အင်္ဂလိပ်သီချင်းခွေထုတ်တာနဲ့ ပတ်သက်ပြီး ပြောလာတဲ့ အိမ့်ချစ်

ရန်ကုန် ဒီဇင်ဘာ ၁၃-၂၀၁၈

သင်းသဒ္ဒါ(VOM)

ပရိသတ်အချစ်တော် အဆိုတော် အိမ့်ချစ်ကတော့ “Slay”Audio CD Albumက အိမ့်ချစ်အနေနဲ့ ဂီတကို ပြောင်းလဲမှုတစ်ခု ဖန်တီးဖြစ်တာပါလို့ဆိုပါတယ်။

အင်္ဂလိပ် သီချင်းခွေလေးထုတ်ဖြစ်တဲ့အကြောင်းနဲ့ ပတ်သက်ပြီးတော့”အဓိကတော့ အိမ့်ချစ်ရဲ့ ဘ၀မှတ်တိုင်အဖြစ်နဲ့ ထုတ်ဖြစ်တာပါ၊ အင်တာနေရှင်နယ်ကို ထိုးဖောက်နိုင်မယ့် အခွင့်အရေးလေးကို တစ်ထောင်တစ်နေရာက ကြိုးစားခဲ့တယ်ဆိုတဲ့ မှတ်တမ်းလေးတစ်ခုရှိချင်တယ်၊ အိမ့်ချစ် ရဲ့ အခွေတွေက မဖြစ်မနေအောင်မြင်ရမယ်ဆိုတဲ့ ကြီးကြီးကျယ်ကျယ် စဉ်းစားပြီးလုပ်တာ မဟုတ်ပါဘူး၊ အိမ့်ချစ်ရဲ့ အခွေသည် နိုင်ငံတကာအဆင့်မီအောင် ကြိုးစားပြီး လုပ်ဆောင်ကြည့်တာပါ၊ အိမ့်ချစ် က လည်း ပြည်ပမှာလည်း ကျယ်ပြန့်ပြီးတော့ တစ်ထောင်တစ်နေရာက ကူညီတဲ့သဘောနဲ့ လုပ်ဆောင် ဖြစ်တာပါ၊ တကယ်ကိုနိုင်ငံတစ်ကာအဆင့်အတန်းမှီအောင် ရေးထားပါတယ်”လို့ဆိုပါတယ်။

သူမကတော့ဂီတသက်တမ်း(၁၄)နှစ်ရှိပြီး မဖြစ်နိုင်ဘူးဆိုတဲ့ စိတ်ကြီးကဖြစ်ခဲ့ပေမယ့်လည်း နောက်ပိုင်းကျတော့ အိမ့်ချစ်ထက်သတ္တိပိုရှိတဲ့လူငယ်တွေ ထွက်လာကြတယ် ၊အင်္ဂလိပ်လိုတွေရေးထုတ်ကြတယ်သူပေါ်လာတဲ့ အင်အားတစ်ခုဖြစ်လာစေခဲ့ တယ်လို့သိရပါတယ်။

”ဂီတလောကအတွက်ကို တာဝန်ရှိတဲ့ လူတစ်ယောက်အနေနဲ့ အိမ့်ချစ် ခြေလှမ်းသစ်တစ်ခုကို နယ်ချဲ့ပေးတဲ့သဘောပါ၊ မြန်မာသီချင်းပဲဖြစ်နေတဲ့အတွက်မြန်မာပရိတ်သတ်ပဲ နားထောင်တဲ့အတွက် အိမ့်ချစ်တို့ဘယ်လိုမှ နယ်မချဲ့နိုင်ဘူး၊အိမ့်ချစ်ကတိုးချဲ့နိုင်မယ်ပြောတာမဟုတ်ပါဘူး၊အိမ်ချစ်ထက် ပိုတော်တဲ့သူပေါ်လာလို့ရှိရင် အဲ့ဒီတော်လာတဲ့သူက တိုးချဲ့ရင်တိုးချဲ့နိုင်မယ်၊ နောက်ထက်ခေတ်တွေခေတ်တွေပြောင်းလာတာနဲ့အမျှနောက်ထက်လူငယ်တွေအတွက်ပေါ်လာမဲ့လမ်းစလေးဖောက်ပေးတဲ့သဘောပါ၊ ပရိသတ်တွေကိုအင်္ဂလိပ်သီချင်းဖြစ်တဲ့အတွက်ကြောင့်မလို့ လာပါလာပါ ဝယ်ပါဝယ်ပါဆိုပြီးအတင်းကြီးပိုက်ဆံယူပြီးနားထောင်ခိုင်တဲ့ဟာမျိုးမလုပ်စေချင်ဘူး၊စိတ်ဆန္ဒအရနားထောင်ချင်တဲ့ ပရိသတ်ကိုဘဲနားထောင်ပါစေဆိုတဲ့စိတ်နဲ့ဘဲ ပရိသတ်ကိုအခွေဖြန့်တာပါ”လို့သူမကဆိုပါတယ်။

စတုထ္တမြောက် Slay သီချင်းခွေမှာကတော့ သီချင်း(၈)ပုဒ်ပါပြီးတော့ အိမ့်ချစ်ကသီချင်း(၇)ပုဒ်က အိမ့်ချစ်ကိုယ်တိုင်ရေးထားတာလည်းဖြစ်ပါတယ်။ အဆိုပါခွေကိုတော့ ဒီဇင်ဘာ(၁၅)ရက်နေ့မှာတော့  M United ကနေဘဲမြန်မာတစ်နိုင်ငံလုံးကိုဖြန့်မယ်လို့သိရပါတယ်။

#voiceofmyanmar#အိမ့်ချစ်#

ဓာတ်ပုံ -သင်းသဒ္ဒါ

Related posts

Leave a Comment

VOM News

FREE
VIEW