အပြင်မှာ စပ်စလူးစိန်ဆိုတော့ ရန်သူရုပ်ရှင်ကားမှာ သရုပ်ဆောင်တာ ငြိမ်အောင်မနည်းထိန်းရတယ်ဆိုတဲ့ နေခြည်ဦး

ရန်ကုန် ဒီဇင်ဘာ ၇ -၂၀၁၈

သင်းသဒ္ဒါ(VOM)

Beauty Bloggerလောက ကနေ သရုပ်ဆောင်လောကထဲရောက်လာတဲ့  နေခြည်ဦးကတော့ ”အဓိက ကိုယ်က အပြင်မှာစပ်စလူးစိန်ဆိုတော့ ရန်သူရုပ်ရှင်ကားမှာ သရုပ်ဆောင်တာ ငြိမ်အောင်မနည်းထိန်းရတယ် ”လို့ ဆိုပါတယ်။

” နေခြည့်ရဲ့ ပထမဆုံးကား ဘာမှမခွဲမစိတ်ပဲနဲ့ ဒါတော့နေခြည့်ရဲ့ တကယ့်ပင်ကိုအလှပေါ့နော်၊ပရိတ်သတ်အနေနဲ့ကြည့်ရင်တော့တကယ့်ကို နေခြည်ဦးလိုမမြင်ပါဘူး၊လေပြေလို့ပဲမြင်မှာပါ”လို့ဆိုပါတယ်။

အဆိုတော်  ရွှေထူးနဲ့ အတူ ဧည့်သည်ရုပ်ရှင်ကားမှာလည်း မျက်နှာမပြုပြင်ခင်ရသေးခင်မှာ ရိုက်ကူးထားပြီးတော့ အောက်ဖဲမလှန်ကြေး ဇာတ်ကားမှာတော့ မျက်နှာပြုပြင်ပြီးမှ ရိုက်ကူးထားတာဖြစ်ပါတယ်။

”အပြင်မှာစကားကို အမြန်တွေပြောပေမဲ့ ဒီထဲမှာလေပြေက မန္တလေးသူကောင်မလေးတစ်ယောက် အဆောင်မှာနေတယ်၊ကိုယ့်ကိုယ်ကို မုဒ်ပြန်သွင်းရတာပေါ့နော်၊ ဒီကားလေးက နေခြည့်အတွက် အမှားတွေအများကြီးရှိတယ်၊အမှားတွေအားလုံးပြန်လည်သင်ကြားပြီးတော့ ကောင်းအောင်လုပ်မှာပါ၊ငိုတဲ့အခန်းတွေမှာတော့နေခြည်တော်တော်လေးအားမရဘူး၊အားလုံးပြင်ဆင်ပြီးနေခြည်ပိုကြိုးစားမှာပါ”လို့ဆိုပါတယ်။

#voiceofmyanmar#နေခြည်ဦး#

ဓာတ်ပုံ – သင်းသဒ္ဒါ

Related posts

Leave a Comment

VOM News

FREE
VIEW