မတူတာလက်ခံမှုနည်းပြီး တန်းတူညီမျှမှု အားနည်းလို့ ပဋိပက္ခဖြစ်ရတာလို့ ကေအန်ယူဥက္ကဋ္ဌပြော

 

နေပြည်တော် နိုဝင်ဘာ ၂၁-၂၀၁၈

မြတ်မင်းခန့် (VOM)

 

မြန်မာနိုင်ငံအတွင်း ဒီကနေ့အချိန်အထိလက်နက်ကိုင်ပဋိပက္ခတွေဖြစ်ပွားနေရတာဟာ မတူကွဲပြားမှုတွေကို လက်ခံအသိအမှတ်ပြုမှု လေးစားမှုမရှိတာ အတူကွဲမပြားမှုတွေအကြားမှာ လွတ်လပ်မှုတန်းတူညီမျှမှုအစရှိတဲ့ အခြေခံအကြောင်းတရားတွေကို ကျင့်သုံးမှုအားနည်းခဲ့တာကြောင့်ဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး က နေပြည်တော်မှာလုပ်တဲ့  ဘာသာပေါင်းစုံငြိမ်းချမ်းရေး အဖွဲ့ရဲ့ အကြံပေးဆွေးနွေးဝိုင်းမှာ ပြောဆိုလိုက်ပါတယ်။

ဒီအခမ်းအနားကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တိုယ်တိုင်တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဘာသာပေါင်းစုံက ဘာသာရေးဆရာများ မြန်မာဘုန်းတော်ကြီးများ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ တပ်မတော်ဒုတိယကာကွယ်ရေးဦးစီးချု့ပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့တက်ရောက်ခဲ့ပါတယ်။

#voiceofmyanmar #ဘာသာပေါင်းစုံငြိမ်းချမ်းရေးအဖွဲ့ရဲ့အကြံပေးဆွေးနွေးဝိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW