အချစ်က ဘဝမဟုတ်ပါဘူးဆိုတဲ့ ရွှေပိုးအိမ်

ရန်ကုန် နိုဝင်ဘာ ၂၁ – ၂၀၁၈

သင်းသဒ္ဒါ

ချစ်စရာဆွဲဆောင်မှုရှိတဲ့ ရုပ်လေးပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် ရွှေပိုးအိမ်ရဲ့ အချစ်ရေးကတော့ “ရွှေပိုး အတွက် အချစ်က ဘဝတခု မဟုတ်ဘူး။ ဘဝရဲ့ အစိတ်အပိုင်းထဲမှာတော့ အချစ်ကပါပါတယ်။ ရွှေပိုးရဲ့ ချစ်သူ ပုံစံက ဘယ်လိုမျိုးဖြစ်ရမလဲလို့ စိတ်ကူးယဉ်ထားတာတော့ မရှိပါဘူး ။ ရွှေပိုးရဲ့ ချစ်သူက ရွှေပိုး ကို တကယ် ချစ်တဲ့သူဖြစ်ဖို့ပဲ အရေးကြီးတာပါ”လို့ ဆိုပါတယ်။

သူမကတော့ ပြီးခဲ့တဲ့ လပိုင်းကတော့ မင်းသား နေထူးနိုင်နဲ့အတူ  ဗီဒီယို ဇာတ်ကား နှစ်ကားရိုက် ထားပြီးတော့ ခသုံးလုံး ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးထားတဲ့ “အောက်ဖဲကို မလှန်ကြေး” ဆိုတဲ့ ရုပ်ရှင် ကားကြီးမှာလည်း ဧည့်သည်သရုပ်ဆောင်အနေနဲ့ပါဝင်ထားတယ်လို့ သိရပါတယ်။

 

လက်ရှိ အချစ်ရေးကတော့ အေးအေးဆေးဆေးပါပဲ။ အိမ်ထောင်ပြုတော့မယ်ဆိုတဲ့ အခါကျရင် ပရိ သတ်တွေကို ကြိုအသိပေးမှာပါလို့ လည်းဆိုပါတယ်။

သူမရဲ့ ၀၀ပြည့်ပြည့်လေးဖြစ်နေတဲ့ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီးတော့ “ရွှေပိုးက ပေါင်၁၈၀ကျော်က ဝိတ် ချခဲ့တာဆိုတော့ သွေအားနည်းတယ်။ အရမ်းဝိတ်လျှော့ရင် မူးလာရော ၊ အစားအသောက်က ဆီကြော်စာ တွေရှောင်ဖြစ်ပါတယ် ။ အချိုတွေ ရှောင်ပါတယ်”လို့ ဆိုပါတယ်။

#voiceofmyanmar#ရွှေပိုးအိမ်

ဓာတ်ပုံ- ရွှေးပိုအိမ် FACEBOOK

 

Related posts

Leave a Comment

VOM News

FREE
VIEW