လက်ပံတောင်း ကြေးနီစီမံကိန်းက အက်ဆစ်ငွေ့ကြောင့် ပျက်စီးသွားတဲ့ သီးနှံတွေအတွက် လျော်ကြေးရရေးဆန္ဒပြ

လက်ပံတောင်း၊ဒီဇင်ဘာ-၅-၂၀၁၈ ဗျဂ္ဃ (VOM) စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကနေ အောက်တိုဘာလ ၃၀ ရက်နေ့က စီမံကိန်းဧရိယာအတွင်း အက်ဆစ်ဖျန်းခဲ့တာကြောင့် စီမံကိန်းအနီးက နှမ်း၊ ပဲစင်းငုံ၊ ပြောင်း၊ ပဲတီစိမ်း စတဲ့ သီးနှံစိုက်ခင်းတွေအပြင် ကွမ်းခြံတွေပါ ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့တာကို လျော်ကြေးငွေရရေးအတွက် ဒီဇင်ဘာလ ၅ ရက်နေ့က မြန်မာ ဝမ်ပေါင် ကုမ္ပဏီရှေ့မှာ ဒေသခံ၁၅၀ခန့်က ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြပွဲမှာ ဒေသခံတွေက စုံစမ်းစစ်ဆေးရေးအစီရင်ခံစာ မလိုက်နာတဲ့စီမံကိန်း ချက်ချင်းရပ်၊ နယ်ချဲ့တရုတ်ဝမ်ပေါင်နှင့် ဦးပိုင် အလိုမရှိ၊လူသတ် မြေသိမ်း ကြေးနီစီမံကိန်း ဖျက်သိမ်းရေး၊ ပတ်ဝန်းကျင်ထိခိုက်စေတဲ့စီမံကိန်း အရေးယူပေးရေး၊ သီးနှံလျော်ကြေး၊ နစ်နာကြေး အမြန်ဆုံးရရှိရေး စတဲ့ ကြွေးကြော်သံတွေကို ကြွေးကြော်ခဲ့ကြပါတယ်။   #voiceofmyanmar#လက်ပံတောင်း#ကြေးနီစီမံကိန်းကအက်ဆစ်ငွေ့ကြောင့်ပျက်စီးသွားတဲ့ သီးနှံတွေအတွက်လျော်ကြေးရရေးဆန္ဒပြ#

Read More

အိန္ဒိယသမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း နှစ်နိုင်ငံသဘောတူစာချုပ်များ လက်မှတ်ထိုးဖွယ်ရှိ

ဒေလီ၊ ဒီဇင်ဘာ-၅-၂၀၁၈ မျိုးဆက် (VOM) အိန္ဒိယသမ္မတ ရမ်နတ်ကိုဗင်းဟာ ဒီဇင်ဘာ ၁၀ ရက်ကနေ ၁၄ ရက်အထိ မြန်မာနိုင်ငံသို့ လာရောက် မှာဖြစ်တယ်လို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဌာနက ဒီဇင်ဘာ-၄ ရက်က ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံခရီးစဉ်အတွင်း သမ္မတ ရမ်နတ်ကိုဗင်းဟာ  မြန်မာနဲ့ အိန္ဒိယအကြား အရေးကြီးတဲ့ မိတ်ဖက်ဆက်ဆံရေး တည်ဆောက်ရေးအတွက် ထပ်လောင်းအတည်ပြုမယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ၎င်းဟာ သမ္မတဦးဝင်းမြင့် ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံသွားမှာဖြစ်ပြီး  မြန်မာနိုင်ငံနဲ့  အိန္ဒိယနိုင်ငံတို့အကြား သဘောတူစာချုပ်တွေကို  လက်မှတ်ရေးထိုးဖွယ်ရှိတယ်လို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ အိမ်နီးချင်းသာ ပထမ ဆိုတဲ့ အိန္ဒိယနိုင်ငံရဲ့ အရှေ့ပဓာန မူဝါဒအရ လွန်ခဲ့တဲ့  သုံးနှစ်တာကာလအတွင်း အိန္ဒိယနဲ့ မြန်မာနိုင်ငံတို့အကြား နိုင်ငံရေး၊ စီးပွားရေးနဲ့ ကာကွယ်ရေးဆိုင်ရာ ဆက်ဆံမှုတွေ  ပိုမိုအားကောင်းခဲ့ပြီး  ၂၀၁၇ခုနှစ် စက်တင်ဘာလမှာတော့ …

Read More

နျူကလီးယားစာချုပ်ကို ရက်၆၀အတွင်း ရုရှားက ပြန်မလိုက်နာရင် စာချုပ်ကထွက်မယ်လို့ အမေရိကန်သတိပေး

ဘရပ်ဆယ်၊ ဒီဇင်ဘာ-၅ မျိုးဆက် (VOM) ၁၉၈၇ ခုနှစ် တာလတ်ပစ်နျူကလီးယားစာချုပ်ကို ရုရှားနိုင်ငံက ချိုးဖောက်နေတယ်လို့ နေတိုးအဖွဲ့ နိုင်ငံခြားရေးဝန်ကြီးတွေက နိုဝင်ဘာ ၄ ရက်က  ပြစ်တင်ဝေဖန်လိုက်ပြီး အဆိုပါစာချုပ်ကို ရက် ၆၀ အတွင်း ရုရှားနိုင်ငံက ပြန်လည်လိုက်နာခြင်းမရှိရင်  သဘောတူစာချုပ်မှ အမေရိကန် နှုတ်ထွက်မယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက သတိပေး ပြောဆိုလိုက်ပါတယ်။ အဆိုပါနျူကလီးယားစာချုပ်က တားမြစ်ထားတဲ့ မိုင် ၃၁၀ မှ ၃၄၁၇ မိုင်အထိ ပစ်ခတ်နိုင်တဲ့  မြေပြင်အခြေစိုက် ဒုံးပျံတွေကို ရုရှားက ထုတ်လုပ်နေတာက ဒီစာချုပ်ကို ချိုးဖောက်တာဖြစ်ကြောင်း နေတိုးအဖွဲ့နိုင်ငံခြားရေး ၀န်ကြီးတွေက ကြေညာချက်တစ်ရပ်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။ ရုရှားအနေဖြင့် စာချုပ်ပါ အချက်အလက်တွေကို ချက်ချင်းပြန်လည်လိုက်နာဖို့ မိမိတို့အနေနဲ့ တိုက်တွန်းပြီး စာချုပ်ကိုပြန်လည်ထိန်းရမည့် အချိန်ဖြစ်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ စာချုပ်ပါ သဘောတူညီချက်တွေကို ရက်…

Read More

ရေနံတင်ပို့မှုကို အမေရိကန်ကတားမြစ်လာရင် ပါရှန်ပင်လယ်ကွေ့ ပိတ်ပစ်မယ်လို့ အီရန် သတိပေး

တီဟီရန်၊ ဒီဇင်ဘာ-၅-၂၀၁၈ မျိုးဆက် (VOM) အီရန်ရဲ့  ရေနံတင်ပို့မှုတွေကို ပိတ်ပင်တားဆီးပြီး ၎င်းရဲ့ရေနံတင်သင်္ဘောတွေကို ရပ်တန့်ဖို့  အမေရိကန်က အားထုတ်မှုတွေလုပ်ဆောင်ခဲ့ရင် ရလဒ်အနေနဲ့ အရေးပါတဲ့ ပါရှန်ပင်လယ်ကွေ့ကို ပိတ်ပစ်မယ်လို့ အီရန်သမ္မတ ဟာဆန်ရူဟာနီက သတိပေးပြောဆိုလိုက်ပါတယ်။ အမေရိကန်ဟာ အီရန်ရဲ့ ရေနံတင်ပို့မှုတွေကို  လုံးဝမရှိတဲ့အထိ လုပ်ဆောင်ဖို့ ဆန္ဒရှိနေပြီး ဒီလိုလုပ်ဆောင်မယ့် ဘယ်လိုအားထုတ်မှုမျိုးကိုမဆို အီရန်က လက်တုံ့ပြန်သွားမှာဖြစ်တယ်လို့ ဒီဇင်ဘာ ၄ ရက်နေ့က ရုပ်မြင်သံကြား မိန့်ခွန်းတစ်ရပ်မှာ ရူဟာနီက ပြောပါတယ်။ မိမိတို့အနေနဲ့ လက်ရှိမှာ ရေနံတွေကို ရောင်းချနေသလို ဆက်လက်ပြီးလည်း ရောင်းချသွားမှာဖြစ်ပြီး အီရန်ရဲ့ရေနံတင်ပို့မှုတွေကို ရပ်တန့်မရဘူးဆိုတာ အမေရိကန်အနေနဲ့  သိထားသင့်တယ်လို့   ၎င်းက ပြောပါတယ်။ တစ်ချိန်ချိန်မှာ  အီရန်ရဲ့ ရေနံတင်ပို့မှုကို အမေရိကန်က တားဆီးလာရင်တော့ ပါရှန်ပင်လယ်ကွေ့ကနေ  နိုင်ငံတကာ ရေနံတင်ပို့တာတွေ ရှိလာတော့မှာ မဟုတ်ဘူးလို့ ရူဟာနီက ဆိုပါတယ်။ ၂၀၁၅…

Read More

ခင်ပွန်းသည်တွေ ထောင်ချခံရတာကြောင့် မှီခိုသူတွေတောင်းစားနေရ

မန္တလေး၊ဒီဇင်ဘာ ၅-၂၀၁၈ ဟိန်းကို(VOM) မန္တလေးတိုင်းဒေသကြီး၊ပုသိမ်ကြီးမြို့နယ်၊ဒဟတ္တောကျေးရွာအုပ်စု၊အောင်သပြေကျေးရွာ က ဒေသခံ အမျိုးသမီးအချို့ဟာ ခင်ပွန်းသည်တွေ ထောင်ကျသွားတဲ့အတွက် မှီခိုစားသောက်စရာမရှိဖြစ်နေတာကြောင့် ကနေ့ နံနက်ပိုင်းက မန္တလေးဈေးချိုတော်မှာ တောင်းရမ်းစားသောက်မှု ပြုလုပ်နေပါတယ်။ မြင့် ရင်းနှီးမြုပ်နှံမှုကုမ္ပဏီက အောင်သပြေကျေးရွာအနီးမှာ ကျောက်မီးသွေးစွမ်းအင်သုံးဘိလပ်မြေစက်ရုံတည်ဆောက်နေတာကို ဒေသခံတွေက မကျေနပ်တဲ့အတွက် တားဆီးမှုတွေပြုလုပ်တာကို ကုမ္ပဏီက တရားစွဲဆိုခဲ့ပြီး ၂၀၁၈ခုနှစ် နိုဝင်ဘာလ(၂၈)ရက်နေ့က အောင်သပြေရွာသား ဦးရွှေအုန်း အပါအဝင် (၅)ဦးကို ပုသိမ်ကြီးမြို့နယ်တရားရုံးက ပုဒ်မ-၃၄၁(မတရားတားဆီးကန့်ကွက်မှုအတွက်ပြစ်ဒဏ်) နဲ့ထောင်ဒဏ်(၁)လ ချမှတ်ခဲ့တဲ့အတွက် အခုလို တောင်းရမ်းစားသောက်မှု ပြုလုပ်နေခြင်းဖြစ်ပါတယ်။ “ မြင့် ကုမ္ပဏီက  အမ ယောကျာင်္းကို အတင်းအဓမ္မအနိုင်ကျင့်ပြီးထောင်ချလိုက်တယ်လေ၊ အမမှာကလေးသုံးယောက်နဲ့လုပ်ကိုင်မစားနိုင်တဲ့အတွက် ဒီလိုတောင်းစားနေရတာပါ ၊ ပြည်သူလူထုဘက်မှာ တရားဥပဒေရှိသေးလာလို့ မေးချင်ပါတယ် “ လို့ အောင်သပြေဒေသခံ မသင်းခိုင် က ပြောပါတယ်။ လက်ရှိမှာ အောင်သပြေဒေသခံ ၁၈ဦးကို ကုမ္ပဏီဘက်က လမ်းတံတားဥပဒေ၊…

Read More

စစ်ကိုင်းမြို့၊ဂုံညင်းတောင်ကျေးရွာက ရာအိမ်မှူး /ဆယ်အိမ်မှူး များ နုတ်ထွက်

စစ်ကိုင်း၊ဒီဇင်ဘာ ၅-၂၀၁၈ စောပြည့်ချမ်းသာ(VOM) စစ်ကိုင်းမြို့၊တဲကြီးတိုက်နယ်၊ဂုံညင်းတောင်ကျေးရွာ က ရာအိမ်မှူး /ဆယ်အိမ်မှူးတွေက ၎င်း တို့ ရဲ့  တာဝန်တွေကနေ  နုတ်ထွက်ကြောင်း ကို ဒီဇင်ဘာလ(၄)ရက်နေ့က စစ်ကိုင်းမြို့နယ် အထွေထွအုပ်ချုပ်ရေးမှူးဦးစီဌာနရုံး သို့ စာတင်ခဲ့ပါတယ်။ “ ကျေးရွာအုပ်ချုပ်ရေးမှူးက ဆယ်အိမ်မှူး၊ရာအိမ်မှူး တွေကို ဥပဒေအရ  ပူးပေါင်းဆောင်ရွက်ခြင်း မရှိတာရယ် ၊ကိုယ့်ထမင်း ကိုယ်စားပြီး ရပ် ရွာ အကျိုးကို ထမ်းဆောင်နေတဲ့ ရာအိမ်မှူး ဆယ်အိမ်မှူးတွေ ကို ကာကွယ်မပေးတာကြောင့် တာဝန်ကနေ အားလုံး နုတ်ထွက်တာဖြစ်ပါတယ် ” လို့ ရာအိမ်မှူး ဦးသန်းနိုင်ဦးက ပြောပါတယ်။ ဂုံညင်းတောင်ကျေးရွာအနီးက ဘုရားပွဲကို အက၊အလှ များနဲ့ သွားရောက် ဖျော်ဖြေဖို့အတွက် နိုဝင်ဘာလ၂၉ ရက် ညပိုင်း က ရွာလယ် ဓမ္မာရုံမှာ လူငယ်တွေ အက တိုက်နေစဉ် ကိုအောင်အောင် ဆိုသူ …

Read More

ဗဟိုဘဏ်ကနေချေးယူနေရတာကိုလျော့ချဖို့လို

  နေပြည်တော် ဒီဇင်ဘာ ၅-၂၀၁၈ မြတ်မင်းခန့်(VOM) မြန်မာအစိုးရအနေနဲ့ ပြည်တွင်းကြွေးမီ ကျပ်ဘီလျံ ၁သောင်း၅ထောင်ကျော်ရှိနေပြီး နှစ်စဉ်အတိုးဘီလျံ ၁၀၀၀ကျော်ဆပ်နေရတာကြောင့် ဘတ်ဂျတ်လိုငွေပြမှု ဗဟိုဘဏ်ကနေချေးယူနေရတာကိုလျော့ချဖို့ လိုအပ်နေပီဖြစ်တယ်လို့  ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုဥက္ကဌ ကပြောဆိုလိုက်ပါတယ်။ မြတ်မင်းခန့်သတင်းပေးပို့ထားပါတယ်။ #voiceofmyanmar#ဗဟိုဘဏ်ကနေချေးယူနေရတာကိုလျော့ချဖို့လို # ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ

Read More

အတိုက်အခံတွေအပေါ် နိုင်ငံရေးဖြေလျော့မှုပေးဖို့ ကမ္ဘောဒီးယားအစိုးရ စီစဉ်

ဖနွမ်းပင်၊ ဒီဇင်ဘာ-၅-၂၀၁၈ မျိုးဆက်  (VOM) ဥရောပသမဂ္ဂက (အီးယူ) ကမ္ဘောဒီးယားနိုင်ငံကို အခွန်ကင်းလွတ်မှုပေးထားတာကို ရုပ်သိမ်းဖို့ ခြိမ်းခြောက်လိုက်ပြီးနောက် ကမ္ဘောဒီးယား အဓိကအတိုက်အခံပါတီဝင် ၁၀၀ ကျော်ကို နိုင်ငံရေးလှုပ်ရှားမှုတွေ ငါးနှစ်ကြာ ပိတ်ပင်ထားတာကနေ  ပြန်လည်ခွင့်ပြုဖို့ ကမ္ဘောဒီးယား ပါလီမန်က သုံးသပ်နေပါတယ်။ ၀န်ကြီးချုပ်ဟွန်ဆန်ရဲ့ ပါတီက ပါလီမန်အမတ်နေရာအားလုံးကို အနိုင်ရရှိခဲ့တဲ့  ဇူလိုင် ရွေးကောက်ပွဲမှာ ဟွန်ဆန်ပြန်လည်အာဏာရရှိပြီးနောက် ကမ္ဘောဒီးယားနိုင်ငံကို လက်နက်မှအပ အားလုံးကို အခွန်တင်းကြပ်ဖို့ တရားဝင် လုပ်ထုံလုပ်နည်းတစ်ရပ်ကို အီးယူက လွန်ခဲ့သည့်လက စတင်ခဲ့ပါတယ်။ အနာဂါတ်မှာ ဒီမိုကရေစီနဲ့ ဥပေဒစိုးမိုးရေးကို မြှင့်တင်ဖို့  နိုင်ငံရေးလှုပ်ရှားမှုတွေကနေ ပိတ်ပင်တားမြစ်ခံထားရတဲ့ ပုဂ္ဂိုလ်တွေကို  ပြန်လည်ခွင့်ပြုပေးနိုင်တဲ့  ဥဒေရေးရာပြဌာန်းချက်တွေကို အမျိုးသားလွှတ်တော်က ပြန်လည်သုံးသပ်နေတယ်လို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ-၃ ရက်က ထုတ်ပြန်ပါတယ်။ အမေရိကန်ရဲ့ အကူအညီနဲ့ အာဏာရယူဖို့ ကြံစည်ကြောင်း စွပ်စွဲခံရပြီးနောက် အဓိက အတိုက်အခံ…

Read More

”သီချင်းခွေထွက်ဖို့ အသံသွင်းနေပြီဖြစ်နေတယ် မေမြတ်နိုး”

ရန်ကုန် ဒီဇင်ဘာ ၄-၂၀၁၈ သင်းသဒ္ဒါ(VOM) အလှမယ်လောကတဆင့် သရုပ်ဆောင်ပါလုပ်နေတဲ့  မေမြတ်နိုးကတော့ ”သီချင်းခွေထွက်ဖို့ အသံသွင်းနေပြီဖြစ်နေတယ်”လို့ ဆိုပါတယ်။ လတ်တလော အနုပညာလှုပ်ရှားမှုကတော့ ”Music အမျိုးအစားကတော့ အစုံထည့်ထားပါတယ်။ လူကြီးအကြိုက်ရော၊လူငယ်အကြိုက်ရော ဗိုလ်ဆန်ဆန်ရောထည့်ထားပါတယ်။ မကြာခင်မှာတော့ ပရိသတ်ဆီကို ဆက်တိုက်ဆိုလို့ မြတ်နိုးကိုတွေ့ရမှာပါ”လို့ ဆိုပါတယ်။ လက်ရှိမှာ မြတ်နိုး အဆိုပိုင်းနဲ့ပတ်သက်ပြီးတော့ သီချင်း ၉ပုဒ်လောက်ပြီးသွားတော့ အင်္ဂလိပ် သီချင်း ၃ပုဒ်ထည့်ဖို့ စီစဉ်ထားပါတယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့လပိုင်းလောက် ဘန်ကောက်မှာ Invincible ဇာတ်ကားရဲ့ Casting အတွက် Audition ဝင်ရာမှ ရွေးချယ်ခံရပြီး ခေါင်းဆောင်မင်းသမီးနေရာကနေ ပါဝင်သရုပ်ဆောင်ရခဲ့တာလည်းဖြစ်ပါတယ်။Invincible ရုပ်ရှင်ကားကြီးကတော့ action ကားအမျိုးအစားဖြစ်သလို 2019 ခုနှစ်မှာ ရုံတင်ပြသမယ့် ရုပ်ရှင်ကားကြီးတစ်ကားလည်းဖြစ်တယ်လို့ သိရပါတယ်။ ” မေမြတ်နိုးအက်ရှင်-ဒရာမာဆန်ဆန်လေး ဇာတ်ကားမှာ မြတ်နိုးသရုပ်ဆောင်ထားပါတယ်။ ဘန်ကောက်မှာ ရိုက်ကူးတယ်ဆိုပေမဲ့ ဇာတ်ကားတစ်ကားလုံးမှာတော့ အင်္ဂလိပ်စကားပြောနဲ့ပဲ သရုပ်ဆောင်ထားပါတယ်။…

Read More
VOM News

FREE
VIEW