ဟွာဝေးကုမ္ပဏီ ဒုတိယဥက္ကဌ ကနေဒါနိုင်ငံမှာ အဖမ်းခံရ၊ ပြန်လွှတ်ပေးဖို့ တရုတ်တောင်းဆို

ဗန်ကူးဗား၊ ဒီဇင်ဘာ-၆

မျိုးဆက် (VOM)

တရုတ်ဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့  ဟွာဟွေးကုမ္ပဏီကို တည်ထောင်သူရဲ့ သမီးဖြစ်သူဟာ ကနေဒါနိုင်ငံမှာ အဖမ်းခံလိုက်ရပြီး ပြစ်မှုကျူးလွန်ခဲ့ရာ အမေရိကန်နိုင်ငံကို လွဲပြောင်းသွားမှာဖြစ်ပါတယ်။

ဟွာဝေးကုမ္ပဏီရဲ့ ဘဏ္ဍာရေးအကြီးအကဲနဲ့ ကုမ္ပဏီဒုဥက္ကဌဖြစ်သူ မန်ဝမ်ကျို ဟာ ဒီဇင်ဘာ ၁ ရက်နေ့က ကနေဒါနိုင်ငံ ဗန်ကူးဗားမှာ  ဖမ်းဆီးခံရတာဖြစ်ပါတယ်။

ဒီလို ဖမ်းဆီးလိုက်ခြင်းရဲ့  အချက်အလက်တွေကို အသေးစိတ်ထုတ်ပြန်ခြင်းမရှိပေမယ့် အီရန်အပေါ်ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို ချိုးဖောက်နိုင်ခြေရှိတဲ့အတွက်  ဟွာဝေးကုမ္ပဏီကို အမေရိကန် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

မန်ဝမ်ကျို ဖမ်းဆီးလိုက်တာနဲ့ပတ်သက်ပြီး ကနေဒါနိုင်ငံမှာရှိတဲ့ တရုတ်သံရုံးက  ကန့်ကွက်လိုက်ပြီး ၎င်းကို လွှတ်ပေးရန် တောင်းဆိုလိုက်ပါတယ်။ စွဲချက်တွေနဲ့ ပတ်သက်ပြီး သတင်းအချက်အလက်အနည်း ငယ်မျှသာရှိပြီး မန်ဝမ်ကျို အနေနဲ့ တစ်စုံတစ်ရာ အမှားအယွင်း မလုပ်ခဲ့ဘူးလို့ ဟွာဝေး ကုမ္ပဏီက ပြောပါတယ်။

မန်ဝမ်ကျို  ဖမ်းဆီးခံရတဲ့  နေ့ရက်နဲ့ နေရာကို ကနေဒါ တရားရေးဝန်ကြီးဌာနက အတည်ပြုပြီး ၎င်းကို အမေရိကန်သို့ လွှဲပြောင်းပေးဖို့ လုပ်ဆောင်သွားမှာဖြစ်ကာ အာမခံအတွက် ဒီဇင်ဘာ ၇ ရက်မှာ ကြားနာသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

Ref : BBC

Photo : AP

#voiceofmyanmar# ဟွာဝေးကုမ္ပဏီ# ဒုတိယဥက္ကဌကနေဒါနိုင်ငံမှာအဖမ်းခံရ#

Related posts

Leave a Comment

VOM News

FREE
VIEW