မန္တလေး၊ ဒီဇင်ဘာ ၁၃-၂၀၁၈
ဟိန်းကို(VOM)
စစ်ကိုင်းမြို့နယ် မင်းကွန်းပုထိုးတော်ကြီးပညာရေးအကယ်ဒမီကျောင်းတွင် ဒီဇင်ဘာ ၈ ရက်နေ့ နံနက်ပိုင်းက ခရစ်ယာန်အဖွဲ့တစ်ဖွဲ့က ယင်းကျောင်းရှိ ကျာင်းသား၊ကျောင်းသူတွေကို ဘာသာရေးစည်းရုံးသည့်သဘောဖြင့် ဟောပြောမှုလုပ်ခဲ့တဲ့ ဓမ္မဆရာတော်ဟာ အသင်းတော်မှခန့်အပ်ထားတဲ့ ဆရာမဟုတ်ကြောင်း ခရစ်ယာန်အသင်းတော်များကောင်စီ က ထုတ်ပြန်ချက်ထုတ်ပြီးကြေညာထားပါတယ်။
ယခုလိုလုပ်ရပ်မျိုးဟာ ခရစ်ယာန်ဘာသာ ၏ သွန်သင်ဆုံးမမှုမဟုတ်ပဲ သူ့သဘောဆန္ဒအရ လုပ်ဆောင်ခဲ့ခြင်းသာဖြစ်ပြီး ခရစ်ယာန်အသင်းတော်ကောင်စီအနေနဲ့ ခုလိုလုပ်ဆောင်မှုကို ကန့်ကွက်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မင်းကွန်းပုထိုးတော်ကြီးပညာရေးအကယ်ဒမီကျောင်းက ကျောင်းအုပ်ဆရာတော် ဦးဥက္ကဌကလည်း ” သူတို့က ခရစ်စမတ်လက်ဆောင်ပေးမယ် ပျော်ပွဲရွှင်ပွဲလုပ်မယ် ဆိုတဲ့ အပိုင်းပဲလုပ်မယ်ဆိုတာသိရလို့ပါ ဒါပေမယ့် အခုလို ဘာသာရေး စည်းရုံးဟောပြောတာဟာ ခွင့်ပြုချက်ထက်ကျော်လွန်ပြီးလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့” VOMသတင်းဌာနကို မိန့်ကြားထားပါတယ်။
တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေး၊ပြန်လည်သင့်မြတ်ရေး ဆောင်ရွက်နေတဲ့အချိန်ကာလ နဲ့ ဘာသာတရားအချင်းချင်း ချစ်ကြည်ရင်းနှီးစွာ အတူယှဉ်တွဲနေထိုင်ရန် ကြိုးစားအားထုတ်နေချိန်မှာ အခုလို ၀မ်းနည်းဖွယ်ရာအဖြစ်အပျက်များအတွက် များစွာစိတ်မကောင်းဖြစ်ရကြောင်း ခရစ်ယာန်များကိုယ်စား ကြေညာချက်ထားပြန်ရခြင်း ဖြစ်တယ်လို့ သိရပါတယ်။
#voiceofmyanmar#ခရစ်ယာန်အသင်းတော်များကောင်စီ#ကြေညာချက်ထုတ်#