ချစ်ရင်လည်းအရမ်းချစ် လွမ်းရင်လည်း အရမ်းလွမ်းချင်တယ် ဆိုတဲ့ မအေးသောင်း

 

ရန်ကုန် နိုဝင်ဘာ ၁၆ – ၂၀၁၈

သင်းသဒ္ဒါ(VOM)

မြန်မာဆန်ဆန် ဝတ်စုံလေးတွေနဲ့ ပရိသတ်ရဲ့ ရင်ထဲကို တစ်ကြိမ်ပြန်လည်းတိုးဝင်ရောက်လာတဲ့ အပျိုကြီး သရုပ်ဆောင် အေးဝတ်ရည်သောင်း (ခ) ပေါက်စီက အချစ်ရေးနဲ့ ပတ်သက်ပြီးတော့ ” ပေါက်စီက လွမ်းတဲ့အရာကိုကြိုက်တယ်။ ၀တ္ထုဖက်လည်း ဒီလိုပဲအဲအတိုင်းအပြင်မှာ ခံစားတယ်။ တကယ်တမ်း ပေါက်စီက ချစ်ရင်လည်း တအားချစ် ၊ လွမ်းကလည်း လွမ်းချင်တယ်”လို့ ဆိုလာပါတယ်။

သူမရဲ့လက်ရှိ အချစ်ရေးကတော့” ပေါက်စီက အေးဆေးပါပဲ။ဒီအ ရွယ်ရောက်မှ အရမ်းကြီးလည်း စိတ်မညစ်ချင်ဘူး။ လွမ်းတာ ကို ပေါက်စီကကြိုက်လို့ သတ်သတ်မဲ့ ကိုယ်တိုင်လည်း ရန်ရှာ။ ကိုယ်တိုင်က လွမ်းချင်လို့ ပြဿနာမတက်အောင်လုပ်တယ်။ Drama Queen ပေါ့။ ပေါက်စီက လွမ်းတဲ့အရာကိုကြိုက်တယ်။ ၀တ္ထုဖတ်လည်း ဒီလိုပဲအဲအတိုင်းအပြင်မှာ ခံစားတယ်။ ပေါက်စီ ကို ချစ်တဲ့သူတွေက ကိုယ့်ကို သည်းခံတယ်။ ကိုယ့်ကို သည်းခံရှာပါတယ်”လို့လည်း ပြောပါတယ်။

ယနေ့ မြန်မာပြည်နဲ့ စင်ကာပူမှာ ရုံတင်ပြသမယ့် ”မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ထပ်ဆင့် အကယ်ဒမီနေတိုးနဲ့ မင်းသွေးတို့နဲ့အတူ အပေး အယူမျှမျှ သရုပ်ဆောင်ထားတဲ့သူလည်း ဖြစ်ပါတယ်။ မိမိရဲ့ ချစ်သူကိုလည်း ပေါက်စီက Drama ကြိုက်တဲ့ သူမို့ စိတ်ပျက်မသွားနဲ့လို့ အမြဲတမ်းချော့နေပေါ့လို့ ပြောချင်တယ်လို့ ဆိုပါတယ်

 

ဓာတ်ပုံ အေးသောင်း Facebook

 

Related posts

VOM News

FREE
VIEW