နိုင်ငံလုံခြုံရေးအတွက် ဒုံးပျံစမ်းသပ် ထုတ်လုပ်မှုတွေ ဆက်လုပ်မယ်လို့အီရန်ဆို

တီဟီရန်၊ ဒီဇင်ဘာ-၃၊ ၂၀၁၈

မျိုးဆက် (VOM)

 

အီရန်နိုင်ငံက ထိပ်ဖူးမျိုးစုံသယ်ဆောင်နိုင်တဲ့ ဒုံးပျံသစ်တစ်မျိုးကို စမ်းသပ်ခဲ့တယ်လို့ အမေရိကန်က စွပ်စွဲပြစ်တင်လိုက်ပေမယ့် နိုင်ငံကာကွယ်ရေး အတွက် ဒုံးပျံစမ်းသပ်မှုတွေကို ဆက်လုပ်သွားမယ်လို့ အီရန် စစ်ဘက် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဒီဇင်ဘာ ၂ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

 

ဒုံးပျံစမ်းသပ်မှုတွေဟာ နိုင်ငံ ကာကွယ်ရေးအတွက်ဖြစ်ပြီး စမ်းသပ်မှုအပြင် တည်ဆောက်မှုတွေပါ ဆက်လုပ်သွားမယ်လို့ အီရန်လက်နက်ကိုင်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် အဘောဖေဇယ် ရှက်ခါချီက ပြောပါတယ်။

 

ဒီလို လုပ်ဆောင်တာဟာ ကုလသဂ္ဂရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်ခြင်းတာမဟုတ်ဘူးလို့ အီရန်ကပြောပါတယ်။ အီရန်နိုင်ငံက ဒုံးပျံသစ်တစ်မျိုးကို စမ်းသပ်ခဲ့ခြင်း ရှိမရှိကိုတော့ ဗိုလ်ချုပ် ရှက်ခါချီက ငြင်းဆိုခြင်းမပြုသလို အတည်ပြုပြောဆိုတာလည်းမရှိပါဘူး။

 

အီရန်နိုင်ငံက တာလတ်ပစ် နျူးကလီးယား ဒုံးပျံတွေ စမ်းသပ်လုပ်ဆောင်နေတာဟာ ၂၀၁၅ ခုနှစ် အီရန်နျူကလီးယား သဘောတူစာချုပ်ကို ချိုးဖောက်နေတာဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ဒီဇင်ဘာ ၁ ရက် ပြစ်တင်ပြောဆိုပါတယ်။

 

အီရန်နိုင်ငံက ဒီလို ဒုံးပျံစမ်းသပ်မှုတွေ လုပ်ဆောင်နေတာဟာ နျူကလီးယား ဆွေးနွေးညှိနှို်င်းမှု မူဘောင်တွေနဲ့ မသက်ဆိုင်ဘဲ အီရန်နိုင်ငံ လုံခြုံရေးအတွက် အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး စမ်းသပ်မှုအတွက် မည်သည့်နိုင်ငံရဲ့ ခွင့်ပြုချက်ကိုမှ ရယူဖို့မလိုဘူးလို့ ဗိုလ်ချုပ် ရှက်ခါချီက ပြောပါတယ်။

 

Ref: Reuter

Photo: Reuter

Related posts

Leave a Comment

VOM News

FREE
VIEW