အသင်း​တော်​မှခန့်​အပ်​ထား​သော ဆရာမဟုတ်​​ကြောင်း ခရစ်​ယာန်​အသင်း​တော်​​များ​ကောင်​စီ မှ ထုတ်​ပြန်

မန္တ​လေး၊ ဒီဇင်​ဘာ ၁၃-၂၀၁၈
ဟိန်းကို(VOM)

စစ်ကိုင်းမြို့နယ် မင်းကွန်းပုထိုးတော်ကြီးပညာရေးအကယ်ဒမီကျောင်းတွင် ဒီဇင်ဘာ ၈ ရက်​​နေ့ နံနက်ပိုင်းက ခရစ်ယာန်အဖွဲ့တစ်ဖွဲ့က ယင်း​ကျောင်းရှိ ကျာင်းသား၊​ကျောင်းသူ​တွေကို ဘာသာ​ရေးစည်းရုံးသည့်​သ​ဘောဖြင့်​ ​ဟော​ပြောမှုလုပ်​ခဲ့တဲ့ ဓမ္မဆရာ​တော်​ဟာ အသင်း​တော်​မှခန့်​အပ်​ထား​တဲ့ ဆရာမဟုတ်​​ကြောင်း ခရစ်​ယာန်​အသင်း​တော်​​များ​ကောင်​စီ က ထုတ်​ပြန်​ချက်​ထုတ်​ပြီး​ကြေညာထားပါတယ်​။

ယခုလိုလုပ်​ရပ်​မျိုးဟာ ခရစ်​ယာန်​ဘာသာ ၏ သွန်​သင်​ဆုံးမမှုမဟုတ်​​ပဲ သူ့သ​ဘောဆန္ဒအရ လုပ်​​ဆောင်​ခဲ့ခြင်းသာဖြစ်​ပြီး ခရစ်​ယာန်​အသင်း​တော်​​ကောင်​စီအ​နေနဲ့ ခုလိုလုပ်​​ဆောင်​မှုကို ကန့်​ကွက်​တယ်​လို့ ထုတ်​ပြန်​ချက်​မှာ ​ဖော်​ပြထားပါတယ်​။

မင်းကွန်းပုထိုးတော်ကြီးပညာရေးအကယ်ဒမီကျောင်းက ​ကျောင်းအုပ်​ဆရာ​တော်​ ဦးဥက္ကဌကလည်း ” သူတို့က ခရစ်စမတ်​လက်​​ဆောင်​​ပေးမယ်​ ​ပျော်​ပွဲရွှင်​ပွဲလုပ်​မယ်​ ဆိုတဲ့ အပိုင်းပဲလုပ်​မယ်​ဆိုတာသိရလို့ပါ ဒါ​ပေမယ့်​ အခုလို ဘာသာရေး စည်းရုံးဟောပြောတာဟာ ခွင့်ပြုချက်ထက်ကျော်လွန်ပြီးလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့” ​VOMသတင်းဌာနကို မိန့်​ကြားထားပါတယ်​။

တိုင်းပြည်​ရဲ့ ငြိမ်းချမ်း​ရေး၊ပြန်​လည်​သင့်​မြတ်​​ရေး ​ဆောင်​ရွက်​​နေတဲ့အချိန်​ကာလ နဲ့ ဘာသာတရားအချင်းချင်း ချစ်​ကြည်​ရင်းနှီးစွာ အတူယှဉ်​တွဲ​နေထိုင်​ရန်​ ကြိုးစားအားထုတ်​​နေချိန်​မှာ အခုလို ၀မ်းနည်းဖွယ်​ရာအဖြစ်​အပျက်​များအတွက်​ များစွာစိတ်​မ​ကောင်းဖြစ်​ရ​ကြောင်း ခရစ်​ယာန်​များကိုယ်​စား ​ကြေညာချက်​ထားပြန်​ရခြင်း ဖြစ်​တယ်​လို့ သိရပါတယ်​။

#voiceofmyanmar#ခရစ်​ယာန်​အသင်း​တော်​​များ​ကောင်​စီ#​ကြေညာချက်​ထုတ်​#

Related posts

Leave a Comment

VOM News

FREE
VIEW