ဖြစ်သူ ယိုရှီတာကာဆာကူရာဒါသည် ကွန်ပျူတာကို တစ်ခါမှ အသုံးမပြုခဲ့ဖူးဘူးလို့ ကော်မတီအစည်းအဝေးတစ်ရပ်မှာ ၀န်ခံပြောကြားလိုက်ပါတယ်။

၎င်းမှာ အသက်၂၅နှစ်အရွယ်ကစပြီး သူ့ရဲ့ဝန်ထမ်းနဲ့ အတွင်းရေးမှူးများကိုသာ  ညွှန်ကြားခဲ့တာဖြစ်ပြီး ဘဝတစ်လျှောက်လုံးတွင် ကွန်ပျူတာကို မည်သည့်အခါကမျှ အသုံးပြုခဲ့တာမရှိဘူးလို့ မစ္စတာယိုရှီတာကာ ကပြောပါတယ်။

အသက်၆၈နှစ်အရွယ် ယိုရှီတာကာဆာကူရာဒါဟာ ပြီးခဲ့သောလက ဆိုက်ဘာလုံခြုံရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရတာဖြစ်ပါတယ်။ သူရဲ့တာဝန်တွေထဲမှာ ၂၀၂၀ တိုကျို အိုလံပစ်အားကစားပြိုင်ပွဲတွေအတွက် ဆိုက်ဘာကာကွယ်ရေးဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများလည်း ပါဝင်ပါတယ်။

ကွန်ပြူတာကို တစ်ခါမှ အသုံးမပြုဖူးသူက ဆိုက်ဘာလုံခြုံရေးဝန်ကြီးတာဝန်ယူတာနဲ့ပတ်သက်ပြီး မယုံကြည်နိုင်ဘူးဖို့ အတိုက်အခံ ဒီမိုကရက်တစ်ပါတီက အမတ်တစ်ဦးက ဝေဖန်ပြောဆိုပါတယ်။

သို့သော် တာဝန်ရှိသူတွေမှာ စီမံခန့်ခွဲရန်အတွက် လိုအပ်တဲ့အတွေ့အကြုံတွေရှိဖို့သာလိုအပ်ပြီး ကွန်ပြူတာအသုံးမပြုတတ်ခြင်းက ပြသနာတစ်ရပ်ဖြစ်မှာမဟုတ်ဘူးဆိုတာကို ကိုယ်ကို ကိုယ်ယုံကြည်မှု၇ှိတယ်လို့ ဆိုက်ဘာလုံခြုံရေးဝန်ကြီးသစ်ဖြစ်သူ ယိုရှီတာကာဆာကူရာဒါက တုံ့ပြန်ပြောဆိုပါတယ်။

Ref: BC/ Bangkok Post

Photo: Reuter

#voiceofmyanmar #ဂျပန်ဆိုက်ဘာလုံခြုံရေးဝန်ကြီး

Related posts

✕
VOM News

FREE
VIEW