အင်္ဂလိပ်သီချင်းခွေထုတ်တာနဲ့ ပတ်သက်ပြီး ပြောလာတဲ့ အိမ့်ချစ်

ရန်ကုန် ဒီဇင်ဘာ ၁၃-၂၀၁၈ သင်းသဒ္ဒါ(VOM) ပရိသတ်အချစ်တော် အဆိုတော် အိမ့်ချစ်ကတော့ “Slay”Audio CD Albumက အိမ့်ချစ်အနေနဲ့ ဂီတကို ပြောင်းလဲမှုတစ်ခု ဖန်တီးဖြစ်တာပါလို့ဆိုပါတယ်။ အင်္ဂလိပ် သီချင်းခွေလေးထုတ်ဖြစ်တဲ့အကြောင်းနဲ့ ပတ်သက်ပြီးတော့”အဓိကတော့ အိမ့်ချစ်ရဲ့ ဘ၀မှတ်တိုင်အဖြစ်နဲ့ ထုတ်ဖြစ်တာပါ၊ အင်တာနေရှင်နယ်ကို ထိုးဖောက်နိုင်မယ့် အခွင့်အရေးလေးကို တစ်ထောင်တစ်နေရာက ကြိုးစားခဲ့တယ်ဆိုတဲ့ မှတ်တမ်းလေးတစ်ခုရှိချင်တယ်၊ အိမ့်ချစ် ရဲ့ အခွေတွေက မဖြစ်မနေအောင်မြင်ရမယ်ဆိုတဲ့ ကြီးကြီးကျယ်ကျယ် စဉ်းစားပြီးလုပ်တာ မဟုတ်ပါဘူး၊ အိမ့်ချစ်ရဲ့ အခွေသည် နိုင်ငံတကာအဆင့်မီအောင် ကြိုးစားပြီး လုပ်ဆောင်ကြည့်တာပါ၊ အိမ့်ချစ် က လည်း ပြည်ပမှာလည်း ကျယ်ပြန့်ပြီးတော့ တစ်ထောင်တစ်နေရာက ကူညီတဲ့သဘောနဲ့ လုပ်ဆောင် ဖြစ်တာပါ၊ တကယ်ကိုနိုင်ငံတစ်ကာအဆင့်အတန်းမှီအောင် ရေးထားပါတယ်”လို့ဆိုပါတယ်။ သူမကတော့ဂီတသက်တမ်း(၁၄)နှစ်ရှိပြီး မဖြစ်နိုင်ဘူးဆိုတဲ့ စိတ်ကြီးကဖြစ်ခဲ့ပေမယ့်လည်း နောက်ပိုင်းကျတော့ အိမ့်ချစ်ထက်သတ္တိပိုရှိတဲ့လူငယ်တွေ ထွက်လာကြတယ် ၊အင်္ဂလိပ်လိုတွေရေးထုတ်ကြတယ်သူပေါ်လာတဲ့ အင်အားတစ်ခုဖြစ်လာစေခဲ့ တယ်လို့သိရပါတယ်။ ”ဂီတလောကအတွက်ကို တာဝန်ရှိတဲ့…

Read More

တူရကီမှာ မြန်နှုန်းမြင့်ရထားမတော်တဆမှုကြောင့် လူကိုးဦးသေဆုံး၊ ၄၀ ကျော်ဒါဏ်ရာရ

  အန်ကာရာ၊ ဒီဇင်ဘာ-၁၃ မျိုးဆက် (VOM) တူရကီနိုင်ငံမြို့တော် အန်ကာရာမှာရှိတဲ့ ဘူတာရုံတစ်ရုံမှာ  မြန်နှုန်းမြင့် မီးရထား တစ်စင်း မတော်တဆမှုဖြစ်ပွားခဲ့တာကြောင့် လူကိုးဦးထက်မနည်းသေဆုံးသွားပြီး လေးဆယ်ကျော် ထိခိုက်ဒါဏ်ရာရရှိသွားတယ်လို့ တူရကီ ပို့ဆောင်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ အခင်းဖြစ်ပွားရာနေရာက  ဆိုးရွားစွာပျက်စီးနေတဲ့  မီးရထားတွဲတွေထဲက လူတွေကို ကယ်ဆယ်ဖို့ အရေးပေါ်ဌာနက လုပ်ဆောင်လျက်ရှိပါတယ်။ အဆိုပါမြန်နှုန်းမြင့် မီးရထားဟာ  အခြားရထားတစ်စင်းနဲ့ တိုက်မိပြီးနောက် တိမ်းမှောက်သွားတယ်လို့ ဒေသခံအရာရှိတွေကို ကိုးကားပြီး ဒေသတွင်း သတင်းဌာနတွေက ဖော်ပြပါတယ်။ မတော်တဆမှုမှာ ဒီဇင်ဘာ ၁၃ ရက် ဒေသစံတော်ချိန် နံနက် ၆ နာရီ ၃၀ မိနစ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ရထားဟာ  အန်ကာရာမြို့ကနေ တူရကီအနောက်ပိုင်းရှိ ကွန်ရာမြို့သို့ သွားရောက်မှာဖြစ်ပြီး အန်ကာရာရှိ ဘူတာကြီးကနေ ငါးမိုင်အကွာရှိ မာဆန်ဒိ မီးရထားဘူတာရုံမှာ မတော်တဆ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ လူ ၄၃…

Read More

၂၀ကျော် အစိတ်ပိုင်းပေမယ့် အရွယ်တော်တစ်စိတ် မဟိုင်းသေးတဲ့ မမတွေလိုပဲ ၊ စွဲဆောင်မှု အပြည့်ရှိဦး မယ်လို့ ဆိုတဲ့စိုင်းစိုင်း

ရန်ကုန် ဒီဇင်ဘာ ၁၃-၂၀၁၈ သင်းသဒ္ဒါ(VOM) ပရိသတ်အချစ်တော် သရုပ်ဆောင် အဆိုတော် စိုင်းစိုင်းကတော့  “၂၀ကျော် အစိတ်ပိုင်းပေမယ့် အရွယ်  တော်တစ်စိတ် မဟိုင်းသေးတဲ့ မမတွေလိုပဲ ၊ စွဲဆောင်မှုအပြည့်ရှိဦးမယ်လို့ ယုံကြည်ပါတယ်လို့ဆိုပါတယ်။ ရည်းစားတစ်ဝမ်းကွဲ ဇာတ်ကားနဲ့ ပတ်သတ်ပြီးတော့ ” ဒီဇာတ်ကားက ကျွန်တော်ဒီကားကို လွန်ခဲ့တဲ့ ၆နှစ်ကျော်ကရိုက်ထားတာပါ၊ အခုပြန်ကြည့်တဲ့အချိန်မှာလည်း မဟောင်းသေးဘူး၊ ကြည့်ရတာလတ်ဆတ်နေ တုန်းပဲရှိသေးတယ်၊ ဘယ်သူ့မှမကြည့်ရသေးဘူး၊ အဲ့ဒါကြောင့် ကျွန်တော်ကအပျိုကြီးမမနဲ့တူတယ် ဆိုပြီးတော့ ချစ်စနိုးလေးနဲ့တင်စားထားတာပါ၊ အခုမှရိုက်ထားတဲ့ ကားလိုမျိုး အစမ်းကြီးတော့ ခေတ်မမီ တော့ဘူးပေါ့နော်၊ ဒါပေမယ့် မကြည့်ရသေးတဲ့အခါ ကျတော့အသစ်ပဲ”လို့ ဆိုပါတယ်။ သူ့ကတော့ Franzo , Heart & Soul Flim Production ရဲ့ အချစ်ဒရာမာဇာတ်လမ်းပုံစံ နဲ့ “ရည်းစားတစ်ဝမ်းကွဲ”ရုပ်ရှင်ဒီဇာတ်ကားထဲမှာ သူဌေးသားလးချမ်းသာတစ်ယောက်နေရာက ပါဝင်သရုပ်ဆောင် ထားတာလည်း ဖြစ်ပါတယ်။ဒီဇင်ဘာ ၂၁ရက်တွင်…

Read More

ဆရာများကို ကျောင်းဝင်ပေါက်စောင့်ခိုင်းမှု ပညာရေးဝန်ကြီးဌာနသို့ တိုင်ကြားမည်

မန္တလေး၊ ဒီဇင်ဘာ ၁၃-၂၀၁၈ လင်းလင်း(VOM) ရတနာပုံ တက္ကသိုလ်မှာ ဆရာ ဆရာမတွေကို ကျောင်းအဝင်ပေါက် စောင့်ခိုင်းနေတာနှင့် ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာနကို တိုင်ကြားမယ်လို့ ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသများ အဖွဲ့ချုပ်)က ကျောင်းသားတွေက ပြောပါတယ်။ ရတနာပုံ တက္ကသိုလ် လုံခြုံရေး၊သန့်ရှင်းရေး ဝန်ထမ်းတိုးမြှင့် ခန့်ထားရေး၊သန့်စင်ခန်းတွေ ပြုပြင်ပေးရေးနှင့် ပတ်သက်ပြီး ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသများ အဖွဲ့ချုပ်)မှ ကျောင်းသားတွေက နိုဝင်ဘာလ ၂၉ရက်နေ့မှာ ပထမအကြိမ် ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ဆရာ၊ဆရာမတွေကို ကျောင်းအဝင်ပေါက်တွေမှာ စစ်ဆေးစောင့်ဆိုင်းမှုတွေ ပြုလုပ်ခိုင်းခဲ့တာဖြစ်တယ်လို့ ကျောင်းသားတွေက ပြောပါတယ်။ “အ.ဆ.ည ကထုတ်ထားပြီးသား၊ ဆရာဆရာမတွေကို ဂိတ်ပေါက်စောင့်ခိုင်းတာ မလုပ်ရဘူးလို့ ထုတ်ထားပြီးသား၊ ဒါကို ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမောင်မောင်နိုင်က ချိုးဖောက်ပြီး လုပ်တယ်ပေါ့နော်၊အဲ့ဒီတော့ ဒေါက်တာမောင်မောင်နိုင်ကိုလည်း ကျွန်တော်တို့ ဒီနေရာကနေ ပြင်းပြင်းထန်ထန်ကန့်ကွက်တယ်၊ကျွန်တော်တို့က ညနေမှာ တိုင်စာပို့သွားမှာပါ၊ဒီ ဝန်ကြီးဌာနကိုပေါ့နော် “ဟု ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) မှ…

Read More

အမေရိကန်က လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်နေတယ်လို့ ဗင်နီဇွဲလားသမ္မတ မာဒူရိုစွပ်စွဲ

ကရာကတ်၊ ဒီဇင်ဘာ ၁၃-၂၀၁၈ မျိုးဆက် (VOM) အမေရိကန်သည် ၎င်းကို လုပ်ကြံသတ်ဖြတ်ပြီး ဗင်နီဇွဲလားအစိုးရကို ဖြုတ်ချဖို့  ကြံစည်နေတယ်လို့  ဗင်နီဇွဲလားသမ္မတ နီကိုလပ်မာဒူရိုက စွပ်စွဲပြောဆိုလိုက်ပါတယ်။ အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘော်တန်ဟာလည်း ဒီလိုကြံစည်ရာမှာ  ပါဝင်နေတယ်လို့ မာဒူရိုက သတင်းထောက်များကိုပြောဆိုပါတယ်။ဒါပေမယ့် ဒီကိစ္စနဲ့ ပတ်သက်တဲ့  သက်သေအထောက်အထား တစ်စုံတစ်ရာကိုတော့ ထုတ်ဖော် ပြောဆိုခဲ့ခြင်းမရှိပါဘူး။ ဗင်နီဇွဲလားသမ္မတ မာဒူရိုကို  လက်ဝဲယိမ်းအာဏာရှင်ခေါင်းဆောင်တစ်ဦးအဖြစ် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က သတ်မှတ်ထားပြီး အရေးယူပိတ်ဆို့မှုတွေ ချမှတ်ထားပါတယ်။ ဒါ့အပြင် ဗင်နီဇွဲလားသို့ ရုရှားဗုံးကြဲလေယာဉ်နှစ်စင်း လာရောက်တာနဲ့ ပတ်သက်ပြီး ယခုတစ်ပတ်အစောပိုင်းမှာ အမေရိကန်က ဝေဖန်ပြောဆိုပါတယ်။  ရုရှားဗုံးကြဲလေယာဉ်နှစ်စင်းဟာ နျူကလီးယားလက်နက်တွေကို သယ်ဆောင်နိုင်တဲ့ စွမ်းရည်ရှိတယ်လို့ ဆိုပါတယ်။ အမေရိကန်၊ ကိုလံဗီယာနဲ့ ဗင်နီဇွဲလားအတိုက်အခံတွေက ၎င်းကိုသတ်ဖြတ်ဖို့  ကြံစည်နေတယ်လို့ မာဒူရိုက ယခင်ကလည်းစွပ်စွဲပြောဆိုခဲ့ဖူးပါတယ်။ ဗင်နီဇွဲလားအစိုးရဟာ အမေရိကန်နဲ့ သဘောထားခြင်းမတိုက်ဆိုင်တဲ့ ရုရှား၊ တရုတ် အပါအ၀င်…

Read More

ဇာတ်ကားတွေ ခိုးကူးပြီးအွန်လိုင်းပေါ်ပြန့်သွားတဲ့အတွက် ရင်းနှီးမြှုပ်နှံသူတွေ တော်တော်ကိုတွန့်စေတယ်ဆိုတဲ့ ဇဏ်ခီ

ရန်ကုန် ဒီဇင်ဘာ ၁၃-၂၀၁၈ သင်းသဒ္ဒါ(VOM) ခီမောင်နှံတွေဖြစ်တဲ့ သရုပ်ဆောင် ဇဏ်ခီကတော့ ကျွန်တော်တို့ မြန်မာပြည်အတွင်းမှာ ဇာတ်ကား တွေ ခိုးကူးပြီးတော့ အွန်လိုင်းပေါ်ပြန့်သွားတဲ့အတွက် ရုပ်ရှင်ဇာတ်ကားတွေကို ရင်းနှီးမြှုပ်နှံသူအပိုင်း အတွက် တော်တော်ကိုတွန့်စေတယ်လို့ဆိုပါတယ်။ စင်ကာပူအထိ မြန်မာဇာတ်ကားတွေ လက်ရှိမှာ ထိုးဖောက်နေသလို အားဆီယံထိုးဖောက်မှုနဲ့ ပတ်သက်ပြီးတော့ “ကျွန်တော်တို့ market ကချဲ့ကိုချဲ့မှရမယ်၊မြန်မာပြည်မှာ ရုံကနည်းသေးတော့ ပြန်ရှာနိုင်မယ့်ပိုက် ဆံအတိုင်းအတာက ပြောရမယ်ဆိုရင် နောက်တစ်ကားထည့်ဖို့အတွက် မထည့်ရဲကြဘူး၊ ဘာလို့လည်း ဆိုတော့ထည့်မယ့် ပိုက်ဆံကရှိသည့်တိုင်အောင် မထည့်ရဲကြဘူး။ ပထမတစ်ချက်။ နောက်တစ် ချက်က အွန်လိုင်းပေါ်မှာ ပြန့်သွားရင်ကို ကျွန်တော်တို့ကပြဿနာရှိတယ်၊ ဥပမာ- ဥပါယ်တံမျဉ်တုန်းကဆိုရင် ပျံ့သွားတယ်၊ ဘာမှ လုပ်လို့မရဘူးဖြစ်နေတယ်၊ law အရလည်း ကျွန်တော်တို့ကို ကာကွယ်ပေးတာ မရှိဘူး၊အဖွဲ့အစည်းတွေကလည်း ဘာမှမလုပ်ပေးနိုင်ကြဘူး”လို့ ဆိုပါတယ်။ ဇဏ်ခီကတော့ ကိုယ်တိုင်ရေးထားတဲ့ ဇာတ်ညွှန်းဖြစ်တဲ့ Now & Ever…

Read More

တောင်ဇလပ်ပင်နှင့် အပွင့်များ ထိန်းသိမ်းရေး လှုပ်ရှားမှု ပြုလုပ်

တီးတိန် ဒီဇင်ဘာ ၁၃-၂၀၁၈ မိုင်ချယ်ရီ(VOM) ချင်းပြည်နယ် တီးတိန်မြို့နယ် အတွင်းမှာ ရှိတဲ့ ကနေဒီတောင်တန်းပေါ်မှာ ပေါက်ရောက်တဲ့ တောင်ဇလပ်ပင်များ မခုတ်ရန် နှင့် တောင်ဇလပ်ပန်းပွင့်များကို မခူးယူစေရေး လှုပ်ရှားမှု အနေနဲ့ ကနေဒီစိမ်းလန်းစိုးပြေရေးအဖွဲ့က ဦးဆောင်ပြီးတော့ ဒီဇင်ဘာလ ၁၂ ရက်နေ့က ပြည်နယ်၏ သဘာဝအလှကို ထိန်းသိမ်းကြပါစို့ ဆိုတဲ့ စာသာတွေ ပါဝင်တဲ့ ဗီနိုင်းပိုစတာတွေ တောင်တန်းတစ်လျှောက်မှာ ရှိတဲ့ သစ်ပင်တွေမှာ လိုက်လံ ကပ်ထားတဲ့ လှုပ်ရှားမှု ကို ပြုလုပ်ခဲ့တယ်လို့ ကနေဒီစိမ်းလန်းစိုပြေရေးအဖွဲ့ မှ ဦးလှိုင်အောင် က ပြောပါတယ်။ ပြည်နယ်၏ သဘာဝအလှကို ထိန်းသိမ်းကြပါစို့ ဆိုတဲ့ စာသားတွေ ပါဝင်တဲ့ ချင်းဘာသာနဲ့ရော မြန်မာဘာသာ နဲ့ပါ ရေးထိုးထားတဲ့ ဗီနိုင်းအသေး အခု (၅၀)ကို ကနေဒီတောင်းတန်းတစ်လျှောက်မှာ ကပ်ထားခဲ့တာ ဖြစ်ပြီး ပြည်နယ်၏ သဘာဝအလှကို…

Read More

စည်တောင်ကျေးရွာမှ စစ်ဘေးရှောင်များယနေ့နေ့လည်က နေရပ်ပြန်

ဘူးသီးတောင်၊ ဒီဇင်ဘာ ၁၃-၂၀၁၈ ခိုင်လင်စံ(VOM) ရခိုင်ပြည်နယ် မြေက်ပိုင်းဒေသအတွင်း မြန်မာတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့အကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ အတွက် မြို့နယ်နှစ်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားရာနေရာတွေက ကျေးရွာသားတွေဟာ ဘေးလွတ်ရာကျေးရွာတွေကို ထွက်ပြေးခိုလှုခဲ့ကြပါတယ်။ အဲဒီစစ်ဘေးရှောင်တွေဟာ ပုဏ္ဏားကျွန်းမြို့နယ် ဖက်ဝမ်းချောင်းကျေးရွာနဲ့ ဘူးသီးတောင်မြို့နယ် ကံပြင်ကျေးရွာသားတွေ ဖြစ်ကြပြီး တိုက်ပွဲဖြစ်ပွားနေတဲ့အချိန်မှာ ယာယီတိမ်းရှောင်းခဲ့ကြတာဖြစ်ပါတယ်။ “ဒီနေ့တော့ ကျွန်တော်တို့ ဘူးသီးတောင်မြို့နယ်က စည်တောင်ကျေးရွာကို ရောက်ရှိနေသူတွေ နေရပ်ကိုပြန်နေကြပါပြီ၊ အခုပြန်နေတုန်းပါပဲ၊ မနက်ထမင်းစားပြီးတဲ့အချိန်ကနေ စပြန်ကြတာပါ၊ လောလောဆယ်တော့ တည်ငြိမ်နေတယ်လို့ ပြောရမှာပေါ့”လို့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းကစတင်ပြီး ဘူးသီးတောင်မြို့နယ်နဲ့ နယ်စပ်ဒေသတစ်လျှောက်မှာ တိုက်ပွဲတွေအပြင်းအထန် ဖြစ်ပွားခဲ့ပြီး ရှိမှာ တည်ငြိမ်နေပြီဖြစ်ကာ အဲဒီကျေးရွာသားတွေဟာ ဒီဇင်ဘာလ ၁၁ ရက်နေ့က ထွက်ပြေးလာခဲ့ကြတာ ဖြစ်ပါတယ်။ “အဲဒီလူတွေက စည်တောင်ကျေးရွာအုပ်စု ကံပြင်ကျေးရွာသားတွေဖြစ်ပါတယ်၊ တစ်ရွာတည်းက ထွက်ပြေးလာခဲ့ကြ တာပါ၊…

Read More

ညောင်ဦးကနေ နေပြည်တော်အထိ ချီတက်​မယ့်​ အလုပ်သမား သပိတ်စစ်ကြောင်း ဖြိုခွဲဖမ်းဆီးခံရ

ပုဂံ၊ ဒီဇင်​ဘာ ၁၃-၂၀၁၈ လင်းလင်း(VOM) ပုဂံ-သရပါ ဟိုတယ်က အလုပ်ထုတ်ပယ်ခံလိုက်ရတဲ့ အလုပ်သမားတွေကို အလုပ်ပြန်လည်ခန့်အပ်ပေးဖို့ ညောင်ဦးကနေ နေပြည်တော်အထိ ဒီကနေ့ မနက်လမ်းလျှောက်ချီတက် ဆန္ဒထုတ်ဖော်မယ့် အလုပ်သမား သပိတ်စစ်ကြောင်းကို ညောင်ဦးမြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်ကနေ သိရပါတယ်။ အလုပ်သမားသပိတ်စစ်ကြောင်းကို ဒီကနေ့ မနက် ၆ နာရီခန့်က စတင်ချီတက်ခဲ့တာဖြစ်ပြီး မနက် ၈ နာရီခွဲခန့်မှာပဲ တားမြစ် ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။အခုလိုဖမ်းဆီးခဲ့ရာမှာ အလုပ်သမားများအပါအဝင် ဝန်းရံသူ ၁၃ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့လည်း သိရပါတယ်။ “ကျွန်တော်တို့အနေနဲ့ကတော့ လုပ်စရာရှိတာ ဆက်လုပ်သွားမှာပါ”လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင်က ပြောပါတယ်။ အလုပ်သမား ၁၂ ဦးကို ဩဂုတ်လကတည်းက သရပါဟိုတယ်ကနေ ထုတ်ပယ်လိုက်တာနှင့် ပတ်သက်ပြီး အလုပ်သမားကိုးဦးကို…

Read More

ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်က တခြားဟာတွေနဲ့ မတူတဲ့ဖိအားပေးတာတွေ ရှိတယ်ဆိုတဲ့ ဘုဏ်းသိုက်

ရန်ကုန် ဒီဇင်ဘာ ၁၃ -၂၀၁၈ သင်းသဒ္ဒါ(VOM) သရုပ်ဆောင်ရော ဒါရိုက်တာပါ လုပ်ဆောင်နေတဲ့ ဘုဏ်းသိုက်ကတော့ ” ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားက တခြားဟာတွေ မတူညီတဲ့ဖိအားပေးတာတွေရှိတယ်လို့ဆိုပါတယ်။ ” အဓိကတော့ အန်ကယ်လေးရဲ့ လိုအပ်ချက်ကို ၀င်ဖြည့်ပေးတဲ့သဘောပါ၊ဗိုလ်ချုပ်ရုပ်ရှင်ကိုတော့ ကျွန်တော်တို့က မုန်းတဲ့ စိတ်နဲ့ မဟုတ်ပဲ ချစ်တဲ့စိတ်နဲ့ အကောင်းဆုံးပုံဖော်မှာပါ”လို့ ဆိုပါတယ်။ ဗိုလ်ချုပ်ရုပ်ရှင် အတ္ထုပ္ပတ္တိဇာတ်ညွှန်းကိုတော့ အကယ်ဒမီလူမင်း လိုအပ်ချက်ကိုဖြည့်တဲ့အနေနဲ့  ကျွန်တော်ရယ် ၊ ကိုအောင်ကြီး နှစ်ယောက်ရေးဖြစ်နေတယ်လို့လည်း သိရပါတယ်။ ဇာတ်ညွှန်းပိုင်းပတ်သက်ပြီးတော့  ” ဗိုလ်ချုပ်ရုပ်ရှင်အပေါ် ကိုယ့်တာဝန်ယူစိတ်က ကိုယ့်ကိုဖိအားပေးတာပါ၊ ဇာတ်ကားတွေနဲ့စာရင်း ဒီဟာကတစ်နိုင်ငံလုံးက အထွတ်အမြတ်ထားတဲ့ ဗိုလ်ချုပ်ရဲ့ ဇာတ်မျိုးစိန်ခေါ်မှု ပိုများတယ်၊ကိုယ့်ဘက်က စိုက်ထုတ်ရတဲ့ အားပမာဏက စိတ်ရော၊လူရောများတယ်၊တခြားအလုပ်လုပ်မယ်လို့ တည်ထားတွေအကုန်လုံး နောက်ကိုဆုတ်ပြီး ဒီဇာတ်အတွက် အခန်းတစ်ခန်းထဲမှာ ပိတ်ပြီးတော့ဘယ်မှမသွားပဲ လနဲ့ချီပြီးတော့ အားထုတ်နေပါတယ်”လို့ဆိုပါတယ်။ လက်ရှိ အစိုးရအနေဖြင့် ဗိုလ်ချူပ်အောင်ဆန်းအတ္ထုပ္ပတ္တိကို အရှိကို အရှိအတိုင်း…

Read More
VOM News

FREE
VIEW