ထိုင်တော်မူ ရုပ်ပွားတော်မြတ်ကြီး တည်ဆောက်နေမှု (၇၀)ရာခိုင်းနှုန်း ပြီးစီး

မုံရွာ  နိုဝင်ဘာ ၁၆  ၂၀၁၈

မောင်တာရာ(VOM)

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ခတ္တကန်(တောင်ရွာ) အနီး၊ ဗန္ဒဝ တောင်ကုန်းပေါ်မှာ တည်ထားကိုးကွယ်မယ့်  မဟာဗောဓိတစ်ထောင် လေးကျွန်း စင်္ကြာ ထိုင်တော်မူရုပ်ပွားတော်မြတ်ကြီး တည်ဆောက်နေမှုဟာ (၇၀)ရာခိုင်းနှုန်း ပြီးစီးနေပြီဖြစ်ကြောင်း ဗောဓိတထောင် ကျောင်းတိုက်မှ သံဃာ့ ဝန်ဆောင်ဆရာတော်ဦးကုဏ္ဍလက မိန့်ပါတယ်။

ထိုင်တော်မူရုပ်ပွားတော် မြတ် ကြီး ကို ၂၀၁၃ ခုနှစ် အတွင်းက စတင် တည်ဆောက်ခဲ့ရာ လက် ရှိမှာ အကြမ်းထည်ပြီးစီးနေပြီ ဖြစ်ပြီး ကုန်ကျငွေ အနေနဲ့လည်း ကျပ်သိန်း ၂ သောင်းကျော် ကုန်ကျနေပြီ ဖြစ်ပါတယ်။

မဟာဗောဓိတထောင် လေးကျွန်း စကြာ ထိုင်တော်မူ ဘုရားကြီးမှာ ဥာဏ် တော် အမြင့် (၂၃၄)ပေ၊ ဒူးခွင်တော် အကျယ် တောင် မြောက် (၁၆၅)ပေ၊တင်ပါးတော်နှင့် ရှေ့ဒူးခွင် (၁၁၁) ပေ၊တင်ပါးတော် အကျယ် (၆၀)ပေ၊အထပ်ပေါင်း (၁၈)ထပ် ပါဝင်မှာ ဖြစ်ပါတယ်။

#voiceofmyanmar # ထိုင်တော်မူရုပ်ပွားတော်မြတ်ကြီး #ဗောဓိတထောင်

Related posts

Leave a Comment

VOM News

FREE
VIEW