နျူကလီးယားစာချုပ်ကို ရက်၆၀အတွင်း ရုရှားက ပြန်မလိုက်နာရင် စာချုပ်ကထွက်မယ်လို့ အမေရိကန်သတိပေး

ဘရပ်ဆယ်၊ ဒီဇင်ဘာ-၅

မျိုးဆက် (VOM)

၁၉၈၇ ခုနှစ် တာလတ်ပစ်နျူကလီးယားစာချုပ်ကို ရုရှားနိုင်ငံက ချိုးဖောက်နေတယ်လို့ နေတိုးအဖွဲ့ နိုင်ငံခြားရေးဝန်ကြီးတွေက နိုဝင်ဘာ ၄ ရက်က  ပြစ်တင်ဝေဖန်လိုက်ပြီး အဆိုပါစာချုပ်ကို ရက် ၆၀ အတွင်း ရုရှားနိုင်ငံက ပြန်လည်လိုက်နာခြင်းမရှိရင်  သဘောတူစာချုပ်မှ အမေရိကန် နှုတ်ထွက်မယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက သတိပေး ပြောဆိုလိုက်ပါတယ်။

အဆိုပါနျူကလီးယားစာချုပ်က တားမြစ်ထားတဲ့ မိုင် ၃၁၀ မှ ၃၄၁၇ မိုင်အထိ ပစ်ခတ်နိုင်တဲ့  မြေပြင်အခြေစိုက် ဒုံးပျံတွေကို ရုရှားက ထုတ်လုပ်နေတာက ဒီစာချုပ်ကို ချိုးဖောက်တာဖြစ်ကြောင်း နေတိုးအဖွဲ့နိုင်ငံခြားရေး ၀န်ကြီးတွေက ကြေညာချက်တစ်ရပ်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

ရုရှားအနေဖြင့် စာချုပ်ပါ အချက်အလက်တွေကို ချက်ချင်းပြန်လည်လိုက်နာဖို့ မိမိတို့အနေနဲ့ တိုက်တွန်းပြီး စာချုပ်ကိုပြန်လည်ထိန်းရမည့် အချိန်ဖြစ်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

စာချုပ်ပါ သဘောတူညီချက်တွေကို ရက် ၆၀ အတွင်း ရုရှားနိုင်ငံက ပြန်လည်မလိုက်နာပါက စာချုပ်ချိုးဖောက်ကြောင်း တွေ့ရှိချက်တွေကို ကြေညာသွားမှာဖြစ်ပြီး စာချုပ်ကလည်း နှုတ်ထွက်သွားမှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက သတိပေးပြောဆိုပါတယ်။

ဒါပေမယ့် နေတိုးအဖွဲ့နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ စွပ်စွဲချက်တွေကို ရုရှားနိုင်ငံခြားရေးဝန်ကြီး မာရီယာဇာဟာရိုဗာက ငြင်းဆိုလိုက်ပြီး  ရုရှားအနေဖြင့် အဆိုပါနျူကလီးယားစာချုပ်ကို လိုက်နာနေပြီး ယင်းသို့ လိုက်နာနေတယ်ဆိုတာကိုလည်း အမေရိကန်ဘက်က သိထားတယ်လို့ ပြောပါတယ်။

Ref: UPI

Photo : Reuter

#voiceofmyanmar#အမေရိကန်#နျူကလီးယားစာချုပ်ကိုရက်၆၀အတွင်းရုရှားကပြန်မလိုက်နာရင်စာချုပ်ကထွက်မယ်လို့အမေရိကန်သတိပေး#

Related posts

Leave a Comment

VOM News

FREE
VIEW