အတိုက်အခံတွေအပေါ် နိုင်ငံရေးဖြေလျော့မှုပေးဖို့ ကမ္ဘောဒီးယားအစိုးရ စီစဉ်

ဖနွမ်းပင်၊ ဒီဇင်ဘာ-၅-၂၀၁၈

မျိုးဆက်  (VOM)

ဥရောပသမဂ္ဂက (အီးယူ) ကမ္ဘောဒီးယားနိုင်ငံကို အခွန်ကင်းလွတ်မှုပေးထားတာကို ရုပ်သိမ်းဖို့ ခြိမ်းခြောက်လိုက်ပြီးနောက် ကမ္ဘောဒီးယား အဓိကအတိုက်အခံပါတီဝင် ၁၀၀ ကျော်ကို နိုင်ငံရေးလှုပ်ရှားမှုတွေ ငါးနှစ်ကြာ ပိတ်ပင်ထားတာကနေ  ပြန်လည်ခွင့်ပြုဖို့ ကမ္ဘောဒီးယား ပါလီမန်က သုံးသပ်နေပါတယ်။

ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ ပါတီက ပါလီမန်အမတ်နေရာအားလုံးကို အနိုင်ရရှိခဲ့တဲ့  ဇူလိုင် ရွေးကောက်ပွဲမှာ ဟွန်ဆန်ပြန်လည်အာဏာရရှိပြီးနောက် ကမ္ဘောဒီးယားနိုင်ငံကို လက်နက်မှအပ အားလုံးကို အခွန်တင်းကြပ်ဖို့ တရားဝင် လုပ်ထုံလုပ်နည်းတစ်ရပ်ကို အီးယူက လွန်ခဲ့သည့်လက စတင်ခဲ့ပါတယ်။

အနာဂါတ်မှာ ဒီမိုကရေစီနဲ့ ဥပေဒစိုးမိုးရေးကို မြှင့်တင်ဖို့  နိုင်ငံရေးလှုပ်ရှားမှုတွေကနေ ပိတ်ပင်တားမြစ်ခံထားရတဲ့ ပုဂ္ဂိုလ်တွေကို  ပြန်လည်ခွင့်ပြုပေးနိုင်တဲ့  ဥဒေရေးရာပြဌာန်းချက်တွေကို အမျိုးသားလွှတ်တော်က ပြန်လည်သုံးသပ်နေတယ်လို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ-၃ ရက်က ထုတ်ပြန်ပါတယ်။

အမေရိကန်ရဲ့ အကူအညီနဲ့ အာဏာရယူဖို့ ကြံစည်ကြောင်း စွပ်စွဲခံရပြီးနောက် အဓိက အတိုက်အခံ ကမ္ဘောဒီးယားအမျိုးသားပါတီကို လွန်ခဲ့သည့်နှစ်က နိုင်ငံတော် အထူးတရားရုံးချုပ်က ဖျက်သိမ်းလိုက်သလို ပါတီဝင် ၁၁၈ ဦးရဲ့  နိုင်ငံရေးလှုပ်ရှားမှုတွေကိုလည်း ပိတ်ပင်တားမြစ်ထားတာဖြစ်ပါတယ်။

အတိုက်အခံပါတီက ပါတီခေါင်းဆောင် ကင်ဆိုခါကိုလည်း နိုင်ငံတော်ပုန်ကန်ကြောင်းစွဲချက်နဲ့ ထောင်ဒါဏ်တစ်နှစ် ကျခံပြီးနောက် စက်တင်ဘာလမှာတော့  ပြန်လည်လွှတ်ပေးခဲ့မယ့် နေအိမ်အကျယ်ချုပ် နဲ့ လက်ရှိအချိန်အထိ ထိန်းသိမ်းထားဆဲဖြစ်ပါတယ်။

Ref : Reuter

Photo : Reuter

#voiceofmyanmar #ကမ္ဘောဒီးယား

Related posts

Leave a Comment

VOM News

FREE
VIEW