မတူတာလက်ခံမှုနည်းပြီး တန်းတူညီမျှမှု အားနည်းလို့ ပဋိပက္ခဖြစ်ရတာလို့ ကေအန်ယူဥက္ကဋ္ဌပြော

  နေပြည်တော် နိုဝင်ဘာ ၂၁-၂၀၁၈ မြတ်မင်းခန့် (VOM)   မြန်မာနိုင်ငံအတွင်း ဒီကနေ့အချိန်အထိလက်နက်ကိုင်ပဋိပက္ခတွေဖြစ်ပွားနေရတာဟာ မတူကွဲပြားမှုတွေကို လက်ခံအသိအမှတ်ပြုမှု လေးစားမှုမရှိတာ အတူကွဲမပြားမှုတွေအကြားမှာ လွတ်လပ်မှုတန်းတူညီမျှမှုအစရှိတဲ့ အခြေခံအကြောင်းတရားတွေကို ကျင့်သုံးမှုအားနည်းခဲ့တာကြောင့်ဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး က နေပြည်တော်မှာလုပ်တဲ့  ဘာသာပေါင်းစုံငြိမ်းချမ်းရေး အဖွဲ့ရဲ့ အကြံပေးဆွေးနွေးဝိုင်းမှာ ပြောဆိုလိုက်ပါတယ်။ ဒီအခမ်းအနားကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တိုယ်တိုင်တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဘာသာပေါင်းစုံက ဘာသာရေးဆရာများ မြန်မာဘုန်းတော်ကြီးများ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ တပ်မတော်ဒုတိယကာကွယ်ရေးဦးစီးချု့ပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့တက်ရောက်ခဲ့ပါတယ်။ #voiceofmyanmar #ဘာသာပေါင်းစုံငြိမ်းချမ်းရေးအဖွဲ့ရဲ့အကြံပေးဆွေးနွေးဝိုင်း

Read More

ရော့ခ် ကို ပုံစံဆန်းသစ်ထားပြီးတော့ လူတိုင်းနာထောင်နိုင်မယ့် မြူးဇစ်တွေ လုပ်နေတဲ့ နောနော်

ရန်ကုန် နိုဝင်ဘာ ၂၁-၂၀၁၈ သင်းသဒ္ဒါ ပရိသတ်နဲ့ ရင်ဘတ်ချင်းထိခဲ့တဲ့ သီချင်းတွေ ဖန်တီးရေးသားသီဆိုခဲ့တဲ့ အဆိုတော် နောနော်ကတော့ “ကျွန် တော်ကလည်း ရော့ခ်ဂီတကို အခြေခံထားပေမယ့် ရော့ခ်ထဲမှာတင် Tran ပြောင်းတာတွေရှိတယ်။ ရော့ခ် ကို ပုံစံဆန်းသစ်ထားပြီးတော့ လူတိုင်းနာထောင်နိုင်မယ့် မြူးဇစ်တွေ စလုပ်နေပါတယ်”လို့ ဆိုပါတယ်။ မကြာခင်မှာတော့ နောနော်ရဲ့ ” အနီရောင်အတ္ထုပတ္ထိ” ဆိုတဲ့ သီချင်းတစ်ပုဒ်ကို အမ်တီဗီ ရိုက် ကူးပြီးတော့ လူမှုကွန်ရက် စာမျက်နှာ တင်သွားမယ်လို့လည်း သိရပါတယ်။ဒါအပြင် တစ်ကိုယ်တော် အခွေ ထွက်ရှိထားတဲ့ “အရှေ့အနောက်တောင်မြောက်” အမ်တီဗီ ဆက်လက်ထွက်ရှိဖို့လည်း ရှိကြောင်း သိရပါ တယ်။ ပရိသတ်နဲ့ အဆင်အသွယ်ပျက်သွားတဲ့အပေါ်မှာတော့ “ဂီတပိုင်းမှာလည်း အရင်ကထက် အဆက်အ သွယ် နည်းနည်းပျက်သလို ဖြစ်သွားလို့ အရင်ကထက် ၁၀ ဆပိုကြိုးစားနေပါတယ်”လို့ ဆိုပါတယ်။ နောနော်က နိုဝင်ဘာ…

Read More

ရုရှားမှ ဖရီးဂိတ်စစ်သင်္ဘောလေးစင်း ဝယ်ယူဖို့ ရုရှားနဲ့ အိန္ဒိယ သဘောတူ

မော်စကို၊ နိုဝင်ဘာ-၂၁- ၂၀၁၈ မျိုးဆက် (VOM) အိန္ဒိယရေတပ်အတွက် ရုရှားနိုင်ငံရဲ့ ပဲ့ထိန်းဒုံပျံတပ်ဆင်ထားတဲ့ ဖရီးဂိတ် စစ်သင်္ဘောရောင်းချဖို့အတွက် ရုရှားနဲ့ အိန္ဒိယနိုင်ငံတို့ သဘောတူလက်မှတ်ရေးထိုးလိုက်ပါတယ်။ ဒီသဘောတူညီချက်မှာ  သီးခြားစာချုပ်နှစ်ခုပါဝင်ပြီး နိုဝင်ဘာ ၂၀ ရက်က  စာချုပ်တစ်ခုလက်မှတ်ထိုးခဲ့ကာ လွန်ခဲ့သည့်လက အခြားစာချုပ်တစ်ခုကို လက်မှတ်ရေးထိုးခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူများကို ကိုးကား၍ ရုရှားသတင်းဌာနများက ဖော်ပြသည်။ သင်္ဘောလေးစင်းအနက်နှစ်စင်းကို ရုရှားနိုင်ငံ ကာလင်းအင်ဂရတ်ဒေသမှာ တည်ဆောက်မည်မှာဖြစ်ပြီး ကျန်နှစ်စင်းကိုတော့  အိန္ဒိယနိုင်ငံ ဂိုအာရှိ သင်္ဘောကျင်းတစ်ခုမှာ  တည်ဆောက်သွားမည်ဖြစ်ပါတယ်။ ရေငုပ်သင်္ဘောတွေအပါအ၀င် ရန်သူ့သင်္ဘောအမျိုးအစားအားလုံးကို တိုက်ခိုက်ဖို့ ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားတဲ့ ဖရီးဂိတ်စစ်သင်္ဘောလေးစင်းကို နှစ်နိုင်ငံ သဘောတူညီချက်အရ အိန္ဒိယနိုင်ငံက ရရှိမှာဖြစ်ပါတယ်။ ဆီးရီးယားရှိ စစ်သွေးကြွပစ်မှတ်တွေကို တိုက်ခိုက်ရာတွင်အသုံးပြုခဲတဲ့ ရုရှားရဲ့သရီးအမ် ကာလီဘာခရုဇ် ဒုံးပျံတွေကို ဒီသင်္ဘောတွေမှာ တပ်ဆင်ထားမှာဖြစ်ပြီး  တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေလည်း တင်ဆောင်နိုင်ဖွယ်ရှိပါတယ်။ အိန္ဒိယနိုင်ငံ ဂိုအာမှာတည်ဆောက်မယ့် သင်္ဘောနှစ်စင်းအတွက် စာချုပ်မှာ…

Read More

အချစ်က ဘဝမဟုတ်ပါဘူးဆိုတဲ့ ရွှေပိုးအိမ်

ရန်ကုန် နိုဝင်ဘာ ၂၁ – ၂၀၁၈ သင်းသဒ္ဒါ ချစ်စရာဆွဲဆောင်မှုရှိတဲ့ ရုပ်လေးပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် ရွှေပိုးအိမ်ရဲ့ အချစ်ရေးကတော့ “ရွှေပိုး အတွက် အချစ်က ဘဝတခု မဟုတ်ဘူး။ ဘဝရဲ့ အစိတ်အပိုင်းထဲမှာတော့ အချစ်ကပါပါတယ်။ ရွှေပိုးရဲ့ ချစ်သူ ပုံစံက ဘယ်လိုမျိုးဖြစ်ရမလဲလို့ စိတ်ကူးယဉ်ထားတာတော့ မရှိပါဘူး ။ ရွှေပိုးရဲ့ ချစ်သူက ရွှေပိုး ကို တကယ် ချစ်တဲ့သူဖြစ်ဖို့ပဲ အရေးကြီးတာပါ”လို့ ဆိုပါတယ်။ သူမကတော့ ပြီးခဲ့တဲ့ လပိုင်းကတော့ မင်းသား နေထူးနိုင်နဲ့အတူ  ဗီဒီယို ဇာတ်ကား နှစ်ကားရိုက် ထားပြီးတော့ ခသုံးလုံး ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးထားတဲ့ “အောက်ဖဲကို မလှန်ကြေး” ဆိုတဲ့ ရုပ်ရှင် ကားကြီးမှာလည်း ဧည့်သည်သရုပ်ဆောင်အနေနဲ့ပါဝင်ထားတယ်လို့ သိရပါတယ်။   လက်ရှိ အချစ်ရေးကတော့ အေးအေးဆေးဆေးပါပဲ။ အိမ်ထောင်ပြုတော့မယ်ဆိုတဲ့ အခါကျရင် ပရိ…

Read More

အာဖဂန်မှာ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၅၅ ဦးထက်မနည်းသေဆုံး

ကဘူး၊ နိုဝင်ဘာ-၂၁-၂၀၁၈ မျိုးဆက် (VOM) အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးမှာ အစ္စလာမ်ဘာသာရေးဆရာတွေ စုဝေးရာနေရာမှာ နိုဝင်ဘာ ၂၀ ရက်က အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၅၅ ဦးထက်မနည်း သေဆုံးသွားတယ်လို့  အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။ အာဏာပိုင်များအနေနဲ့ ဒီတိုက်ခိုက်မှုရဲ့နောက်ကွယ်က လုပ်ဆောင်ခဲ့တဲ့ အဖွဲ့ကို စုံးစမ်းဖော်ထုတ်နေပြီး တာလီဘန်အဖွဲ့ကတော့ ၎င်းတို့လက်ချက်မဟုတ်ဘူးလို့ ငြင်းဆိုထားသလို တိုက်ခိုက်မှုအတွက် ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၈၀ ကျော်လည်း ထိခိုက်ဒါဏ်ရာရရှိခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နာဂျစ်ဒါနစ်ရှ်က ပြောပါတယ်။ အခင်းဖြစ်ပွားရာနေရာသို့ အရေးပေါ် လူနာတင်ယာဉ်အစီး ၃၀ သွားရောက်ခဲ့ပြီး လူ ၄၀ လောက်ကတော့ ပြင်းပြင်းထန်ထန်ဒါဏ်ရာရရှိထားပြီး စိုးရိမ်ဖွယ် အခြေအနေရှိနေပါတယ်။ တမန်တော်မိုဟာမက်မွေးနေ့ နှစ်ပတ်လည် အထိန်းအမှတ်အဖြစ် အာဖဂန်အူလမာကောင်စီရဲ့ ဖိတ်ကြားချက်ကြောင့် နိုင်ငံရဲ့ ဒေသအတော်များများက အစ္စလာမ်ဘာသာရေးဆရာတွေ စုဝေးနေကြတဲ့ အခန်းကျယ်ထဲကို အသေခံဗုံးခွဲသမားက ဝင်ရောက်ဖောက်ခွဲခဲ့တာလို့…

Read More
VOM News

FREE
VIEW